သွားနှင့်​ညီ​လေး​ရေ

in #myanmar6 years ago

ယ​နေ့ ညီ​လေးတစ်​​ယောက်​ ဆုံးပါး၍သွား​လေသည်​။အသက်​ ၃၀ဝန်းကျင်​ အရွယ်​​ကောင်း​ပင်​ဖြစ်​​သော်​လည်း ​ရောဂါ​ဝေဒနာတို့သည်​ အရွယ်​နှင့်​မမျှ​အောင်​ပင်​ ခံစား၍ဆုံးပါးခြင်း​ပြစ်​၏။
မိမိနှင့်​အတူ ဆိုးတူ​ကောင်းဖက်​ ညီအကိုလိုတစ်​မျိုး သူငယ်​ချင်းလိုတစ်​ဖုံ ​ပေါင်းသင်းလာသည့်​ ညီ​လေးဆုံးပြီဆိုသည့်​ သတင်းကြား​သောအခါ ဝမ်းနည်းခြင်းများက ရင်​ထဲအလိုလိုပြိုဆင်းလာ၏။
ပထမဆုံး စတင်​၍ ညီ​လေးအခက်​ခဲဖစ်​သည်​ကား ​ခြေ​ထောက်​တစ်​ဆစ်​ဆစ်​ ကိုင်​၍အရိုး​ဆေးရုံတက်​၍ပြသရသည်​။
သို့​လော​ သို့​လောနှင့်​ ​သေချာ​သောအ​ဖြေ မရ​ပေ။ ​ခြေဖ​နှောင့်​ရိုးပွ၍ ခြစ်​ထုတ်​ရမည်​ဆိုကြ၏။ ​နောက်​၌ အရိုးကင်​ဆာဖြစ်​​ကြောင်း
ခြေ​ထောက်​အား ဒူး​အောက်​ပိုင်းနားမှ ဖြတ်​ထုတ်​လိုက်​ရရှာသည်​။
ထိုသို့​ဆေးရုံတက်​​နေချိန်​တွင်​ပင်​ ​ကျောကုန်းမှ ဘုအ​သေး​လေး တဆစ်​ဆစ်​နာကျင်​မှု ဖြစ်​​နေ​ကြောင်း တာဝန်​ရှိသူတို့အား ​ပြောပြရှာသည်​။
ပြန်​လည်​ရရှိသည့်​အ​ဖြေကား ပြသနာမရှိ​ကြောင်း သာမန်​​ရောဂါ​လေးဖြစ်​၍ ​ဆေး​သောက်​လျှင်​ပင်​ သက်​သာမည်​ ဆိုခဲ့ပြန်​သည်​။
သိပ်​မကြာခင်​၌ပင်​ ​ကျောကုန်း မှဘုသည်​ လက်​တစ်​အုပ်​ခန့်​ထိကြီးမား၍လာ​တော့သည်​။ ညီငယ်​ခမျာ ထိုဘု ၏ကိုက်​ခဲမှုဒဏ်​ကို အ​တော်​​လေးအံကြိတ်​ခံ​နေရ​လေသည်​။
နောက်​တစ်​ကြိမ်​​ဆေးရုံသွား၍ ပြသ​သောအခါ၌ ပြင်းထန်​​​သောကင်​ဆာဟု ​ဖြေ​လေသည်​။ရောဂါပင်​ ​အ​တော်​​လေးဆိုး​နေပြီဖြစ်​​ကြောင်း​ပြော​လေ​တော့၏။
ပထမ တစ်​ကြိမ်​​ဆေးရုံတက်​၍ ပြသည်​မှာလည်း ဤ​ဆေးရုံပင်​၊ယခု ဒုတိယအကြိမ်​ပြသည်​မှာလည်း ဤ​ဆေးရုံ၌ပင်​ဖြစ်​သည်​။
အ​ဖြေကား နှစ်​ကြိမ်​လာ နှစ်​မျိုးဖြစ်​၍​နေ​လေသည်​။ မည်​ကဲ့သို့ အားကိုးရမည်​နည်း။
ခြေ​ထောက်​တစ်​​ချောင်းဆုံးရှုံး၍ စိတ်​ဓိတ်​ကျ​နေ​သောညီ​လေးအား ကံကြမ္မာတရားကား ရက်​စက်​လွန်းလှ​ပေသည်​။
နောက်​​ကျောမှ ကင်​ဆာဘု​ကြောင့်​ ​ကောင်းမွန်​စွာ အိပ်​စက်​နိုင်​ခြင်းပင်​ မရှိ​တော့​ပေ။
ရောဂါ​ ​ဝေဒနာ တို့နှိပ်​စက်​မှုများလာ​သောအခါ ညီငယ်​တစ်​​ယောက်​ ​လောကကြီးအား အရှုံး​ပေးချင်​လာ​တော့သည်​။ သူ​သောက်​သည့်​​ဆေးတို့အား မတန်​တဆ ​သောက်​၍မိမိအသက်​အား အမြန်​ဆုံး​စေရန်​ ပြုမူခြင်းတို့ပင်​ လုပ်​​ဆောင်​လာ​တော့သည်​။
သူ့၏စိတ်​၌ ဤမျှကာလကြာ ​ရောဂါဖြစ်​​နေ၍ ပြုစု​ပေး​နေရ​သော မိသားစုကိုကြည့်​ကာ
စိတ်​မချမ်းသာမှုတို့ကား ​နေ့စဉ်​နှင့်​အမျှ ဖြစ်​​နေ၍ မြန်​မြန်​​သေဆုံးလျှင်​ ​အေးမည်​ဟူ၍ ​တွေးထင်​မိ၍​နေမည်​။
ရောဂါ၏ နှိပ်​စက်​မှု​ကြောင့်​ ၆ရက်​၇ရက်​ခန့်​မျှ ထမင်းပင်​ မစားနိုင်​ရှာ​တော့​ပေ။ ​နောက်​တစ်​​နေ့ ည ၉နာရီခန့်​တွင်​ စကား​ပြော​နေရင်းနှင့်​ပင်​ အသက်​ထွက်​သွားရှာ​လေသည်​။
တခြားစိတ်​တို့ မရှိ​သော်​လည်း ဆုံးပါးသွားသည်​ပင်​ ​ကောင်းသည်​ဟု ဆိုရ​ပေမည်​။
နေ့စဉ်​လို ခံစား​နေရသည့်​ ​ဝေဒနာဆိုးကြီးမှ ညီငယ်​​လေး ခံစား​နေရသည်​တို့မှာ မြင်​ရင်​စရာပင်​မရှိ​ပေ။
နောင်​ဖြစ်​​လေရာ ဘဝများ၌ ညီငယ်​​လေးတစ်​​ယောက်​ ယခုကဲ့သို့ အဖြစ်​ဆိုးမျိုးနှင့်​ မကြုံ​တွေရပါ​စေနဲ့ ဟု ​တောင်းဆုပြုရင်း ဤစာစု​လေးအား အဆုံးသတ်​လိုက်​ရပါသည်​။
. image
Crd-org-source
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Sort:  

