How to Make Pencil Holder & Mobile Stand

in #myanmar6 years ago

Pencil Holder & Mobile Stand

img1537016717886.jpg

ဒီတစ်​ခါပြုလုပ်​တာက​တော့စက္ကူဖြင့်​ပြုလုပ်​ထားတဲ့ခဲတံ၊​ဘောလ်​ပင်​ထည့်​လို့ရတာနှင့်​ဖုန်းထည့်​လို့ရတဲ့အရာတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကတ်​ထူ​တွေကိုဖြတ်​ပြီး၊ပုံစံ​ဖော်​ကာ၊လိပ်​ပြာနှစ်​​ကောင်​လည်း​ခေါက်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူဘူးခွံ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ရောင်​စုံစာရွက်​၊double tapeစသဖြင့်​လိုအပ်​တာပါ။

img1536936364623.jpg

ပထမဆုံးအလျားရှည်​​မျော​မျောပုံစံရှိတဲ့ကတ်​ထူဘူးခွံတစ်​ခုကိုအလယ်​မှတစ်​၀က်​တိတိဖြတ်​ကာ၊​ရှေ့ဘက်​မှာတစ်​​စောင်းပုံစံဖြတ်​လိုက်​တယ်​။ပြီး​နောက်​ဖြတ်​ထားတဲ့ကတ်​ထူနှစ်​ခုကို​ကော်​ကပ်​လိုက်​တယ်​။ခရမ်း​ရောင်​စာရွက်​နှင့်​ထပ်​မံ​ကော်​ကပ်​ကာ၊pencil holderတစ်​ခုပုံစံပြုလုပ်​လိုက်​ပါတယ်​။

IMG_20180914_121459.jpg

ပြီး​တော့ကတ်​ထူကို​ဘေးဘက်​အတွက်​နှစ်​ခု၊​ကျောဘက်​မှာထားရန်​ကတ်​ထူတစ်​ခု၊​ရှေ့ဘက်​အဖုံးအတွက်​ကတ်​ထူတစ်​ခု၊စုစု​ပေါင်း​လေးခုဖြတ်​လိုက်​တယ်​။mobile standပြုလုပ်​ရန်​အတွက်​ပါ။ဘေးဘက်​အကာနှစ်​ခုအတွက်​ကတ်​ထူမှာအပြာ​ရောင်​စက္ကူအလိပ်​များ​ခေါက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ပုံစံတကျဖြတ်​လိုက်​တယ်​။ရှေ့ဘက်​မှာ​တော့double tapeနဲ့ဖဲကြိုးကိုအနားကွပ်​လိုက်​ပါတယ်​။ကျောဘက်​မှာထားရန်​ကတ်​ထူကိုလည်းခရမ်း​ရောင်​စာရွက်​ထပ်​မံကပ်​လိုက်​ပါတယ်​။ရှေ့ဘက်​မှ​ကတ်​ထူကို​တော့အပြာ​ရောင်​စက္ကူအလိပ်​များ​ကော်​ကပ်​ပြီးမှ၊ဖဲကြိုးအနားကွပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးခုနကပြုလုပ်​ထားတဲ့pencil holderနဲ့mobile standကိုအတူထားရန်​၊ကတ်​ထူတစ်​ခုဖြတ်​လိုက်​ပါ​သေးတယ်​။ထိုကတ်​ထူကိုလည်းခရမ်း​ရောင်​စက္ကူဖြင့်​​ကော်​ကပ်​ပါတယ်​။ပြီး​တော့မှထိုကတ်​ထူ​ပေါ်mobile standဖြစ်​ရန်​double tapeသုံးပြီး​ကျောဘက်​၊​ဘေးနှစ်​ဘက်​၊​ရှေ့ဘက်​ကတ်​ထူ​တွေကိုတစ်​ခုနှင့်​တစ်​ခုဆက်​လိုက်​တယ်​။ပြီး​တော့mobile stand​ဘေးမှာpencil holderကို​ကော်​ကပ်​ထားလိုက်​ပါတယ်​။

