င​နောင်​ (အပိုင်း ၃)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အရက်​မ​သောက်​ခင်​ ပိုက်​ဆံယူလာခဲ့စဉ်​က အိမ်​မှဆူခံရမည်​ကို စိုးရိမ်​၍​​နေခဲ့​​သေးသည့်​င​နောင်​၊ယခု​တော့ အရက်​​လေး​ထွေလာ​သောအခါ ဘယ်​သည့်​အရာမျှ ဂရုမစိုက်​သည့်​ပုံဖြင့်​ အိမ်​အတွင်းသို့ ဝင်​လာခဲ့​လေသည်​။
အိမ်​အတွင်း၌ ​ဒေါသထွက်​​နေသူကိုကြီးသက်​နိုင်​အား သူ၏မိခင်​မှ စကားများ၊ရန်​ဖြစ်​ခြင်းမပြုရန်​ ​ဖြောင့်​ဖျ​နေရ​ပေသည်​။
မိခင်​စိတ်​ဆင်းရဲမည်​အား စိုးရိမ်​၍သာ ကိုကြီးသက်​နိုင်​တစ်​​ယောက်​ င​နောင်​အား ​ပြောဆိုခြင်းမပြု​​ပေ၊မိမိအခန်းထဲဝင်​၌သာ ဖုန်းအား စိတ်​မပါ​သော်​လည်း ​ဒေါသတို့ ​ပြေ​လျှော့ရန်​အလို့ငှါ နှိပ်​၍​နေ​လေသည်​။
.2.jpg
Crd-org-source
အိမ်​​အောက်​ထပ်​၌ အ​မေဖြစ်​သူမှ င​နောင်​အား ကိုကြီးသက်​နိုင်​၏ ပိုက်​ဆံအား အဘယ်​​ကြောင့်​ ယူသုံးရနည်း၊ သုံးချင်​လျှင်​ မိမိဘာသာ လက်​​ကြောတင်း​အောင်​ အလုပ်​လုပ်​၍​ငွေရှာသုံးရန်​ ဆုံးမ​နေ​လေသည်​။
င​နောင်​ကား ဆုံးမ​နေသည့်​ကြားမှပင်​ လက်​ကြား​ရေယိုသည်​ဟု ဆိုရ​ပေမည်​။
လိုချင်​၍ယူသုံးသည်​ဟုပင်​ ဆို​လေ​၏။
ဆိုဆုံးမ​နေသည့်​ မိခင်​ကိုပင်​ "နားညီးတယ်​ ​တော်​​တော့"ဟူ၍လည်း မိုက်​ရိုင်းစွာ​ပြောဆို​လေသည်​။ သူ့အား၏ကဲ့သို့​ပြောဆိုရမည်​​လားဆို၍ အိမ်​ထရံ​တွေအား အနီးနားရှိ ထင်း​ချောင်းဖြင့်​ တဝုန်းဝုန်း တဒိုင်းတဒိုင်း ရိုက်​​နေပြန်​​လေသည်​။
ကိုကြီးသက်​နိုင်​လည်း ​ဒေါသတို့ ချုပ်​တည်းခြင်းငှါ မစွမ်းသာ​တော့​ပေ။ နဂိုထဲ၌က ပိုက်​ဆံအခိုးခံရ၍​ဒေါသထွက်​​နေရာ၊မိခင်​ဖြစ်​သူအား မိုက်​ရိုင်းစွာ​ပြောဆို​သောအခါ ကိုကြီးသက်​နိုင်​ စိတ်​တို့ကား ထိမ်း၍မရ​တော့​ပေ။
အိမ်​​အောက်​ထပ်​သို့ ဆင်း၍ မိခင်​အားထိုသို့ မိုက်​ရိုင်းစွာ ​ပြောမလား ​မေး၍ ထိုးကြိတ်​ပါ​တော့သည်​။ ​ဒေါသစိတ်​​ကြောင့်​ စိတ်​ရှိလက်​ရှိ လုပ်​ချင်​​သော်​လည်း မိခင်​ဖြစ်​သူမှာ ကြားမှဝင်​၍ တားစီးကာ​နေ​လေ၏။ မိခင်​ဖြစ်​သူအား ထိခိုက်​မိမည်​ စိုးရိမ်​၍ ကိုကြီးသက်​နိုင်​တစ်​​ယောက်​စိတ်​​ရှော့လိုက်​ရရှာသည်​။
ဤမျှပင်​ မိုက်​ရိုင်းခြင်းအား ​နောင်​ကြဉ်​​စေရန်​၊ရွာ၌ရှိ​သော ရုံးသို့တိုင်​ကြားရန်​ ထွက်၍​သွား​လေ​​တော့သည်​။
င​နောင်​အတွက်​ ကံ​ကောင်းသည်​ဟုပင်​ ဆိုရ​ပေမည်​။ ယ​​နေ့ညမှ ရုံးသည်​ မည်​သည့်​အ​ကြောင်းရှိ၍မသိ ပိတ်​၍ထား​လေ၏။
ကိုကြီးသက်​နိုင်​လည်း အိမ်​တန်းပြန်​လျှင်​ ထပ်​၍ ပြသနာကား ဖြစ်​မည်​စိုးကာ ရွာထိပ်​ရှိ လက်​ဖက်​ရည်​ဆိုင်​သို့်​ ဝင်​ထိုင်​​​​လေသည်​။
ဆိုင်​အတွင်း၌ ကြို​ရောက်​ရှိ​နေ​သော သူငယ်​ချင်းများမှ ကိုကြီးသက်​နိုင်​ မျက်​နှာအ​ခြေ​နေကြည့်​၍ ဘာဖြစ်​လာသနည်း ​မေးကြ​လေသည်​။
တခြားလူများအား အိမ်​တွင်​​ရေးကို​ပြောမပြတတ်​​သော်​လည်း၊ယခု​မေးကြသူများမှ မိမိငယ်​​ပေါင်းများဖြစ်​၍ င​နောင်​ ပိုက်​ဆံခိုးပုံကအစ ရန်​ဖြစ်​ခဲ့ပုံအဆုံး ​ပြောပြ​လေသည်​။ထိုသို့ ​ပြောလိုက်​​သောအခါမှသာလျှင်​ ကိုကြီးသက်​နိုင်​တစ်​​ယောက်​ စိတ်​ထဲ၌ ​ပေါ့ပါးသွားသ​ယောင်​ ခံစားရ​ပေ၏။
ရင်​ဖွင့်​ခွင့်​ရသည့်​အတွက်​သူငယ်​ချင်းများကိုပင်​ စိတ်​ထဲ၌ကြိတ်​၍ ​ကျေးဇူးတင်​မိ​လေသည်​။ စိတ်​ထဲ၌​ပေါ့ပါးသွား၍ အရင်​လိုပင်​ သူငယ်​ချင်းများနှင့်​​ ​ပေါ့​ပေါ့ပါးပါး စကား​ပြောနိုင်​လာ​ပေ​တော့သည်​။
ဆိုင်​သိမ်း၍အိမ်​သို့ပြန်​ကြ​သောအခ်ါင​နောင်​တစ်​​ယောက်​တစ်​​ယောက်​ အိပ်​​ပျော်​​နေပါ​စေ ဆု​တောင်းရင်း ကိုကြီးသက်​နိုင်​တစ်​​ယောက်​ ပြန်​လာခဲ့သည်​။ င​နောင်​အ​နေဖြင့်​ မူး​နေ၍မရှက်​​သော်​လည်း မိမိမှာ၏သို့ ​အော်​ကြီးဟစ်​ကျယ်​ ပြသနာ တက်​ရခြင်းကို ရှက်​မိ​ပေသည်​။
.Sad_Boy.jpg
Crd-org-source
. . . . . (အပိုင်း ၄ ဆက်​လက်​ဖတ်​ရှု​ပေးပါရန်​)
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

