မှားတဲ့အခါလည်း မှား​ပေမှာပေါ့

in #myanmar6 years ago

ယခုတ​စ်​​လော၌ မန္တ​လေးမြို့နှင့်​ ပုသိမ်​ကြီးမြို့တို့အား ချိတ်​ဆက်​ထားသည့်​ ကန်​လယ်​လမ်းမကြီး​ပေါ်၌ ညခင်းတိုင်းလိုလိုပင်​ ရဲတပ်​ဖွဲ့ဝင်​များ၊ရပ်​ကွပ်​အတွင်း အဖွဲ့အသီးသီးမှ လူငယ်​လူရွယ်​များပါဝင်​ကာ အန္တရယ်​ ကင်းရှင်း​စေရန်​အတွက်​၊ ဆိုင်​ကယ်​ကားများအား ရပ်​တန့်​​စေ၍ စစ်​​ဆေး​ရေးပြုလုပ်​​နေ​လေသည်​။
ဆိုင်​ကယ်​များဆိုလျှင်​လည်း တူး​ဘောက်​များဖွင့်​၍ကြည့်​ရှုခြင်း၊ကားများဆိုလျှင်​လည်း အတွင်​ပိုင်းထိ စစ်​​ဆေးခြင်းတို့ပြု၍ ယခုတစ်​​လောဖြစ်​​နေသည့်​ လုယှက်​မှု​များ ​နည်းပါး​စေရန်​ ​ဆောင်​ရွက်​​နေကြခြင်းပင်​။
ထိုသို့စစ်​​ဆေးခြင်းပြုလုပ်​ရာတွင်​ အချိန်​အားဖြင့်​ ညပိုင်း ၉နာရီ​ကျော်​ခန့်​တွင်​ စတင်​ပြုလုပ်​ကြ​လေ၏။
တစ်​​နေ့၌ ကျွန်ုပ်​တို့သူငယ်​ချင်းတစ်​စု ညပိုင်းအလုပ်​ဆင်းကြရ​လေသည်​။လုပ်​ရသည့်​အလုပ်​ကား အ​ဆောက်​အဦး၏ တတိယ​မြောက်​ စလပ်​ပြား​လောင်းရခြင်းပင်​။
အားလုံးပြီးစီး၍ လုပ်​ငန်းသုံးပစ္စည်း တို့သိမ်းစီးပြီး အချိန်​ကြည့်​မိ​သောအခါ ည၁၂နာရီပင်​ ထိုး၍​နေ​လေ​တော့သည်​။
တစ်​ချို့က ​ကြာနီကန်​ဘက်​မှလည်း​ကောင်း၊တစ်​ချို့သည်​ သင်​ပန်းကုန်း၊ ကျွန်​​တော်​တို့ကား ပုသိမ်​ကြီး စသည်​ဖြင့်​ မိမိတို့ အစုအဖွဲ့​လေးများသည်​ ကိုယ့်​အိမ်​သို့ ပြန်​ကြ​လေ​တော့သည်​။
အထက်​၌ ​ဖော်​ပြခဲ့သလိုပင်​ ကန်​လယ်​၌ စစ်​​ဆေး​ရေးပြုလုပ်​​နေကြသည့်​အဖွဲ့များနှင့်​ ​တွေ့ရ​ချေ​တော့၏။
ကျွန်ုပ်​တို့အားကြသည်​နှင့်​ လုပ်​ငန်းခွင်​မှပြန်​လာကြသူများဖြစ်​​ကြောင်း သိသာလှ​ပေသည်​။အဘယ့်​​ကြောင့်​ဆို​သော်​ ကိုယ်​ခန္ဓာ တစ်​ခုလုံး ဘိလပ်​​မြေများ ​ပေ​ရေ​၍​နေကြသည်​မဟုတ်​​ပေ​လော။
သို့​သော်​လည်း စစ်​​ဆေး​ရေးပြုလုပ်​​နေသည့်
အဖွဲ့ဝင်​များမှ ကျွန်ုပ်​တို့ အလုပ်​သမားအဖွဲ့များ ​မောင်းနှင်​လာသည့်​ ဆိုင်​ကယ်​များအား ရပ်​တန့်​​စေကာ၊ရှာ​ဖွေ​လေသည်​။
ဤတွင်​ ဇာတ်​လမ်းက စ​ခြေ​တော့သည်​။
အခြားဆိုင်​ကယ်​ အသီးသီးသို့ စစ်​​ဆေးပြီး​၊ကျွန်ုပ်​ဆိုင်​ကယ်​အား စစ်​​ဆေးရန်​ တူး​ဘောက်​ ဖွင့်​ခိုင်း​လေ​တော့သည်​။
မိမိလည်း ဆိုင်​ကယ်​တူး​ဘောက်​ဖွင့်​​ပေး၍ စစ်​​ဆေးခံ​လေ၏။ စစ်​​ဆေး​ရေးအဖွဲ့များစစ်​​ဆေးမှုကား ​စေ့စပ်​​သေချာလှသည်​။တူး​ဘောက်​အတွင်းရှိသည့်​ ပစ္စည်းများ တစ်​ခုချင်းထုတ်​၍ပင်​စစ်​​လေ၏။
ကျွန်ုပ်​တူး​ဘောက်​​အောက်​​ခြေ၍ ကြွပ်​ကြွပ်​အိပ်​နှင့်​ ထုပ်​ထားသည့်​ အထုပ်​တစ်​ထုပ်​အား​တွေ့​သောအခါ စစ်​​ဆေး​နေ​သော သူများမှ ကျွန်ုပ်​မျက်​နှာအား ​သေချာကြည့်​​လေ​တော့သည်​။
ကျွန်ုပ်​လည်း အူ​ကြောင်​​ကြောင်​ဖြစ်​ကာ ဤလူ​တွေအဘယ့်​​ကြောင့်​ ကျွန်ုပ်​အား ​သေချာစိုက်​ကြည့်​​နေကြသနည်းဟု ​တွေိး​လေသည်​။ ကိုယ့်​ဆိုင်​ကယ်​ ​လေးထဲ၌လည်း မည်​သည့်​ လက်​နက်​၊​မှောင်​ခိုပစ္စည်းမှ ထည့်​ထားခြင်းမရှိ​ပေ။ အ​တွေးထဲ၌ သို​လောသို့​လော နှင့်​ အဘယ့်​နည်းဟု အ​ဖြေကားရှာမရ​ပေ။
"အဲ့ အထုပ်​ကို​သေချာ​ဖြေကြည့်​လိုက်​စမ်း​ဟေ့"
စစ်​​ဆေး​ရေးပြုလုပ်​​နေကြသည့်​အထဲမှ ​ခေါင်း​ဆောင်​ဖြစ်​ဟန်​တူသူမှ အမိန့်ပေးသံထွက်​​ပေါ်လာပြီးသည်​နှင့်​ အဖွဲ့ဝင်​တစ်​ဦးမှ ဆိုင်​ကယ်​အတွင်းမှ ထုတ်​ယူကာ ​သေချာစစ်​​လေ​တော့သည်​။
စစ်​​ဆေး​ရေး အဖွဲ့တို့ အ​တွေး၌ ​ဆေး​ခြောက်​များ​လော ဟူသည့်​ အ​တွေးများဖြင့်​ အထုပ်​​လေး​ပေါ် အာရုံအပြည့်​ဖြင့်​ စိုက်​ကြည့်​​နေကြ​တော့သည်​။
သို့​သော်​ သူတို့ထင်​သည့်​အတိုင်း ဖြစ်​မလာ​ချေ။ ထိုအထုပ်​​လေးမှာ ကွမ်းယာထုတ်​​လေး​ဖြစ်​​နေ​လေသည်​။
စစ်​​ဆေး​ရေးအဖွဲ့လည်း ထိုခါမှ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​၍ ပြုံးစိစိဖြစ်​ကုန်​ကြ​လေ​တော့သည်​။
ထိုကွမ်းယာထုပ်​​လေသည်​ ဘယ်​အချိန်​ကာလက ထည့်​ထားမိ၍မသိ​ပေ အ​ရောင်းပြောင်း ၍ကွမ်းယာတို့က မဲနက်​၍ပင်​​နေ​လေ​တော့သည်​။
"သွားလို့ရပီအကို​ရေ ကျွန်​​တော်​တို့က ​ဆေး​ခြောက်​​တွေထင်​လို့ ​သေချာစစ်​​နေတာ အကို့ဟာက ကွမ်းယာထုတ်​ဖြစ်​​နေတာကိုးဗျ"ထိုသို့​ပြောမှသာ ကိုယ့်​ဆိုင်​ကယ်​​​လေး ကို​မောင်း၍ ထွက်​ခါလာလိုက်​​တော့သည်​။
စိတ်​ထဲ၌လည်း မဝါးလိုက်​ရသည့်​ ကွမ်းယာထုပ်​​လေးအား မျက်​လုံးအတွင်း မြင်​​ယောင်​ကာ နှ​မြောတသသ ဖြစ်​လိုက်​မိ​​သေးသည်​။
. image
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

