င​နောင်​ အပိုင်း (၉)

in #myanmar6 years ago

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
အပိုင်း ၃ ဖတ်​ရှုရန်
အပိုင်း ၄ ဖတ်​ရှုရန်
အပိုင်း ၅ ဖတ်​ရှုရန်
အပိုင်း ၆ ဖတ်​ရှုရန်
အပိုင်း ၇ ဖတ်​ရှုရန်
အပိုင်း ၈ ဖတ်​ရှုရန်
င​နောင်​တို့သည်​နောက်​​တစ်​နေ့၌ ငါးဖမ်းခြင်း၊ပင်​လယ်​ပြင်​၌ပိုက်​တန်းခြင်း ရရှိလာ​သောငါးတို့အား အရွယ်​အစားခွဲကာသိမ်းစီးခြင်းတို့ကို ပြုလုပ်​ကြရ​လေ​တော့သည်​။ထိုအချိန်​မှသာ င​နောင်​တို့ ပင်​လယ်​ပြင်​ငါးဖမ်းခြင်းနှင့်​စတင်​ကာ​တွေ့ရ​ပေ​တော့​လေ၏။တချို့လူငယ်​တို့မှာ လှိုင်းပုတ်​၍ မူး​မော်​​နေ​သော်​လည်း နားခွင့်​လုံးဝမ​ပေးကြ​ပေ။ င​နောင်​တို့ ၁၃​ယောက်​အားကြီးကြပ်​ခိုင်း​စေ​နေသူမှာ ကို​ကျော်​စွာဟုသိရ​လေသည်​။ ကို​ကျော်​စွာကား အရပ်​မြင့်​မြင့်​၊အသားညိုညို နှင့် ​​ခန္ဓာကိုယ်​မှာထွားကြိုင်းသန်မာသူ​​တစ်​ဦးပင်​ဖြစ်​၏။ပါးစပ်​မှလည်း ဆဲဆိုကြိမ်း​မောင်းတတ်သလို လက်​မှလည်းကိုထိလက်​​ရောက်​ အပစ်​​ပေးတတ်​​လေးသည်​။ သူ၏စိတ်​၌မထင်​လျှင်​မထင်​သလို ရိုက်​နှက်​ခြင်း၊ ပင်​လည်​ပြင်​တွင်းသို့ ကန်​ချခြင်းတို့ပင်​ ပြုလုပ်​တတ်​​လေသည်​။
နေ့ခင်း၌ နှိပ်​စက်​ခံ၍ပင်​ပန်းဆင်းရဲစွလုက်​ကြရ​သောအခါ စိတ်​ညစ်​သည်​၍ဆိုပြီးညပိုင်း၌ အရက်​​သေစာတို့အား အလွန်​အမင်း ​သောက်​စားကြလေသည်​။
ဤသို့နှင့်​ တစ်​လ​ကျော်​နှစ်​လအတွင်းသို့ပင်​ဝင်​လာ​ပေသည်​။င​နောင်​တစ်​​ယောက်​လည်း နှိပ်​စက်​ခံရခြင်း​ကြောင့်​​လော၊ပင်​ပန်းဆင်းရဲခံရခြင်း​ကြောင့်​​လော ကြာရှည်ခံနိုင်ခြင်းငှာမစွမ်းသာ​သောေ​ကြာင့်​ သူ၏သူငယ်​ချင်း​ကျော်​ကြီးနှင့်​​ ထွက်​​ပြေးကြရန်​ တိုင်​ပင်​ကြ​လေသည်​။
"ကျော်​ကြီး​ရေ ဒီတိုင်းဆို ငါတို့အ​ခြေ​နေမ​ကောင်းဘူး ကြာရင်​လုံးပါးပါးသွားကြလိမ့်​မယ်​. . . ဒီ​တော့ငါတို့ထွက်​​ပြေးကြရ​အောင်​ကွာ . . . "
"ထွက်​​ပြေးတာက ဟုတ်​ပါပြီဘယ်​လိုထွက်​​ပြေးမှာလည်း င​နောင်​ရ ငါတို့ကို ဒီ​လောက်​​စောင့်​ကြည့်​​နေကြတာကို "
"မင်းကလည်း သ​ဘောင်္ငါး​တွေသွားသွင်းတဲ့အချိန်​က အနီးနားရွာ​တွေနဲ့ ကပ်​ရဆုံးအချိန်​​လေကွာ အဲ့အချိန်​ထွက်​​ပြေးဖို့အချိန်​​ကောင်း​ပေါ့ ​ကျော်​ကြီးရ " ဟုတ်​​ပေ၏ ကျန်​အချိန်​များ၌ သ​ဘောင်္သည်​ ပင်​လယ်​ပြင်​၌သာတည်​ရှိ၍ ကမ်းမမြင်​လမ်းမမြင်​ ဖြစ်​၏။
. image
Crd-org-source
ထွက်​​ပြေးရန်​အခွင့်​သာမည့်​ အချိန်​​ကောင်းအား​စောင့်​ဆိုင်​၍​နေကြ​လေသည်​။
ထွက်​​ပြေးရန်​တိုင်​ပင်​ပြီး၃ရက်​​မြောက်​​နေ့၌ င​နောင်​တို့ ငါးဖမ်းသ​င်္ဘော​ ငါးသွင်းရန်​ကမ်းနှင့်အနီးသို့​​​ကပ်​​လေ​တော့သည်​။
"ကျော်​ကြီးသ​ဘောင်္ကမ်းကပ်​လို့ ငါး​တွေသယ်​ပြီးရင်​ ငါတို့သ​ဘောင်္နဲ့ကွယ်​ပြီး​ရေထဲမှာ ​နေခဲ့ကြမယ်"
င​နောင်​ငါး​တွေသယ်​ယူရင်းနှင့်​ပင်​ ​ကျော်​ကြီးနားကပ်​၍ ခပ်​တိုးတိုး​လေး​ပြော​လေသည်​။ ​ကျော်​ကြီးလည်း အသာယာပင်​ ​ခေါင်းညိတ်​ပြ​လေသည်​။ နှစ်​​ယောက်​သား အပြင်​ပန်း၌ တည်​ငြိမ်​​နေ​သော်​လည်း ရင်​ထဲ၌များစွာလှုပ်​ရှား​နေမိ​လေသည်​။ အကယ်​၍ ထွက်​​ပြေးသည်​အားမိသွားပါလျှင်​ဆိုသည့်​ အ​တွေးတို့နှင့်​ င​နောင်​နှင့်​​ကျော်​ကြီးတို့၏ ရင်​ထဲ၌ ​ပြောင်းဆန်​၍​နေ​လေသည်​။
. image
Crd-org-source
သ​ဘောင်္​ပေါ်၌ သယ်​ယူရန်​ငါးအနည်းငယ်​သာ ကျန်​​သောအချိန်​၌ င​နောင် ​ကျောကြီးအားအသာ လက်​ပြ​ခေါ်လိုက်​​လေ၏။ ​ကျော်​ကြီးလည်း သယ်​လက်​စ ငါးများပို့၍ပြီးသည်​နှင့်​ င​နောင်​ရှိရာဘက်​သို့ မ​ရောင်​မလည်​နှင့်​ထွက်​လာခဲ့​လေသည်​။ နှစ်​​ယောက်​သား သ​ဘောင်္​ပေါ်မှလူတို့ မမြင်​ကွယ်​ရာ​နေရာဖြစ်​သည့်​ ညာဘက်​ခြမ်း​ရှိ​ ​ရေပြင်​ထဲသို့ဆင်း၍ ပုန်းလျှိုးကာ​နေကြ​လေ​တော့သည်​။ သိပ်​ကြာကြာပင်​​မ​စောင့်​လိုက်​ရ​ပေ သ​ဘောင်္ပြန်​လည်​ထွက်​ခွာရန်​ စက်​ခုတ်​​မောင်းသံပင်​ ထွက်​​ပေါ်၍ လာ​ပေ​တော့သည်​။
.
ဆက်​၍ဖတ်​ရှု​ပေးပါရန်
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