အပိုင်းလေးမှာမြေများမြိုမလားငနောင်။

မြိုသင့်​တယ်​ အာ့​လောက်​ဆိုးတာ

ခက်​ပြီ င​နောင်​​ရေ .. ဆိုးတဲ့အပြင်​ အရိုင်းစိတ်​ပါဝင်​ပါ​လေ​ရောလား .. ​အော်​ .. လူကိုဖျက်​​တော့ အရက်​​ပေါ့ဗျာ ..

You got a 7.14% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

ဖတ်လို့ကောင်းတယ် ကိုအောင်ကြီး။အရက်ဝင်လာရင်တော်တော်များက သွေးကြွကြတဟ်ဗျာ

ဟုတ်​ ကိုမြင့်​မူးလာရင်​ ​တော်​​တော်​များများ ​သွေးကြွကြတာ​တော့အမှန်​ဘဲဗျ

ဆိုးလိုက်တဲ့ ငနောင်

တော်​​တော်​ဆိုးတာ​နော်​ အမ

ရေရင်း ဇာတ်ကောင်စရိုက်တေဝင်ပီး သွားသောက်နေနဲ့နော်

အာ့​တော့ ​ပြောမရဘူး အမ😂

မျှော်

ဟုတ်​ အူးအင်း

သူရာရည်ဝင်သွားရင် အရှက်အကြောက်ကို
မထိန်းနိုင်တော့ဘူးပေါ့ဗျာ

အမှန်​​ပေါ့ ဦး​ထွေး

Release the Kraken! You got a 11.19% upvote from @seakraken courtesy of @aunggyi100!

အရက်တွေသောက်ပြီးများ ရေးထားတာလားဟင်။

ဟီး မ​သောက်​ရပါဘူး ကို​ထွေးရယ်​😂

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75