အောင်​ကြီးနှင့်​ဗန်း​မော်​ (အပိုင်း ၄)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
ဦးစွာပထမ ​မြေတူးဆရာတို့ တူးထား​သော ​၃
ပေအကျယ်​ ​၃ပေအနက်​ရှိ ​မြေကျင်းအား ​ကျောက်​ချ သဲကြပ်​ခြင်းတို့ စတင်​​ဆောင်​ရွက်​ကြရ​ပေသည်​။တိုင်​ကျင်း​နေရာများအား ​အောက်​​ခြေခွာ​လောင်းခြင်း၊တိုင်​​လောင်းခြင်းတိြု့ပုလုပ်​ကြရ​ပြန်​၏။ ယခု​ဆောက်​လုပ်​​သော စခန်းမှုးအိမ်​ကား လွင်​ပြင်​ထဲ၌ဖြစ်​​၍ ​နေပူဒဏ်​ကား မသက်​သာလှ​ပေ။
. image
Crd-org-source
နံနက်​ခင်း​စော​စောပိုင်း၌ အနည်းငယ်​​အေး၍ လိုင်​ကိုင်​နိုင်​ကြ​သော်​လည်း ​နေ့လည်းခင်း၌ ​အ​တော်​ပင်​အားခဲလုပ်​ခါ​နေရ​လေသည်​။
"​အောင်​​ကျော်​​ရေ ခနလာကွာ နားရ​အောင်​ ပူတယ်​ဟ" အရိပ်​​ကောင်း​သော သစ်​ပင်​​အောက်​မှ​နေ၍ ​အောင်​ကြီးတစ်​​ယောက်​ ​အောင်​​ကျော်​အား ခတ္တခန နားရန်​လှမ်း​ခေါ်​လေသည်​။
" ​ဟေ့​ကောင်​ ​အောင်​ကြီး ပန်းရန်​ဆရာ မြင်​သွားလို့ အ​ပြောခံ​နေရပါအုန်းမယ်​ကွာ"
"မင်းနဲ့ကွာ ဘာ​ကြောက်​စရာလိုလည်း ငါတို့မလုပ်​ဖူး လုပ်​တယ်​ဆိုတာ လုပ်​ငန်းထဲပီးထားတဲ့လုပ်​ကွက်​ကြည့်​ သိ​နေတာဟာ "​အောင်​​ကျော်​မှာ ပါးစပ်​ကသာ ​ပြော​သော်​လည်း ​လူကား အရိပ်​​အောက်​သို့ပင်​ ​ရောက်​၍​နေ​ပေ၏။
ဗန်း​မော်​​ရောက်​ပြီးမှသာလျှင်​ ပန်းရန်​ဆရာ၏ အမည်​အား ကို​ကျော်​စွာ သိရ​လေသည်​။သူ၏ အမျိုးသမီး​ပါ ဗန်း​မော်​သို့လိုက်​ပါလာခြင်းဖြစ်​၏။ကို​ကျော်​စွာကား အလုပ်​ထဲ ကြီးကြပ်​ခြင်းပြုလုပ်​သည်​ကား နည်းလှ​ပေသည်​။ကို​ကျော်​စွာ အမျိုးသမီး​ အမည်​မှာ မဥမ္မာဟု သိရ၏။မဥမ္မာကား အလုပ်​သမားများအတွက်​ ချက်​ပြုတ်​ခြင်းပြုရန်​ တဲ၌သာ​နေခဲ့သည်​ကများ​လေသည်​။အောင်​ကြီးတို့အား ​ခေါ်လာသူသည်​ ကို​ကျော်​စွာ ဗန်း​မော်​က​နေ၍ ​ခေါ်လာခိုင်းခြင်းဖြစ်​​လေ၏။ တစ်​နည်းဆိုရလျှင်​ တစ်​ဆင့်​ခံ ​ခေါ်လာခြင်းပင်​။
ည​နေလုပ်​ငန်းခွင်​​သိမ်း၍ တဲသို့ပြန်​​ရောက်​ကြလျှင်​ မိမိတို့ကြိုက်​နှစ်​သက်​ရာ အရက်​ကြိုက်​သူကားအရက်​ဆိုင်​၊အရက်​မ​သောက်​သူတို့ကား လက်​ဖက်​ရည်​ဆိုင်​သို့ အသီးသီး ​ရေမိုးချိုး၍ ထွက်​ခွာကြ​လေသည်​။
ထိုသို့ကဲ့သို့ ပြုလုပ်​ခြင်းကား အလုပ်​သျမ်း၍ပြန်​​ရောက်​လျှင်​ ​နေ့စဉ်​လိုပင်​ ဖြစ်​၍လာ​လေသည်​။
ခရီး​ဝေးသွားရသည့်​ အလုပ်​တိုင်းလိုလိုပင်​ လုပ်​အားခအား မိမိတို့အပြန်​မှသာရှင်းသည်​ကများကြ​လေသည်​။ယခုလည်း ထိုနည်းတူပင်​။ကြားထဲ၌ မိမိတို့ လိုအပ်​လျှင်​ အသုံးထုတ်​ယူ၍ သုံးကြရ​လေသည်​။မိမိတို့၏ ​နေ့စဉ်​အလုပ်​ဆင်းသည့်​ရက်​များအား မိမိတို့စာအုပ်​​လေးများထဲ၌ ​မှတ်​သားခြင်းလည်း ပြုလုပ်​ထားရ​လေ၏။ထိုမှသာလျှင်​ အပြန်​၌ ပန်းရန်​ဆရာတို့ မှတ်​ထားသည့်​ စရင်းနှင့်​ မိမိတို့မှတ်​ထားသည့်​ စရင်းအားတိုက်​၍ မည်​သည့်​ရက်​အလုပ်​ဆင်း၍မည့်​သည့်​ရက်​မဆင်း​ကြောင်း ရှင်းပြ​ပြောဆိုနိုင်​​ပေမည်​။
အောင်​ကြီးကား ထိုအတွက်​၌ စိတ်​ချရ​လေ၏။ လုပ်​ငန်းခွင်​သိမ်း၍ တဲသို့ပြန်​​ရောက်​သည်​နှင့်​ အလုပ်​ဆင်းရက်​တို့အား မှတ်​သားထားတတ်​​လေသည်​။
ဤသို့ဖြင့်​ ​နေပူမ​ရှောင်​ မိုးရွာမ​ရှောင်​ လုပ်​၍လာသည်​မှာ ၃ လပင်​​ကျော်​၍လာပါ​တော့သည်​။ မံစီမြို့​လေး၏အ​ကြောင်းအနည်းငယ်​ ​ရေးရလျှင်​ ကားလမ်းမကြီး​ဘေး၌သာ အတန်​ငယ်​ စည်​ကားသည်​ဟု ထင်​မိ၏။အတွင်းပိုင်း၌ ခြံအကျယ်​ကြီးများနှင့်​ဖြစ်​၍
တစ်​အိမ်​နှင့်​တစ်​အိမ်​ အနည်းငယ်​ အလှမ်း​ဝေး​ပေသည်​။နေထိုင်​ကြသူတို့မှာ ကချင်​လူမျိုးများနှင့်​ ရှမ်းလူမျိုးတို့ များ​သည်​။ အတွင်းပိုင်းလမ်းများသည်​ ​ကျောက်​ကြမ်းများအားသာ စီ၍ခင်းထားခြင်းမျိုးဖြစ်​၏။ ဤသည်​ကား ​အောင်​ကြီး​ရောက်​ရှိချိန်​၌ မြင်​​တွေ့သိရှိခဲ့ခြင်း​ဖြစ်​၍ ယခုချိန်​၌ ​ပြောင်းလဲ​ကောင်း​ပြောင်းလည်းနိုင်​​ပေသည်​။
(ဆက်​၍ဖတ်​ရှု​ပေးပါရန်​ )
. image
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

