သင့်Facebook Accountလုံခြုံမှုရှိရဲ့ လား?

in #myanmar6 years ago

ဒီနေ့တော့ITနဲ့ပတ်သတ်တဲ့
အကြောင်းလေးပြောပြချင်ပါတယ်။
ဒီPostလေးကရေးသင့်နေတာ
ကြာပါပြီ။ဒီကြားထဲမှာတခြားPost
တွေရေးရင်းနဲ့ဒီPostလေးဘက်ကို
မလှည့်ဖြစ်တာပါ။ဒီနေ့တော့ရေး
လိုက်ပါပြီ။Steemit Userတွေအနေနဲ့
Facebookကိုတော့အတော်အတန်
တီးမိခေါက်မိရှိကြလိမ့်မယ်ထင်ပါ
တယ်။ဒါပေမဲ့ မြန်မာနိုင်ငံက
Facebook Userတော်တော်
များများဟာFacebookမှာ
Securityပိုင်းကိုဂရုမစိုက်တတ်ကြ
ပါဘူး။အဲ့ဒီအချက်ကဘဲ
အားနည်းချက်ဖြစ်လာပြီးတချို့သော
လူယုတ်မာတွေအတွက်ငွေညှစ်နိုင်ဖို့
အခွင့်အလမ်းတွေများစေခဲ့ပါတယ်။
ယနေ့အချိန်ထိအောင်လည်း
Facebookပေါ်မှာဒုက္ခအမျိုးမျိုးနဲ့
ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ဒါကြောင့်ကိုယ့်ရဲ့Privacyနှင့်
Personal Informationတွေ
အများဆုံးစုစည်းထားတဲ့Facebook
Accountဟာ တခြားမသမာသူတွေ
လက်ထဲရောက်သွားရင်တော့
အနည်းနှင့်အများဆိုသလိုစိုးရိမ်ပူပန်
သောကရောက်စေမှာဖြစ်ပါတယ်။
ကဲပြောနေကြာပါတယ်။ကျွန်တော်
တို့နိုင်ငံမှာMobile Phoneနဲ့
Internetသုံးလို့ရပြီဆိုကတည်း
Facebook Accountဆိုတာမရှိမဖြစ်
လိုအပ်ချက်ကြီးတစ်ခုအဖြစ်ရောက်ရှိ
လာပါတယ်။ဒီတော့Facebook
Accountဆိုတာကြီးကိုလိုချင်လွန်းလို့
3000,5000,10000စသဖြင့်ပေးဝယ်
ကြတယ်။ကိုယ့်အသိမိတ်ဆွေထဲမှာ
Facebook Accountလုပ်တတ်တဲ့
သူရှိရင်လည်းဒီလိုပဲနီးစပ်ရာလုပ်ခိုင်း
ကြတယ်ပေါ့။ဒါပေမဲ့ Gmailနဲ့လုပ်တဲ့
Facebook Emailအနေနဲ့သာသတ်
မှတ်ပြီးGmailနှင့်Passwordသာ
အဓိကထားပြီးမှတ်ကြတယ်။တကယ့်
မူရင်းGmail Accountရဲ့Password
ကဘာလဲဆိုတာကိုမသိကြဘူး။
မေးလည်းမမေးဘူး။နားလည်းမလည်
ကြဘူး။အခုချိန်မှာFacebookက
Errorကြီးကြီးမားမားတစ်ခုတက်နေ
တာမလို့အားလုံးသတိပြုသင့်ပါတယ်
။ကိုယ့်လက်ထဲမှာသာGmailရဲ့
Passwordရှိရင်Facebook
Password Changeစရာမလိုဘဲ
accထဲကိုဝင်နိုင်နေတဲ့Functionက
Facebookအတွက်အားနည်းချက်
တစ်ခုဖြစ်လို့နေပါတယ်။အဲ့ဒါလေး
ကိုပုံလေးတွေနဲ့ရှင်းပြချင်ပါတယ်။
image
ပထမဆုံးGmailကိုအသုံးပြုပြီး
Facebook Reset Codeကို
တောင်းကြည့်မယ်ဗျာ။
image
ဒီအဆင့်မှာတော့Gmailကိုပဲရွေးမယ်ဗျ။
image
အဲ့တော့Codeတောင်းပြီပေါ့။
image
Gmailရဲ့InboxကနေCodeပါတဲ့
Massageကိုသွားကြည့်မယ်။
image
Codeထည့်လိုက်ပြီးContinueနှိပ်လိုက်တဲ့အခါ
image
အဲ့မှာတကယ့်ပြဿနာကSkipပါပဲ။
Skipကိုနှိပ်လိုက်တာနဲ့Facebook
PasswordမChangeဘဲအသာလေး
Accထဲရောက်သွားပါလိမ့်မယ်။
အဲ့ဒါကိုကDeviceမတူလည်းဝင်ရနေ
ပါတယ်။Password Changeတာ
မဟုတ်တော့လည်းတစ်ဖက်သုံးနေ
တဲ့Accပိုင်ရှင်ကလည်းသူ့Accထဲကို
တစ်ယောက်ယောက်ဝင်နေတယ်ဆို
တာမသိတော့ပါဘူး။

