How to Make Paper Pop-up Card

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့လက်​​ဆောင်​​ပေးနိုင်​တဲ့paper pop-up cardပြုလုပ်​ထားပါတယ်​။ကတ်​ထူကိုတွန့်​​ခေါက်​ပြီး၊အဆင့်​ဆင့်​​ခေါက်​ကာတစ်​ကွက်​စီမှာမိမိနှစ်​သက်​တဲ့စာလုံးများ​ရေးနိုင်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊ဖဲကြိုး၊tapeစသဖြင့်​လိုအပ်​ပါတယ်​။

img1546936683670.jpg

img1546936735555.jpg

ပထမအဆင့်​မှာ​တော့5cm,30cmအတိုင်းအတာရှိကတ်​ထူ​လေးခုဖြတ်​မယ်​။ထိုကတ်​ထူ​လေးခု​ကိုအစိမ်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​မယ်​။ပြီး​တော့5cmစီအကွက်​​ခြောက်​ကွက်​တိုင်းပြီးမျဉ်းဆွဲမယ်​။ဆက်​လက်​ပြီး4cmပတ်​လည်​အနီ​ရောင်​စာရွက်​များဖြတ်​ပြီးတစ်​ကွက်​စီမှာပုံပါအတိုင်း​ကော်​ကပ်​မယ်​။အကွက်​​ခြောက်​ကွက်​မှာငါးကွက်​ကိုပဲအနီ​ရောင်​စာရွက်​ကပ်​ရမှာပါ။

IMG_20190105_154040.jpg

IMG_20190105_154107.jpg

IMG_20190105_160311.jpg

IMG_20190105_160845.jpg

ဒီအဆင့်​မှာ​တော့အလျား15cmအနံ15cmတိုင်း၍ကတ်​ထူတစ်​ခုဖြတ်​ရမယ်​။ကတ်​ထူကိုခရမ်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​မယ်​။ထိုကတ်​ထူ​ပေါ်မှာအစိမ်း​ရောင်​စာရွက်​ကိုအလျား14cmအနံ14cmဖြတ်​၍ထပ်​မံ​ကော်​ကပ်​ပါ့မယ်​။ထိုကတ်​ထူ​ပေါ်ခုနကပြုလုပ်​ထားတဲ့ကတ်​ထူငယ်​​လေးခုကို(အနီ​ရောင်​စာရွက်​ကပ်​မထားတဲ့​နေရာမှာ)​ကော်​ကပ်​ပြီး၊ပုံပါအတိုင်း​နေရာချကာ​ကော်​ကပ်​လိုက်​ပါတယ်​။အ​ပေါ်ဆုံးအဆင့်​မှာထားဖို့အတွက်​ကတ်​ထူနှင့်​အနီ​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊2cmအကျယ်​ရှိစက္ကူအပိုင်းနှစ်​ပိုင်းဖြတ်​ကာအ​ပေါင်းလက္ခဏာပုံစံထား၍​ကော်​ကပ်​လိုက်​ပါတယ်​။အလယ်​မှာဖဲကြိုးထည့်​ရန်​စက္ကူ​ဖောက်​စက်​ဖြင့်​​ဖောက်​ပြီး၊ဖဲကြိုးထည့်​ကာ၊​ကျောဘက်​မှာဖဲကြိုးစကိုတစ်​ဘက်​စီမှာtapeဖြင့်​ကပ်​မယ်​။ပြီး​နောက်​အနီ​ရောင်​စာရွက်​ဖြင့်​ထပ်​မံကပ်​ရမယ်​။ထိုစက္ကူ​ခေါက်​ကိုကတ်​ထူအဆင့်​ရဲ့အ​ပေါ်ဆုံး​နေရာမှာပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။ဖဲကြိုးစကိုဆွဲတင်​လိုက်​ရင်​စက္ကူ​ခေါက်​ချိုး​လေး​တွေ​ပေါ်လာမှာပါ။ထိုစက္ကူ​ခေါက်​ရဲ့အနီ​ရောင်​အကွက်​​လေး​တွေမှာမိမိနှစ်​သက်​ရာစာလုံးများ​ရေးနိုင်​ပါတယ်​။

IMG_20190105_161951.jpg

IMG_20190106_110423.jpg

IMG_20190106_110846.jpg

IMG_20190106_111010.jpg

IMG_20190106_111242.jpg

IMG_20190106_111510.jpg

IMG_20190106_111523.jpg

IMG_20190106_114645.jpg

img1546936784189.jpg

img1546936823759.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အယ်​..တမျိုး​လေးဟဲ့ လုပ်​ရတာလက်​ဝင်​မှာ​ပေါ့ ​နော့

အင်း...လက်​​တော့နဲနဲဝင်​တယ်​....အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

အစိမ်းနဲ့ အနီ လှတယ်နော်

အင်း....အနီအစိမ်းအ​ရောင်​နှစ်​မျိုး​လေးပါ....​ကျေးဇူးပါ....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ဒါလေးက တမျိုးလှပါတယ်

ဟုတ်​ကဲ့....​ကျေးဇူးပါ....
လှတယ်​ဆိုလို့​ပျော်​ပါတယ်​....😊

Posted using Partiko Android

လှပကောင်းမွန်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်။အရောင်းလေးတွေလည်း လှပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့....ခုလိုအား​ပေးလို့​ကျေးဇူးပါ....

Posted using Partiko Android

ဆက်​ပြီးအသစ်​အဆန်း​လေး​တွေကြိုးစားပါ့မယ်​....

Posted using Partiko Android

ပုံလေးတွေကြည့်သွားခဲ့သည်😁😁
အခုအချိန်ထိ စက္ကူခေါက်နိုင်တုန်းမို့ လေးစားပါတယ်ဗျ

Posted using Partiko Android

ဟုတ်​ကဲ့...ဆက်​ပြီးလည်းကြိုးစားပါ့မယ်​...

Posted using Partiko Android

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37