အပိုင်း ၅ မျှော်နေပါသည်။

ဟုတ်​ ​ကျေးဇူးပါပဲ အမ

ရွှေပြည်တော် မျှော်တိုင်းဝေး အားမလျှော့နဲ့ ညေး

အား​တော့​လျှော့ဘူး အူးအင်း😂

ပြောင်းသေးဘူး မံစီလမ်းက ဒီအတိုင်းဘဲ

ကြာပီ​နော်​ အာ့တိုင်း​ကြီး

ဘဝကလဲ မိမိကျရာကနေသရုပ်ဆောင်ကတဲ့ ပြဇာတ်တစ်ပုဒ်ပါပဲ

ဒါ​တော့ အမှန်​​ပေါ့ညီ

ဘဝခရီးလမ်းမ တစ်နေရာပေါ့

ဟုတ်​ပါတယ်​ ဦး​ထွေး

အောင်ကြီးနဲ့နေပြည်တော်ဘယ်တော့လောက်စမလဲညီ။

နေပြည်​​တော်​လည်း ၃​ခေါက်​​လောက်​​ရောက်​ဖူးတယ်​ ဗန်း​မော်​ထက်​​တောင်​ အရင်​ကျ​သေး😂

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘဝက ခါးခါးဆိုတာ အဲ့ဒါ ထင်ပါရဲ့

ခါးချက်​က ရက်​စက်​တယ်​ဘုရား

ခိုအောင်ကြီးတို့ ပင်ပန်းတာ

ဒီလိုဘဲ​ပေါ့ဗျာ ဘဝဇာတ်​ဆရာအလိုကျ​ပေါ့😀

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10