ငနောင်လစ်တော့မယ်။လွတ်ရောလွတ်မလား..ရင်ခုန်စိတ်လှုပ်ရှား ငနောင်နှင့်သူငယ်ချင်းများ။နောက်အပိုင်းမျှော်ပြီလေကိုအောင်ကြီးရေ။

ဟုတ်​ ကိုဇာ

ကိုယ်တွေ့နဲ့တူရဲ့

အဖြစ်​မှန်​တခု အ​ခြေခံထားတာပါ ဆရာ

This post has received a 20.00% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

Great post! I've learned that people will forget what you said, people will forget what you did, but people will never forget how you made them feel.

Release the Kraken! You got a 15.38% upvote from @seakraken courtesy of @aunggyi100!

ဝိုး .. ​နောက်​တစ်​ပိုင်း ​မျှော်​ရပြီ ကို​အောင်​ကြီး​ရေ ..

ဟုတ်​အကို မြန်​မာပြည်​သား

နေခဲ့ပြီး ဘယ်ပြေးမလဲ ငနောင်

ဘယ်​​ပြေးရမလည်းကို သိ​သေးဝူးအမ😂

အယ်တော် … ဖတ်နေရင်းတန်းလန်း …ကို

နောက်​တစ်​ပိုင်း ​မျှော်​😁

You have been defended with a 18.18% upvote!
I was summoned by @aunggyi100.

စိတ်ဝင်စားဖွယ်ကောင်းနေပြီ

ဟုတ်​ ဦး​ထွေး

လွတ်လား မလွတ်ဘူးလား နည်းနည်းလောက်ဆက်ရေးပေးတော့ ဘာဖြစ်မှာမို့ လဲ

ဟီးဟီး ​နောက်​အပိုင်းစိတ်​ဝင်​စား​အောင်​ချန်​ထားတာပါ ဘုရား

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04