မီးပုံးလှလှ​လေး​တွေပြုလုပ်​ကြမယ်

in #myanmar6 years ago

ဒီ​နေ့မီးပုံး​နောက်​တစ်​လုံးပြုလုပ်​လိုက်​ပါတယ်​။သူကျ​တော့စက္ကူ​ခေါက်​စုစု​ပေါင်းနှစ်​ဆယ်​​ခေါက်​ရပါတယ်​။စက္ကူ​ခေါက်​ပြီးတစ်​ခုနှင့်​တစ်​ခုဆက်​ကာပြုလုပ်​ထားတာပါ။မီးပုံးတစ်​လုံးဖြစ်​ရန်​လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊စာရွက်​အပါး၊ခဲတံ၊​ပေတံ၊စက္ကူညှပ်​ကလစ်​၊စသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကအရွယ်​တူ၊ပုံစံတူစက္ကူ​ခေါက်​များ​ခေါက်​ပြီး၊ဆက်​ကာမီးပုံးအဖြစ်​ပုံ​ဖော်​ရမှာပါ။

ပထမအဆင့်​မှာစက္ကူ​ခေါက်​ပါ့မယ်​။အ​ရောင်​က​တော့နှစ်​မျိုး၊သုံးမျိုးမိမိနှစ်​သက်​သလိုသုံးနိုင်​ပါတယ်​။ဒီမှာ​တော့နှစ်​​ရောင်​တည်းပြုလုပ်​ထားတာပါ။အရွယ်​တူစက်​၀ိုင်းပုံစက္ကူများ၂၀ခုဖြတ်​လိုက်​ပါ့မယ်​။ပြီး​တော့စက်​၀ိုင်းပုံမှာတူညီတဲ့အနား​တွေနှင့်​သုံး​မြှောင့်​ပုံဆွဲလိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာပုံမှာမြင်​ရတဲ့အတိုင်းစက်​၀ိုင်းပုံအ​သေးတစ်​ခုထပ်​မံဆွဲပါဦးမယ်​။ခုနကဆွဲထားတဲ့အနားသုံးနားကို​ခေါက်​ချိုးလိုက်​မယ်​။အတွင်းဘက်​စက်​၀ိုင်း​နေရာကို​တော့မီးပုံးလုပ်​တဲ့စက္ကူအပါး​လေး​တွေနှင့်​အတွင်းဘက်​က​နေကပ်​လိုက်​ပါတယ်​။ဒီနည်းအတိုင်းအ​ရောင်​နှစ်​မျိုးအခု၂၀ပြုလုပ်​လိုက်​ပါတယ်​။

စက္ကူ​ခေါက်​နှစ်​ဆယ်​အနက်​ဆယ်​ခုကိုပုံပါအတိုင်းကလစ်​နှင့်​ညှပ်​လိုက်​ပါတယ်​။ကော်​ကပ်​လို့လည်းရပါတယ်​။ကျန်​ဆယ်​ခုအနက်​ငါးခုစီတွဲ၍ကလစ်​ညှပ်​လိုက်​ပါတယ်​။

ဆယ်​ခုတွဲမှအနားနှစ်​ဘက်​ကိုဆက်​ပြီး၊ကျန်​ငါးခုစီတွဲထားတဲ့နှစ်​ခုကို​တော့တစ်​ဘက်​စီမှာထပ်​မံဆက်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Posted using Partiko Android

Sort:  

ကျန်​ကျန်​ ဖန်​ဖန်​ လုပ်​တပ်​တယကွယ်​ ​တော်​ လိုက်​တာ

တော်​တယ်​ဆိုလို.​ပျော်​ပါသည်​...😀

Posted using Partiko Android

များများလုပ်​ ​ဖောက်​သယ်​ယူမယ်​ စီးပွား​ရေး​ဈေးကွက်

Posted using Partiko Android

ဘဘကြည်​က​ဈေးကွက်​မြင်​ပြီးသား...အဟီး😁😁

Posted using Partiko Android

ဒါလေးလည်း လှတယ်

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါ

Posted using Partiko Android

ဒါလေးလှပါတယ်။သီတင်းကျွတ်သုံးဖို့အတွက်တော့ တော်တော်လေးကောင်းမယ်ဗျာ။

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ...

Posted using Partiko Android

ဒါလေးကလည်း တစ်မျိုးလှတာပါပဲ အဲ ဘယ်လိုချိတ်ရမလဲ

ကြိုးတပ်​ရမယ်​....ကြိုးကိုစက္ကူ​ခေါက်​ငါးခုတွဲအလယ်​မှာတပ်​ပြီးမှမီးပုံးဖြစ်​​အောင်​ကလစ်​ညှပ်​ရမှာပါ...​ကျေးဇူးပါ...

Posted using Partiko Android

အော်ဒါပို့လားဗျို့😁😁😁

Posted using Partiko Android

လိုချင်​မှာလို့ရပါတယ်​😝😝

Posted using Partiko Android

လှတာကွယ် တစ်လုံးတောင်းထားတယ်နော်😁

ဟုတ်​ကဲ့...​ပေးပါ့မယ်​ 😀

Posted using Partiko Android

ဒီဇိုင်းဆန်းတယ်‌ ညီမ။

ဟုတ်​ကဲ့...တမျိုးဆန်းလုပ်​ကြည့်​တာပါ...​ကျေးဇူးပါ...

Posted using Partiko Android

အော်ဒါမှာချင်ပါတယ် ညီမရေ

Posted using Partiko Android

ဟုတ်​ကဲ့...မှာလို့ရပါတယ်​...အဟီး😀

Posted using Partiko Android

လှတယ်​ဗျာ ​ခေါက်​ထားတာ​လေး​တွေ

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61830.08
ETH 2986.99
USDT 1.00
SBD 3.73