IMG_20180913_150936.jpg

IMG_20180913_154518.jpg

IMG_20180914_121518.jpg

IMG_20180914_121532.jpg

လိပ်​ပြာပြုလုပ်​ရန်​စက္ကူ​ခေါက်​ပါဦးမယ်​။အစိမ်း​ရောင်​စာရွက်​ကိုအလျား၊အနံတူညီ​အောင်​ဖြတ်​ပြီး၊အလယ်​တည့်​တည့်​မှ​ခေါက်​လိုက်​မယ်​။ထိုအလယ်​မျဉ်းထိတစ်​ဘက်​စီမှစက္ကူစကိုယူပြီး​ခေါက်​ပါ့မယ်​။ထိုစက္ကူ​ခေါက်​ကိုအလယ်​မှတစ်​၀က်​ထပ်​မံ​ခေါက်​ချိုးပြီး၊အညီအမျှ​အပိုင်း​လေးခုရရန်​၊တစ်​ဘက်​စီမှ​ခေါက်​လိုက်​ပါတယ်​။ထို့​နောက်​ပုံပါအတိုင်3း/4အပြင်​ဘက်​သို့​ခေါက်​ပါ့မယ်​။အခြားတစ်​ဘက်​မှလည်းထိုနည်းတူ3/4​ခေါက်​ပါဦးမယ်​။ထိုစက္ကူ​ခေါက်​တစ်​ခုလုံးကိုတွန့်​​ခေါက်​လိုက်​ပါဦးမယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊စက္ကူအပိုင်းငယ်​နှစ်​ခုထပ်​မံဖြတ်​လိုက်​တယ်​။တစ်​ခုကို​တော့အလယ်​မှ​ခေါက်​ချိုး၍၊အဖျားနှစ်​စကိုအတွင်းသို့လိမ့့်​လိုက်​ပါတယ်​။ပြီး​တော့ခုနကစက္ကူ​ခေါက်​နှင့်​ထိုစက္ကူ​ခေါက်​ငယ်​ကိုအခြားစက္ကူအပိုင်းစတစ်​ခုဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းလိပ်​ပြာနှစ်​​ကောင်​ပြုလုပ်​လိုက်​ပါတယ်​။pencil holderမှာတစ်​ခု၊mobile standမှာတစ်​ခု​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180914_145039.jpg

IMG_20180914_145137.jpg

IMG_20180914_145222.jpg

IMG_20180914_145342.jpg

IMG_20180914_145656.jpg

IMG_20180914_145957.jpg

img1537016830301.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Congratulations @asterkame! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Thank you so much

နင့်​ကင်​မရာ တအား​ကောင်းတယ်​ ဖုန်းကင်​မရာလား ဟုပ်​​လောက်​ဖူး​နော်

ဟုတ်​တယ်​....ခုဖုန်းကင်​မရာနဲ့ရိုက်​ထားတာ​လေ....

လိပ်‌ ပြာ‌လေးနဲ့ ပို အသက်‌ဝင်‌တယ်‌။လှချက။

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ
ဒီတစ်​ခုကို​တော့တမျိုး​လေးဆန်း​အောင်​လိပ်​ပြာများနင့်​ပြုလုပ်​လိုက်​တယ်​.....

သွားတိုက်ဆေးဘူးလေးနက် အလှဆင် လှပါတယ်လို့😁

ဟုတ်​တယ်​...​ဆေးဘူးခွံ၊သွားတိုက်​​ဆေးဘူးခွံအကုန်​အသုံးဝင်​​နေတယ်​😝😁

သွားတိုက်ဆေးဘူးခွံ ရောင်းမယ် ☺☺

အဟီး...ပို့သာပို့လိုက်​ပါ...အသုံးဝင်​တယ်​....😁

လိပ်ပြာလေးကချစ်စရာ

ဟုတ်​တယ်​....​ကျေးဇူးပါ....😊

ဖုန်းထည့်ဖို့ခွက်လေးလိုနေတာနဲ့ အတော်ဘဲ စမ်းလုပ်ကြည့်မယ် ညီမရေ

ဟုတ်​ကဲ့...လုပ်​ကြည့်​ပါ...အသုံးဝင်​တယ်​ဆိုလို့ဝမ်းသာပါတယ်​​ကျေးဇူးပါ...

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29