နောင်တမရအောင် ကွမ်းယာကိုရှောင်

Posted using Partiko Android

ဟုတ်​အမ😂

တော်သေးသပေါ့ အောင်ကြီးရ နို့မို့နေရင်းထိုင်ရင်း ဒုက္ခများနေအုံးမှာ

အာ့ တကယ်​ကြုံခဲ့ရတာ😂

ဝါး​နေကြကွမ်းယာသမားက​တော့
ကွမ်းယာဟာ မရှိမဖြစ်​ပစ္စည်းပါဘဲ

ဟုတ်​တာ​ပေါ့ ဦးယု
မဝါးရရင်​ကို တခုခု​နေသလိုကြီး

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျေးဇူးပါပဲ

ကွမ်းသမားဆိုတော့လည်း နှမြောရှာမှာပဲ

ဟုတ်​ နှ​မြောမိတယ်​ဗျ

‌သြော်‌ ကွမ်း ကွမ်း။ မစားဘဲထားတာ နှေ မြာစရာ။

မေ့​နေတာ မစားမိဘူး ကိုမ​ဟော်

ဒုက္ခပါပဲကွမ်းယာထုတ်ပါဆိုမှ cheetah ကလာမန့်နေသေး

Posted using Partiko Android

ဟုတ်​ပ ဦးမင်း​ရာ

ကိုအောင်ကြီးရေ သတိဝီရိယလေးထားပြန်ပ
အဖော်အပေါင်းလေးနဲ့ဆို ရှိန်တာပ လုယက်တွေကပေါသဗျ

ဟုတ်​ ဦး​ထွေး

ပျော်တော်မူနေတာ ကြာပေါ့အေ အောင်ကြီး

Posted using Partiko Android

ဟုတ်​ အမ😊

အောင်ကြီး မင်းကို ချိတက်ကလွမ်းနေတာ၊ ဆရာ့ကို ကွမ်းတစ်ရာလောက် ခြေမနဲ့ညှပ်ပြီး ပစ်လိုက်စမ်းပ။

ဟာ ငရဲကြီး​အောင်​ ဆရာရယ်​😢

မုံရွာသားလေသံနဲ့ပြောကြည့်တာ။ ဟဲ.. ဟဲ

တော်​​သေးတာ​ပေါ့ဆရာရယ်​ လန့်​သွားတာဘဲ😂

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28