How to Make Paper Postcard

in #myanmar6 years ago

ဒီတစ်​ခါ​တော့စက္ကူများနှင့်​ကဒ်​တစ်​ခုပြုလုပ်​ဖြစ်​တာပါ။ကဒ်​ရဲ့အတွင်းဘက်​မှာမှတ်​စု​လေး​တွေ​ရေးမှတ်​နိုင်​သလို၊အပြင်​ဘက်​မှာလည်းစာရွက်​အတိုအစများထည့်​နိုင်​​အောင်​အိတ်​ပုံစံလိုမျိုးပြုလုပ်​ထားပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူအသုံးပြုပြီး၊အလယ်​မှ​ခေါက်​ချိုးရတဲ့ကဒ်​တစ်​ခုပြုလုပ်​မယ်​။ပန်းပွင့်​သုံးပွင့်​ပြုလုပ်​၍အတွင်းဘက်​ထားရန်​စာအုပ်​ပုံစံနှစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ပြီး​တော့ကဒ်​ရဲ့အပြင်​ဘက်​မှာ​ကော်​ကပ်​ဖို့ပန်းစက္ကူသုံး၍အိတ်​တစ်​ခုပုံ​ဖော်​ပါ့မယ်​။

img1536426597328.jpg

ပထမဆုံးမှာ​တော့ကတ်​ထူကိုအပြင်​ဘက်​မှာလိ​မ္မော်​​ရောင်​၊အတွင်းဘက်​မှာအစိမ်း​ရောင်​​ကော်​ကပ်​လိုက်​ပါတယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊ကဒ်​ရဲ့ဘယ်​ညာမှာ​ထားဖို့အတွက်​စာအုပ်​ပုံစံနှစ်​ခုပြုလုပ်​မှာပါ။ပထမတစ်​ခုကပြုလုပ်​ပြီးသားစာအုပ်​ငယ်​တစ်​အုပ်​ယူ၍အဖုံးကိုအပြာ​ရောင်​စာရွက်​နှင့်​ကပ်​လိုက်​တယ်​။ပြီး​တော့အနီ​ရောင်​heart shape​လေးကပ်​လိုက်​တယ်​။

IMG_20180910_214121.jpg

IMG_20180904_113657.jpg

IMG_20180904_113737.jpg

ဆက်​လက်​ပြီး​ခေါက်​ချိုးလို့ရတဲ့ကဒ်​အေ​သးတစ်​ခုပြုလုပ်​ပါ့မယ်​။လိ​မ္မော်​​ရောင်​စာရွက်​ကိုညီညာတဲ့အပိုင်း​လေးပိုင်းရရန်​တွန့်​​ခေါက်​လိုက်​တယ်​။ပြီး​တော့ပုံမှာပြထားတဲ့အတိုင်း​ထောင့်​စွန်း​လေးခုကိုဖြတ်​လိုက်​တယ်​။ရှေ့ဆုံးစာမျက်​နာမှာ​တော့အပြာ​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊ဖဲကြိုးစနှစ်​စဖြတ်​၍ချည်​ထားလိုက်​ပါတယ်​။

IMG_20180904_114109.jpg

IMG_20180904_114359.jpg

IMG_20180904_114449.jpg

IMG_20180904_115420.jpg

ပြီး​နောက်​ပန်းပွင့်​များပြုလုပ်​ပါဦးမယ်​။အ၀ါ​ရောင်​စာရွက်​ကိုအပိုင်းငယ်​များဖြတ်​ပြီး၊အနားနှစ်​စကို​ကော်​ကပ်​လိုက်​တယ်​။ပြီး​တော့အ၀ါ​ရောင်​စက္ကူ​ခေါက်​​တွေကိုပန်းပွင့်​ပုံဖြစ်​​အောင်​​ကော်​ကပ်​လိုက်​တယ်​။အ၀ါ​ရောင်​ပန်းပွင့်​သုံးပွင့်​ပြုလုပ်​ပါ့မယ်​။