စိတ်မကောင်းဘူးဗျာ ကိုအောင်ကြီး

ဟုတ်​ ကိုညီ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ကျေးဇူးပါပဲ

ထပ်တူစိတ်မကောင်းဖြစ်ရပါတယ် သားလေး

ဟုတ်​ကဲ့ပါ ဆရာမ

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကေျးဇူးပါ

မြန်မာ့ဆေးပညာ တိုးတက်ဖို့လိုနေပါပြီ...
အဖြေက ဆယ်ကြိမ်ပြဆယ်မျိုးဖြစ်နေမှာ ရမ်းကုတွေလက်ထဲ
အသက်ပေါင်းဘယ်လောက်တောင်စတေးခဲ့ရပြီလည်း။

အာ့ထက်​ပိုပြီး ​ရေးချင်​တာ bro
မ​ကောင်းတတ်​လို့😢

ကင်ဆာဖြစ်တာ သင်္ဘောအဖိုပင်ကို ကြိုသောက်ရတယ်ပြောတယ်

ဟုတ်​အမ မှတ်​ထားပါ့မယ်

ဝေဒနာဆိုးရှာသူ ထပ်တူ ဝမ်းနည်းပါသည်

ဟုတ်​ဦး​ထွေး ​တော်​​တော်​ခံစားသွားရရှာတယ်

မြန်မာပြည်မှာ လူမသိ သူမသိ ဖြစ်ပျက်နေတဲ့ အခုလို အဖြစ်ဆိုးတွေ ဘယ်လောက်များနေမယ်မသိပါ မိသားစုနဲ့ အတူ ထပ်တူ ဝမ်းနည်းမိပါတယ်

ဟုတ်​တယ်​ ​လေးစိုး မြန်​မာပြည်​မှာအဲ့လိုအဖြစ်ေ​တော်​​တော်​များတယ်​ဗျ

သတ္တဝါရယ်လို ဖြစ်လာရင် အိုနာသေဘေး ကြုံတွေ့ရတယ် ဒါပေမဲ့ ညီငဟ်လေးအဖြစ်က ကြွေချိန်စောလွန်းခဲ့ပါတယ်

တင့်​ပ ဝမ်းနည်းစရာပါဘုရား

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75