င​နောင်​ အပိုင်း (၂)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
တစ်​​နေ့ အကိုကြီးသက်​နိုင်​တစ်​​ယောက်​ လယ်​ယာစိုက်​ခင်းမှ ပြန်​​ရောက်​​သောအခါ
သူစုထား​သော ​ငွေ​ကြေး​လေးများအားကြည့်​မိ​လေ၏။မိမိစုထား​သော​ပိုက်​ဆံတို့ ​ရော့​၍နေသည်​ကို ​တွေ့​လေသည်​။ ဤသည်​ကား င​နောင်​လက်​ချက်​မှန်း တန်း၍သိ​ပေသည်​။ သူခိုးခိုးသည်​ဆိုလျှင်​လည်း ရှိသည့်​ပိုက်​ဆံ အကုန်​ယူသွားမည်​သာပင်​။ ယခုကား အကုန်​ယူသွားခြင်းမျိုးလည်းမဟုတ်​၊ သူလိုချင်​သ​လောက်​ ယူသွားခြင်းမျိုးဖြစ်​သည်​။
သူ၏အ​နေဖြင့်​ ခြိုးခြံ​ခြွေတာ၍စုထားသည့်​ပိုက်​ဆံ​လေး င​နောင်​ခိုးသုံး​သောအခါ ​တော်​​တော်​​လေး ​ဒေါသထွက်​​နေ​ပေ​တော့သည်​။
တစ်​ခါနှစ်​ခါလည်း မက​တော့​ပေ။ဤသို့ခိုးတတ်​မှန်းသိ၍ သံ​သေတ္တာ၏​အောက်​ဆုံး၌အဝတ်​စားများကြားညှပ်​ထားခြင်းဖြစ်​သည်​။သေတ္တာအပြင်​၌လည်း ​သော့ခတ်​ထား​ပေသည်​။ ပိုက်​ဆံအထုတ်​သွင်းပြုလျှင်​ပင်​ င​နောင်​မမြင်​​အောင်​ ဂရုတစိုက်​ပြုလုပ်​ပါလျှက်​အခိုးခံရခြင်းဖြစ်​၍ ပို၍​ဒေါသထွက်​ရ​လေ​တော့သည်​။ ​သံ​သေတ္တာ၏ ​မျောက်​မြှီးအားပင်​ ဖျက်​စီး၍ ယူသုံးထားခြင်းပင်​။ အကိုကြီးသက်​နိုင်​မှာ ​သေတ္တာလည်းအဖျက်​ခံရ၊ ပိုက်​ဆံလည်းခိုး၍အသုံးခံရ​​သောအခါ
အဘယ်​ပင်​ ​ဒေါသမထွက်​ဘဲ ​နေပါ​တော့မည်​နည်း။
အကိုကြီးသက်​နိုင်​​ဒေါသထွက်​​နေသည်​အားကြည့်​၍ အ​မေဖြစ်​သူမှ " ဟဲ့သားကြီး ဘာဖြစ်​​နေတာလည်း" ​မေး​လေ​တော့သည်​။
"ဘာ ဖြစ်​ရမှာလည်း အ​မေရာ။အ​မေ့သား​ပေါ့၊ သားပိုက်​ဆံခိုးသွားပြန်​ပြီ။သေတ္တာပါဖျက်​ပြီးခိုးသွားတာ​မေရ။"
ကိုကြီးသက်​နိုင်​၏ အသံတို့ကား အ​တော်​ပင်​ စိတ်​တို​နေပုံရ၏။ဒေါသသံတို့ပင်​ ပါ​နေ​တော့သည်​။
"ပြန်​လာပ​စေ၊ ပြန်​လာလို့က​တော့ ​တွေ့ကြ​သေးတာ​ပေါ့၊ဒီတစ်​ခါ​တော့ အ​မေလည်း ကျုပ်​ကိုလာမဆွဲနဲ့" ကိုကြီးသက်​နိုင်​ ​ပြောလည်း​ပြောချင်​စရာပင်​။ မိခင်​ဖြစ်​သူမှာ ညီကိုချင်း
ခြေလွန်​လက်​လွန်​ ဖြစ်​မည်​ဆိုး၍ င​နောင်​နှင့်​စကားများတိုင်း ဝင်​ဝင်​၍ဆွဲ​ပေးရှာသည်​။မိခင်​ဖြစ်​၍ သားကြီးအားမနာကျင်​​စေလို၊င​နောင်​ကိုလည်း ထိုကဲ့သို့ပင်​ဖြစ်​သည်​။
မိခင်​ဝင်​​ရောက်​ဆွဲ၍ င​နောင်​သက်​သာရာ ရခဲ့သည်​မှာလည်းအခါခါပင်​။ဤသည်​အား အခွင့်​​ကောင်းယူ၍ င​နောင်​သည်​ ခနခန ခိုးယူသုံး​နေခြင်းဖြစ်​​၏။
မိခင်​ဖြစ်​သူမှာ င​နောင်​ပြန်​လာလျှင်​ အကိုအကြီးဆုံးနှင့်​ င​နောင်​တို့ စကားများကြအုန်းမည်​ကို​တွေး၍ ပူပန်​​နေရှာ​လေသည်​။
င​နောင်​ကားအိမ်​၌မည်​သို့ဖြစ်​​နေသည်​သူမသိ၊သူ၏​ ​သောက်​​ဖော်​​​သောက်​ဖက်​ သူငယ်​ချင်းများနှင့်​ တစ်​လုံးပြီးတစ်​လုံး ​ရေချိန်​ကိုက်​​အောင်​ ​သောက်​၍​နေ​လေ၏။
နေ့လည်​ခင်းထဲက ​သောက်​​နေကြရာ၊ည​နေ ​နေဝင်​မှ ပြန်​ရန်​ထကြ​လေသည်​။ အိမ်​မိသားစု​ပေါ်၌သာမ​ကောင်းသည့်​င​နောင်​ အပြင်​အ​ပေါင်းသင်း​များ​ပေါ်၌ ​ကောင်းတာထက်​ပင်​လွန်​၍​နေ​ပေသည်​။ ယခုပင်​ ​သောက်​ထားကြသည့်​ အရက်​ဖိုး၊အမြည်းဖိုးတို့အား ရှင်း​ပေးရုံဖြင့်​​ အားမရ၍ ​သောက်​​ဖော်​​​သောက်​ဖက်​ သူ၏သူငယ်​ချင်းများကို အိမ်​တိုင်​ရာ​ရောက်​ပင်​ လိုက်​၍ပို့​​ပေးခဲ့​သေးသည်​။
အားလုံးပို့​ပေးပြီးမှ င​နောင်​တစ်​​ယောက်​မိမိအိမ်​မိမိပြန်​လာခဲ့​လေ​တော့သည်​။
.benefits_youll_enjoy_when_you_quit_drinking_alcohol.jpg
Crd-org-source
.အပိုင်း ၃ ဆက်​လျှက်​ဖတ်​ရှု​ပေးပါရန်
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ငယ်ငယ်ထဲကခိုးတတ်နေတာမကောင်းဘူး။ကြီးလာတော့ဓါးပြဖြစ်မယ်။ဒါမျိုးများများရေးပေးပါကွာကြီးတစ်ရာ။

