မီးပုံးလှလှ​လေး​တွေလုပ်​ကြမယ်​။

in #myanmar6 years ago

ဒီတစ်​ခါလည်းမီးပုံပြုလုပ်​နည်း​နောက်​တစ်​နည်း​ဝေမျှလိုက်​ပါတယ်​။လွယ်​ကူစွာပြုလုပ်​နိုင်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊​ပေတံ၊ခဲတံစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့့်​အဆင့်​​တွေကစာရွက်​ကိုအ၀ိုင်းပုံလိပ်​ပြီး​ကော်​ကပ်​မယ်​။ပြီး​နောက်​အခြားစာရွက်​မှာအရွယ်​တူစက္ကူအပိုင်းများတိုင်းတာဖြတ်​ပြီး၊ခုနကစက္ကူအလိပ်​မှာ​ကော်​ကပ်​မယ်​။ချိတ်​ဆွဲလို့ရ​အောင်​ကြိုးပုံစံပြုလုပ်​ပြီး​ကော်​ကပ်​မယ်​။ပြုလုပ်​နည်းကိုတစ်​ဆင့်​ချင်းပုံများနှင့်​ပြထားပါတယ်​။

img1538893392726.jpg

ပထမဆုံးလိ​မ္မော်​​ရောင်​စာရွက်​ကိုအသုံးပြုပြီး၊အ၀ိုင်းပုံစက္ကူအလိပ်​​ခေါက်​လိုက်​တယ်​။အဆုံးမှာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181007_111352.jpg

ဒီအဆင့်​မှာစာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီး၊ညီညာ​အောင်​မျဉ်းတစ်​​ကြောင်းဆွဲလိုက်​ပါတယ်​။ဒီမျဉ်းအထိကိုစက္ကူအပိုင်းများပြုလုပ်​ရန်​တူညီတဲ့အမှတ်​များမှတ်​ပြီး၊ဖြတ်​လိုက်​တယ်​။စက္ကူ​ခေါက်​ကိုပြန်​ဖြန့်​ပြီး၊ခုနကပြုလုပ်​ပြီးတဲ့အ၀ိုင်းပုံစက္ကူအလိပ်​မှာ​အ​ပေါ်၊​အောက်​​ကော်​ကပ်​လိုက်​ပါတယ်​။အနားတစ်​​လျောက်​ကိုလည်းအခြားစက္ကူများနှင့်​အနားကွပ်​လိုက်​ပါတယ်​။ပြီး​နောက်​စာရွက်​ကိုပဲကြိုးပုံစံ​ခေါက်​၊​ကော်​ကပ်​ပြီး၊မီးပုံးမှာတစ်​ဘက်​စီ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181007_111844.jpg

IMG_20181007_112424.jpg

IMG_20181007_112758.jpg

img1538893357608.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဒီပုံလေးကို မနေ့ကကျောင်းသူလေးတစ်ယောက်လုပ်နေတာတွေ့တယ်၊သေးလို့တောင် ဖယောက်းတိုင်ထည့်ရင်မီးလောင်သွားမယ်ထင်တယ်လို့ပြောခဲ့သေးတယ်

Posted using Partiko Android

ဟုတ်​ပါတယ်​...အလယ်​ကစက္ကူအလိပ်​ကိုအကြီးလုပ်​သင့်​ပါတယ်​...ဒီမှာ​သေးသွားတယ်​...ဖ​ယောင်းတိုင်​နဲ့ဆိုအန္တရာယ်​ရှိတယ်​...လိုအပ်​တာ​တွေ​ပြောပြ​ပေးလို့​ကျေးဇူးပါ....

Posted using Partiko Android

မီးပုံးလှလှလေးတွေ ရောင်စုံ ထွန်း

Posted using Partiko Android

ရောင်​စုံမီးပုံးလှလှ​လေး​တွေ

Posted using Partiko Android

သီတင်းကျွတ်​အတွက်​...😊

Posted using Partiko Android

သီတင်းကျွတ်မှာနဲ့ အတော်ပဲ

ဟုတ်​ပါတယ်​..သီတင်းကျွတ်​အတွက်​ပါ...

Posted using Partiko Android

လှပါ့​အော့
လုပ်​တပ်​တဲ့သူ​တွေကြ

ကျေးဇူး...လှတယ်​ဆိုလို့😀

Posted using Partiko Android

လိုချင်‌စရာ သိမ်းထားချင်‌စရာ‌လေး‌တွေပါဘဲ။

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ.. .ဆက်​ကြိုးစားပါ့မယ်

Posted using Partiko Android

ဒီမီးပုံးလေးရဲ့ပုံစံကို ပိုကြိုက်သလိုလို ဒါပေမယ့် ဖယောင်းတိုင်ထောင်ပြီး မီးထွန်းဖို့တော့ ခက်မလားမသိဘူးနော်

ဟုတ်​ပါတယ်​...အလယ်​စက္ကူအလိပ်​ကိုsizeကြီးလိုက်​ရင်​ဖ​ယောင်းတိုင်​နဲ့ပိုအဆင်​​ပြေမယ်​​နော့...ပုံစံကြိုက်​တယ်​ဆိုလို့​ကျေးဇူးပါ...

Posted using Partiko Android

သီတင်းကျွတ်ပွဲတော် မီးပုံးလေးနဲ့ ပျော်

Posted using Partiko Android

်​...မီးပုံး​လေး​တွေထွန်းပြီး​ပျော်​စရာသီတင်းကျွတ်​ပါ...

Posted using Partiko Android

ဒါလေးလည်း အလယ်က ဖောင်းဖောင်းလေးနဲ့ တမျိုးလှတယ် ညီမ

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ပျော်​ပါတယ်​...
ဆက်​ကြိုးစားပါ့မယ်

Posted using Partiko Android

လှလှ အမျှင်စိတ်လိုက်ရင်ရောဟင် ။

အမျှင်​စိတ်​ရင်​ပိုလှမယ်​​နော့...ခုကနည်းနည်းကျဲသွားတယ်​...

Posted using Partiko Android

ဒီအချိန်နဲ့ အလိုက်ဖက်ဆုံး ပစ္စည်းလေးတွေကို လုပ်ပြပေးနေတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီမီးပုံးလေးလည်း လှတာပါပဲအစ်မ။

ဟုတ်​ကဲ့...​ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်​...

Posted using Partiko Android

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66753.89
ETH 3256.47
USDT 1.00
SBD 4.34