How to Make Paper Watermelon Accessories Holder

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့အတိုအထွာပစ္စည်း​လေး​တွေထည့်​နိုင်​​အောင်​accessories holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ဖရဲသီးပုံစံပြုလုပ်​ထားတာပါ။ပြုလုပ်​ရမည့်​အဆင့်​နည်းပြီးလွယ်​ကူပါတယ်​။ဖရဲသီးစိပ်​ပုံစံကတ်​ထူနှစ်​ခုကိုပြုလုပ်​ပြီး၊ကတ်​ထူဘူးခွံတစ်​ခုကိုအလယ်​မှာ​ကော်​ကပ်​၍အဆန်းအပြား​လေးဖြစ်​​အောင်​ပြုလုပ်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူဘူးခွံ၊အခြားကတ်​ထူနှစ်​ခု၊​ရောင်​စုံစာရွက်​၊​ဆေး​ရောငိခြယ်​ခဲတံ၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​ပါတယ်​။

ပထမအဆင့်​မှာ​တော့ဖရဲသီးပုံစံပြုလုပ်​ချင်​တာ​ကြောင့်​အနီ၊အစိမ်း၊အဖြူ​ရောင်​စာရွက်​​တွေကိုယူမယ်​။ပြီး​တော့ကတ်​ထူကိုဖရဲသီးစိပ်​ပုံအရွယ်​တူနှစ်​ခုဖြတ်​ကာ၊ကတ်​ထူရဲ့အနားနှင့်​အညီအစိမ်း​ရောင်​စာရွက်​ကိုဖြတ်​၍​ကော်​ကပ်​မယ်​။ပြီး​တော့အဖြူ​ရောင်​စာရွက်​ထပ်​မံဖြတ်​၍​ကော်​ကပ်​မယ်​။ပြီး​နောက်​အနီ​ရောင်​စာရွက်​ဆက်​လက်​​ကော်​ကပ်​ကာဖရဲသီးစိပ်​ပုံပြုလုပ်​လိုက်​ပါတယ်​။အရွယ်​တူပုံစံတူနှစ်​ခုပြုလုပ်​မှာပါ။ဆေး​ရောင်​ခြယ်​ခဲတံဖြင့်​ဖရဲသီး​စေ့​လေး​တွေထပ်​မံဆွဲလိုက်​ပါတယ်​။ဆက်​လက်​ပြီးကတ်​ထူဘူးခွံတစ်​ခုပြုလုပ်​မှာပါ။

ဒီအဆင့်​မှာ​တော့ကတ်​ထူဘူးခွံတစ်​ခုကိုယူကာ၊လိုအပ်​သလိုဖြတ်​၍အနီ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ခုနကပြုလုပ်​ပြီးတဲ့ဖရဲသီးပုံကတ်​ထူနှစ်​ခုဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဖရဲသီးအစေ့တွေကလည်း များထာ 😂

ဆွဲရင်းအရှိန်​လွန်​သွားတယ်​😂😂

Posted using Partiko Android

Post တိုင်းက ရောင်စုံလေးတွေနဲ့ ဆိုတော့ လှ နေ တော့တာပဲ။

ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်​....

Posted using Partiko Android

လလ. မမ😋

ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63706.21
ETH 3073.80
USDT 1.00
SBD 3.76