How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်ခါပုံထည့်လို့ရတဲ့paper photo frameတစ်ခုပြုလုပ်ထားပါတယ်။ဆန်းဆန်းပြားပြားလှပစွာပြုလုပ်ထားပြီး၊ပန်းပွင့်များဖြင့်လည်းအလှဆင်ထားပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကရောင်စုံစာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံ၊ပလပ်စတစ်ဘူးခွံစသဖြင့်လိုအပ်ပါတယ်။

ပထမအဆင့်မှာတော့အနီနှင့်အပြာရောင်စာရွက်အပိုင်းများဖြတ်မယ်။ပြီးနောက်အလယ်မှခေါက်ချိုးမယ်။ကော်ကပ်ရန်နေရာချန်ပြီး၊စာရွက်ကိုအပိုင်းငယ်များထပ်မံဖြတ်မယ်။စာရွက်ခေါက်ကိုဖြန့်၍အနားတွေကိုကော်ကပ်မယ်။ထိုနည်းအတိုင်းစက္ကူခေါက်သုံးခုပြုလုပ်ပြီး၊ပလပ်စတစ်ဘူးခွံကိုမှောက်၍စာရွက်ခေါက်တွေကိုတစ်ခုစီကော်ကပ်လိုက်ပါတယ်။ပြီးတော့ကတ်ထူကိုစက်ဝိုင်းပုံစံဘောင်အတွက်ဖြတ်မယ်။ကျောဘက်မှာကော်ကပ်ထားရန်အခြားကတ်ထူတစ်ခုကိုလည်းဖြတ်မယ်။ထိုကတ်ထူတွေကိုရောင်စုံစာရွက်ကော်ကပ်ပါ့မယ်။ဓာတ်ပုံဘောင်မှာကျောဘက်မှကော်ကပ်ရန်
photo standအဖြစ်ကတ်ထူကိုသုံးခေါက်ချိုးပြီး၊ရောင်စုံစာရွက်ကော်ကပ်ထားပါတယ်။

ဒီအဆင့်မှာတော့ပန်းပွင့်များနှင့်အရွက်များပြုလုပ်မယ်။ပန်းပွင့်ပြုလုပ်နည်းကစာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊အလယ်မှတစ်ဝက်တိတိ၊ထောင့်စွန်းနှစ်ဘက်မှခေါက်၍ပုံပါအတိုင်းအတွင်းသို့ခေါက်ပါတယ်။ပြီးနောက်အစွန်းမှအနည်းငယ်ခေါက်၍စာရွက်ကိုပြန်ဖြန့်ကာ၊ပုံပါအတိုင်းဆက်လက်ခေါက်ရပါတယ်။ရလာတဲ့စာရွက်ခေါက်ရဲ့ဘေးဘက်အစွန်းတွေကိုဆက်လက်ခေါက်ပြီး၊အတွင်းဘက်သို့ပြန်ခေါက်မယ်။အနားတွေကိုခဲတံဒါမှမဟုတ်ပေတံသုံး၍အတွင်းသို့ကွေး၍ခေါက်လိုက်ပါတယ်။စုစုပေါင်းသုံးပွင့်ခေါက်မှာပါ။အစိမ်းရောင်အရွက်များလည်းဖြတ်ပြီး၊ပန်းပွင့်အရွက်များနှင့်ဘောင်ပေါ်အလှဆင်ကော်ကပ်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှပါပေတယ်ဗျာ

Posted using Partiko Android

ဟုတ်ကဲ့...ဆက်ကြိုးစားပါ့မယ်....ကျေးဇူးပါ...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

ဒီဇိုင်းတွေ တစ်မျိုးပြီး တစ်မျိုး မရိုးရပါဘူးကွယ်

ကျေးဇူးပါ....ဆက်ကြိုးစားပါ့မယ်

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87