How to Make Paper Wall Hanging

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​နှင်းဆီပွင့်​များနှင့်​အရွက်​​ပေါင်းစပ်​ကာပြုလုပ်​ထားတာပါ။နှင်းဆီအ​ရောင်​နှစ်​မျိုး၊အရွက်​များကိုကတ်​ထူအ၀ိုင်းသုံးခုဖြတ်​ကာ၊အ​ပေါ်မှာ​ကော်​ကပ်​အလှဆင်​ရင်းပုံစံတစ်​မျိုးဖြင့်​ပြုလုပ်​ထားတာပါ။ပြုလုပ်​ရမည့်​အဆင့်​လည်းနည်းပါတယ်​။ဒါ​ပေမဲ့နှင်းဆီပွင့်​အများကြီးပြုလုပ်​ရမှာပါ။လိုအပ်​တဲ့ပစ္စည်းများစုပါ့မယ်​။ကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊​ဘောလ်​ပင်​၊​ပေတံစသဖြင့်​လိုအပ်​တာပါ။

img1543215924412.jpg

img1543216117013.jpg

ပထမအဆင့်​မှာနှင်းဆီပွင့်​ပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကပန်း​ရောင်​၊လိ​မ္မော်​​ရောင်​စာရွက်​​တွေကိုတူညီတဲ့အပိုင်းများဖြတ်​ပြီး၊​အလယ်​မှ​ခေါက်​လိုက်​မယ်​။ပြီး​နောက်​စ​ခေါက်​တဲ့အခါပုံပါအတိုင်း​ခေါက်​ချိုးပြီးစရမှာပါ။ထို့​နောက်​​ခေါက်​ချိုးရင်းအတွင်းသို့​ခေါက်​ကာအဆုံးမှာ​ကော်​ကပ်​မယ်​။ထိုနည်းအတိုင်းနှင်းဆီပန်းပွင့်​​တွေပြုလုပ်​လိုက်​ပါတယ်​။တစ်​ဆက်​တည်းမှာအရွက်​ပြုလုပ်​ပါ့မယ်​။အစိမ်း​ရောင်​စာရွက်​ကိုအသုံးပြုပြီး၊​ခေါက်​ချိုးလိုက်​တယ်​။ဒီအ​ပေါ်မှာပုံဆွဲပြီး၊ကတ်​​ကြေးနှင့်​ဖြတ်​ကာ၊အစိမ်း​ရောင်​သစ်​ခက်​​လေး​တွေပြုလုပ်​လိုက်​ပါတယ်​။

IMG_20181124_130502.jpg

IMG_20181124_130515.jpg

IMG_20181124_130534.jpg

IMG_20181124_131113.jpg

IMG_20181124_104939.jpg

ပြီး​နောက်​ကတ်​ထူစာရွက်​ကိုသုံးပြီးမတူညီတဲ့စက်​၀ိုင်းပုံသုံးခုဖြတ်​ရမယ်​။ပြီး​တော့ဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ပထမဆုံးအရွက်​​လေး​တွေကပ်​မယ်​။ဒီအ​ပေါ်မှာနှင်းဆီပွင့်​​လေး​တွေစီကာ​ကော်​ကပ်​လိုက်​ပါတယ်​။နံရံမှာကပ်​၍အလှဆင်​နိုင်​ပါတယ်​။

IMG_20181124_105050.jpg

IMG_20181124_111457.jpg

img1543215968489.jpgimg1543215861074.jpgimg1543216026550.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ပန်း အနီရောင် နဲ့ပန်းရောင် အတွဲလေးကပိုလှပါတယ်လို့ ခံစားရပါတယ်။အလှအပလေးတွေဖန်တီးပေးနေတဲ့ စိတ်ကူးနဲ့ အရည်အချင်းကို လေးစားလျက်ပါအစ်မ။

ခုလိုအား​ပေးလို့ဆက်​ကြိုးစားပါ့မယ်​....​ကျေးဇူးပါ....

Posted using Partiko Android

တရက်​တမျိုး ရိုးကိုမရိုးရဘူးဗျို့

နောက်​လည်းမရိုး​အောင်​ကြိုးစားပါ့မယ်​....

Posted using Partiko Android

လက်ရာလေးတွေက တနေ့တခြားအလှတိုးလာသလို အနုစိပ်လည်း ဆန်လာတယ် ညီမရေ

Posted using Partiko Android

ဟုတ်​ကဲ့ပါ....ပို​လှလာတယ်​ဆိုလို့ဝမ်းသာပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

ကြိုးစားမှုကို လေးစားလျက်ပါညီမ။

ဟုတ်​ကဲ့ပါ...ဆက်​ကြိုးစားပါ့မယ်​....​ကျေးဇူးပါ....

Posted using Partiko Android

အမြင်​ဆန်း​လေးနဲ့ ပိုလှလာတယ်​ 😊

Posted using Partiko Android

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါ.....😊

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86