ဟုတ်​တယ်​ အခုဆို ပို​ရေးရမယ်

လူကိုဖျက်​​တော့ အရက်​ကိုးဗျ .. အရက်​အတွက်​ ပိုက်ဆံ​ခိုးပြီး​သောက်​ .. ​နောက်​ဆို ဒီထက်​ပိုဆိုးလာ​တော့မှာ​ပေါ့ဗျာ ...

ဟုတ်​ပါ့ အကိုမြန်​မာပြည်​သား​ရေ

ငနောင်က သဘောကောင်းလှချေလား 🙄

ငိ မ​နောက်​ပါနဲ့အမရယ်​😂

ဆက်​လက်​​ရေးသားသည်​ကို​စောင့်​​မျှော်​ဖတ်​ရှူ​နေပါ​​ကြောင်း။

ဟုတ်​ အမ

This post received a $0.630 (84.67%) upvote from @upvotewhale thanks to @aunggyi100! For more information, check out my profile!

ကျေးဇူးပါ

အိမ်ရောက်အောင်ပြန်နိုင်ပါ့မလား
ငနောင်

ရောက်​​တော့ ​ရောက်​​လောက်​ပါတယ်​ ဦး​ထွေး

You got a 7.00% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

ကျေးဇူး @redlambo

Release the Kraken! You got a 3.38% upvote from @seakraken courtesy of @aunggyi100!

ကျေးဇူးတင်​ပါတယ်

အဲ့ဒါကြောင့် သားဆိုးအမေ တပေပေလို့ဆိုကြတာပေါ့

သားဆိုးအ​မေဆို​တော့ စိတ်​ညစ်​​နေရတာ​ပေါ့ အမ

ငင့်​ Pdfပဲ ထုတ်​​ပေး​တော့

Pdfမှ မထုတ်​တတ်​တာ😝

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87