အဲ့တော့Gmailအဟောင်းကို
ဖျက်ထုတ်ပြီးကိုယ့်မှာGmailအသစ်
ရှိတယ်ဆိုရင်ထည့်လို့ရတယ်။
ဒါဆိုရင်တော့ ကိုယ့်Accထဲကို
အရင်Gmailရဲ့Passwordသိသူက
ဝင်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့
အခုလက်ရှိFacebookမှာError
အကြီးစားတက်နေတာက
အရင်Gmailအဟောင်းကိုဖျက်
ထုတ်လို့မရဖြစ်နေတာပါ။ဒါလေးကို
လည်းပုံလေးတွေသုံးပြီးရှင်းပေးပါမယ်။
image
အဲ့ဒီမှာGmailကိုPrimary Email
(အဓိကဆက်သွယ်နိုင်တဲ့လိပ်စာ)
တောင်းပါတယ်။Facebookနဲ့ပတ်
သတ်သမျှအချက်အလက်တွေကိုပေးပို့ဖို့ဖြစ်ပါတယ်။
image
ဟိုအရင်တုန်းကတော့ဒီနေရာမှာ
ကိုယ်အဓိကထားချင်တဲ့Emailကို
အမှန်ခြစ်လုပ်ရတယ်။
Passwordထည့်ပေးပြီးSaveလုပ်
ရင်Primary Emailအဖြစ်ရပါတယ်။
ဒါဆိုရင်တခြားMailတွေကိုRemove
လုပ်လို့ရပါတယ်။Primary Email
ထားထားတဲ့Mailရဲ့ဘေးမှာတော့Removeမပေါ်ပါဘူး။
image

ဒီတော့ ကိုယ့်Accထဲကိုတစ်ယောက်
ယောက်ဝင်နေတာသိလို့Gmailကို
ဖျက်ထုတ်ချင်ရင်တောင်ဖျက်လို့
မရပါဘူး။မရသ၍Accကိုဝင်ချင်
သလိုဝင် ထွက်ချင်သလိုထွက်နိုင်နေ
ပါတယ်။ကိုယ်သတိမထားမိတဲ့
အရာလေးကဘယ်လောက်တောင်
ကြောက်ဖို့ကောင်းတယ်ဆိုတာ
လက်တွေ့ပြလိုက်တာပါ။ဒီတော့
Login Approvals Codeခံထားတာစိတ်အချရဆုံးပါပဲ။
နောက်နေ့PostမှာSecurityထည့်
နည်းတွေကိုရေးပြပေးဦးမှာပါ။
ဆက်လက်အားပေးကြပါဦးနော်။
image
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Sort:  

လုံခြုံရေးအဆင့်ကတော့ မြှင့်ထားလေကောင်းလေပဲ

အကောင်းဆုံးပေါ့ကိုစိုးရာ

သူများတွေငွေညှစ်ခံကြရတာကြားဖူးတယ်အချို့လည်း အကောင့်သစ်ဖောက်ချလိုက်တာပဲ

တချို့ကျတော့လည်းဘဝပျက်တဲ့အထိပါရောက်နိုင်
လို့ပါ အဲ့ဒါကြောင့်လည်းသတိပေးနေရတာ

Gmail သိရင် ရနေပြီ

အဲ့ဒါကိုမသိကြတော့ခက်တယ် ကိုစောရေ

Ok,ဆက်အားပေးပါ့မယ်😁

ဟုတ် အားပေးနေလို့ကျေးဇူးပါဗျာ

Block ဖြေနည်းလေးလည်း တင်ပါဦး

နောက်Postမှာထည့်ပေးလိုက်ပါ့မယ်ကိုဟိန်း

ဗဟုသုတ တွေရရှိလိုက်ပါတယ်
ကျေးဇူးပါဗျာ

ဟုတ် ဗဟုသုတရစေတယ်ဆိုရင် ရေးရကျိုးနပ်တာပေါ့ဗျာ

ညီ့လိုလူငယ်‌‌တွေ MSC မှာရှိတာ အားရတယ်‌ကွာ။‌လေးစားပါတယ်‌ညီ။အခုလို အသိ‌တွေ‌ဝေမျှလို့ ‌ကျေးဇူးလည်းတင်‌ပါတယ်‌။

ဟုတ် ပညာကိုယ်စီတော့ရှိကြပါတယ်ဗျာ
တစ်ဦးနှင့်တစ်ဦးမျှဝေတဲ့သဘောပါပဲ

2-step verification ခံထားရင်ကောမရဘူးလားဗျ ပြီးတော့ Login devices ကနေ ဘယ်အလုံးတွေသုံးနေတယ်ဆိုတာကော ဝင်ကြည့်လို့ရတယ်မလား အဲ့မှာ ကို့ acc ထဲဝင်နဲ့ decvices မှန်သမျှတွေ့ရတော့ အဲ့ကနေမသိနိုင်ဘူးလား

Security and Logins ကနေကြည့်နိုင်ပါတယ်
ခုပြောထားတာလေးက အဲ့လိုaccထဲကိုတစ်ယောက်ယောက်ဝင်နေတယ်ဆိုတာကိုသိတယ်ဆိုရင်တောင် မဝင်အောင်Gmail
ကိုဖျက်ထုတ်ထားလို့မရဘူးဆိုတာကိုပြချင်တာပါ

အော် ဟုတ်ပြီဗျ 2-step ခံထားလိုက်ရင်လဲ စိတ်ချရပြီမလား?

2Stepခံထားရင်တော့ စိတ်ချရပါတယ်

မဖြစ်သေးတော့ ပေါ့ပေါ့ဆဆနေမိကြတာပါ။လုပ်ထားနိုင်ရင်အကောင်းဆုံးဖြစ်တယ်လို့မြင်မိပါတယ်။လုပ်ထားပါအုံးမည်။

ဟုတ်တယ် ကိုယ်ကိုယ်တိုင်ကြုံမှသိရတာ
လုံခြုံရေးလုပ်ထားတာအကောင်းဆုံးပါ

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဗဟုသုတရပါတယ်ဗျာ

ဟုတ်ပါတယ် အကျိုးရှိရှိမသုံးတတ်ရင် ဘေးတွေ့နိုင်တယ်

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61585.79
ETH 3005.19
USDT 1.00
SBD 3.68