How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့စက္ကူများဖြင့်​ပုံ​လေး​တွေထည့်​လို့ရ​အောင်​ဓာတ်​ပုံ​ဘောင်​တစ်​ခုပြုလုပ်​ထားပါတယ်​။ပြီး​တော့နှင်းဆီပွင့်​၊အရွက်​များဖြင့်​အလှဆင်​ထားပါတယ်​။ပြုလုပ်​နည်းကို​တော့ပုံနှင့်​စာတွဲ၍​ဖော်​ပြ​ပေးထားပါတယ်​။

ပထမအဆင့်​မှာ​တော့အ၀ါ​ရောင်​နှင့်​ခရမ်း​ရောင်​စာရွက်​၊ကတ်​ထူတို့ကိုယူပြီးတူညီတဲ့ကတ်​ထူအပိုင်းရှစ်​ခုပြုလုပ်​ပါတယ်​။အ၀ါ​ရောင်​​လေးခုနှင့်​ခရမ်း​ရောင်​​လေးခုပါ။ခရမ်း​ရောင်​​လေးခုကို​လေး​ထောင့်​ပုံစံရ​အောင်​​ကော်​ကပ်​လိုက်​တယ်​။အ၀ါ​ရောင်​ကတ်​ထူ​လေးခုကို​တော့ခရမ်း​ရောင်​ကတ်​ထူ​ပေါ်ပုံပါအတိုင်းပုံစံ​ဖော်​ပြီးလိုအပ်​တဲ့​နေရာ​ကော်​ကပ်​ပါတယ်​။ကျောဘက်​မှာ​ကော်​ကပ်​ရန်​ကတ်​ထူနှင့်​လိ​မ္မော်​​ရောင်​စာရွက်​တို့ဖြင့်​​ကော်​ကပ်​ထားလိုက်​ပါတယ်​။ဆက်​လက်​ပြီးနှင်းဆီပွင့်​နှင့်​အရွက်​များပြုလုပ်​မယ်​။

ပန်းပွင့်​ပြုလုပ်​နည်းကစာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊​ထောင့်​ဖြတ်​နှင့်​အလယ်​မှတစ်​၀က်​တိတိ​ခေါက်​ကာ၊အတွင်းသို့​ခေါက်​လိုက်​တယ်​။ပြီး​တော့နှင်းဆီပွင့်​ဖြစ်​​အောင်​ပုံပြထားတဲ့အတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​တယ်​။ပန်းပွင့်​ပုံရရင်​​တော့အနား​လေး​တွေကို​ဘောလ်​ပင်​သုံးပြီးအတွင်းဘက်​သို့​ခေါက်​လိုက်​တယ်​။စုစု​ပေါင်းငါးပွင့်​ပြုလုပ်​ပါတယ်​။အရွယ်​တူအနီ​ရောင်​​လေးပွင့်​နှင့်​ပန်း​ရောင်​တစ်​ပွင့်​ပါ။ပန်း​ရောင်​နှင်းဆီပွင့်​ကို​တော့အရွယ်​အစားအနည်းငယ်​ကြီး၍ပြုလုပ်​ပါတယ်​။ပြီး​နောက်​အစိမ်း​ရောင်​စာရွက်​ဖြင့်​အရွက်​ပုံ​လေး​တွေဖြတ်​တယ်​။ပန်းပွင့်​အရွက်​များကိုအလှဆင်​​ကော်​ကပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှချက်အေ

Posted using Partiko Android

လှတယ်​ဆိုလို့​ပျော်​ပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63519.79
ETH 3073.58
USDT 1.00
SBD 3.82