IMG_20180908_134720.jpg

IMG_20180908_140041.jpg

အပြင်​ဘက်​မှာလိုအပ်​တာ​တွေထည့်​နိုင်​​အောင်​အိတ်​ပုံစံ​ခေါက်​ပါ့မယ်​။ကတ်​ထူကိုပုံစံ​ဖော်​ကာဖြတ်​လိုက်​တယ်​။ပန်းစက္ကူ​ပေါ်​ကော်​ကပ်​ကာ၊အနား​တွေမှာ​တော့အစွန်းထွက်​ဖြတ်​လိုက်​တယ်​။ကော်​ကပ်​ရန်​အတွက်​ပါ။ပြီး​နောက်​ကဒ်​ရဲ့အပြင်​ဘက်​မှာညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180907_141730.jpg

IMG_20180907_142051.jpg

IMG_20180911_123925.jpg

img1536426881409.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှလိုက်တာ ညီမရေ

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ပျော်​ပါတယ်​....

ဒီဇိုင်း​လေး လန်းတယ်​ 😊😊

ဟုတ်​ကဲ့...ဆက်​ပြီးအလန်း​လေး​တွေပြုလုပ်​ပါဦးမယ်​...😊😊

3D လို့ ခေါ်လား ဘယ်လိုခေါ်လဲတော့မသိဘူး ကြည့်လိုက်ရင်တော့ စာအုပ်အတိုင်းပဲလေ လှန်ဖွင့်လိုက်ရင် ပန်းပွင့်တွေ ထွက်လာတာလေ အဲ့ဒါမျိုးလေးတွေ တင်ပေးပါဦး လုပ်တတ်ကြည့်ချင်လို့ 

ဟုတ်​ကဲ့...3D pop-upကဒ်​ပါ...ဖွင့်​လိုက်​ရင်​ရုပ်​ကြွ​ပေါ်လာသလိုမျိုးပါ....ပြုလုပ်​ပြီးပိုစ့်​တင်​ပါ့မယ်​....​ကျေးဇူးပါ

အို..မိုက်တယ်

ဟုတ်​ကဲ့...​ကျေးဇူးပါ...​နောက်​လည်းအမိုက်​စား​လေး​တွေဆက်​ပြုလုပ်​ပါဦးမယ်​....

@aster postကိုတော့ ဝေဖန်စရာမရှိတော့ပါ။အမြဲအားပေးလျက်ပါ

အမြဲအား​ပေးလို့​ကျေးဇူးပါ....ကြိုးစားပါဦးမယ်​...

မိုက်တယ်နော်

ဟုတ်​ကဲ့...​ကျေးဇူးပါ....

စာရွှက်တွေအများကြီးကုန်ပြီး အိမ်မှာ အရုပ်တွေ စက္ကူနဲ့ လုပ်ထားတဲ့ဟာလေးတွေ အများကြီး ဖြစ်နေလောက်ပြီ

အမှန်​ဘဲ.....ပြုလုပ်​ပြီးတာများ​နေပြီဆို​တော့က​လေး​တွေ​ပေးတာရှိသလိုကျန်​တာ​တွေကအိမ်​မှာ.....

ဒီု့  MSC အဖွဲ့မှာ​တော့ နင့်​ကိုမချီးကျုးဘဲမ​နေနိုင်​ဘူး
စတင်​ကတဲက ပညာတမျိုးတည်းဇွဲရှိရှိတင်​လာခဲ့တာ ​တော်​ရုံဇွဲနဲ့မရဘူး

ကိုယ်​​တွေလည်းဒါဘဲအားသန်​၊၀ါသနာပါ​တော့ဒီလို​လေး​တွေဘဲလုပ်​မိတယ်​....ချီးကျူးတယ်​ဆိုလို့​ပျော်​ပါတယ်​...

ဂွတ် ဂွတ် စိတ်ပါဝင်စားသူများအတွက်တော့ နည်းစနစ်လေးတွေ ပိုပိုရတာပေါ့

ဟုတ်​ပါတယ်​.....ဆက်​ကြိုးစားပါ့မယ်​....​ကျေးဇူးပါ....

hand made တွေဘာတွေအရင်က စိတ်မဝင်စားခဲ့ဘူး ခုမှ အတော်စိတ်ဝင်စားလာတယ်

Handmadeစိတ်​၀င်​စားတယ်​ဆိုလို့ဝမ်းသာပါတယ်​.....​ကျေးဇူးပါ.....

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05