How to Make Paper Wall Hanging

in #myanmar6 years ago

Paper Wall Hanging

img1536762868579.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​ချိတ်​ဆွဲနိုင်​တဲ့paper wall hangingတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။နှင်းဆီပန်းပွင့်​​တွေနှင့်​အရွက်​ကို​တော့ပုံစံတမျိုးဖြင့်​ပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူဘူးခွံအ၀ိုင်းပုံစံ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ဖဲကြိုး၊​ဘောလ်​ပင်​၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူဘူးခွံအ၀ိုင်းကိုဖြတ်​၍သစ်​ရွက်​ပုံစံပြုလုပ်​မယ်​။နှင်းဆီပန်းပွင့်​များပြုလုပ်​မယ်​။ပြီး​တော့ဖဲကြိုးနှင့်​ဆက်​ရမယ်​။

img1536762657602.jpg

ပထမဆုံးအ​နေနှင့်​ကတ်​ထူဘူးခွံအ၀ိုင်းတစ်​ခုကိုပုံပါအတိုင်းလိုအပ်​သလိုဖြတ်​လိုက်​မယ်​။အရွက်​ပုံစံပြုလုပ်​ချင်​တာ​ကြောင့်​အတွင်းဘက်​ကိုအစိမ်း​ရောင်​​ကော်​ကပ်​ရမယ်​။အပြင်​ဘက်​မှာ​တော့မိမိနှစ်​သက်​သလိုအ​ရောင်​တစ်​ခုခု​ကော်​ကပ်​နိုင်​ပါတယ်​။ပြီး​နောက်​တူညီတဲ့အကွက်​များရ​အောင်​မျဉ်းဆွဲလိုက်​ပါတယ်​။အနား​တွေကို​တော့အရွက်​ပုံစံရ​အောင်​အချွန်​​လေး​တွေဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​သစ်​ရွက်​ပုံစံ​ပေါ်​အောင်​အနက်​​ရောင်​​ဆေးခြယ်​လိုက်​တယ်​။

IMG_20180911_165558.jpg

IMG_20180911_170907.jpg

IMG_20180911_172114.jpg

နှင်းဆီပန်းပွင့်​​တွေပြုလုပ်​ပါဦးမယ်​။A4sizeစာရွက်​ကို​ခေါက်​ချိုးလိုက်​ပြီး၊အ​ပေါ်မှာစက်​၀ိုင်းပုံစံအထပ်​ထပ်​ဆွဲကာဖြတ်​လိုက်​တယ်​။ဒါဆိုရင်​တစ်​ကြိမ်​တည်းနှင့်​ပန်းပွင့်​​လေးပွင့်​ရရှိမှာပါ။ဖြတ်​ထားတဲ့စက္ကူစကိုအဖျားမှစ၍အတွင်းဘက်​သို့​ခေါက်​ပြီးအဆုံးမှာ​ကော်​ကပ်​လိုက်​တယ်​။ဒီနည်းအတိုင်းနှင်းဆီပွင့်​များပြုလုပ်​ပြီး၊ခုနကအရွက်​ပုံဖန်​တီးထားတဲ့ကတ်​ထူအလယ်​မှာပန်းပွင့်​များ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180911_172832.jpg

IMG_20180912_132043.jpg

ပြီး​တော့ဖဲကြိုးတစ်​စယူပြီး​ခေါက်​ချိုး၍tapeနဲ့​ကျောဘက်​မှာခိုင်​ခံ့စွာကပ်​လိုက်​တယ်​။ရှေ့ဘက်​မှာ​တော့ဖဲကြိုးစမှာနှင်းဆီတစ်​ပွင့်​ထပ်​မံ​ကပ်​လိုက်​ပါတယ်​။

IMG_20180917_130319.jpg

img1536762760541.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ဒါလည်းလှတာပဲ အဏုမြူဆေးလေးတွေ ထည့်ထားရင် အမှောင်ထဲမှာလဲ မြင်နေရမယ်ထင်တယ်နော်

ဟုတ်​တယ်​bro...ပိုလှပြီးတမျိုးဆန်းမယ်​....

ဒီတစ်ခါလုပ်ထားတဲ့ နံရံကပ်လေးတွေက ပန်းပွင့်အရောင်လေးတွေ ရွေးထားတာ အရမ်းလှပါတယ်အစ်မ။ကောင်းမွန်သော အလှဆင်ပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ
ပုံစံတမျိုးနဲ့ဆန်းသစ်​​အောင်​လုပ်​ကြည့်​တာပါ...

မမယွန်း လလ😍😍😍

အင်း...​ကျေးဇူး​နော့

တစ်ခု စဉ်းစားနေတာ အာ့လို ပန်းလေးတွေ အဝတ်စနဲ့ ခေါက်ပြီး အကျီကပ်ရင် လှမလား စက္ကူမို့ တောင့်နေတာလား .အစဆို အဆင်ပြေပါ့မလား.🤔🤔

မာတဲ့အစဆိုရင်​အဆင်​​ပြေမယ်​ထင်​ပါတယ်​....အစ​ပျော့​နေရင်​​တော့အဆင်​မ​ပြေ​လောက်​ဘူး....

အရမ်းလှတာပဲနော်

ဟုတ်​ကဲ့....လှတယ်​ဆိုလို့​ကျေးဇူးပါ.. .

ထွင်လည်းထွင်နိုင်ပါပေတယ်

ဟုတ်​ကဲ့....တစ်​​နေ့တမျိုးထွင်​​နေပါတယ်​....

အားလုးံလှပါသည်

ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်

နံရံကပ်လေးတွေများများတင်ပေးပါ ညီမရေ

ဟုတ်​ကဲ့...လှလှ​လေး​တွေနဲ့အဆန်းများကြိုးစားပိုစ့်​တင်​ပါ့မယ်​....

မယွမ်းကို ဆုကို​ပေးချင်​​နေတာ
ဘာဆု​ပေးရမယ်​မသိလို့ စဉ်းစား​နေတာ...

ဆု​ပေးမယ်​တဲ့...​ပျော်​လိုက်​တာ...ဘာဆုလဲဆိုတာမသိ​တော့...​မျှော်​​​နေမယ်​.....😁😁😁အဟီး....

တီဗွီအစီအစဉ်‌‌တောင်‌ ပါ‌စေချင်‌တယ်‌ဗျာ ။လှတယ်‌။

DVBမှာဒီလိုအစီအစဉ်​လာ​နေတယ်​....အား​ပေးလို့​ပျော်​ပါတယ်​...

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66269.58
ETH 3204.67
USDT 1.00
SBD 4.24