ကိုယ့်နံမည်ကို ပြန်ခေါ်တတ်သော အကောင်ခွန်နှစ်မျိုး

in #myanmar6 years ago

Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော်တစ်ခါမှ မကြားဖူးခဲ့သေးတဲ့အကြောင်းရာကို အရက်ဝိုင်းကလူတွေ ပြောနေရာက ကြားလာခဲ့ရလို့ ဖောက်သည်ပြန်ချပါရစေ။ တစ်ခါမှ မကြားဖူးဘူးဆိုလို့ အရမ်းကြီး ထူးဆန်းတာလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သူတိုပြောသလိုမျိုးဟာ ရှိတယ်ဆိုတာ တစ်ခါမှ မတွေးတောခဲ့ဖူးသေးတာပါ။
220px-Eudynamys_scolopacea_-_20080801[1].jpg
Image source
မနေ့က ခပ်ပျင်းပျင်းရှိတာနဲ့ စည်ဘီယာလေး တစ်ခွက်နှစ်ခွက်သောက်ရန် အလို့ငှာ ဘီယာဆိုင်ဘက် ခြေဦးလှည့်ခဲ့တယ်ဗျာ။ အဖော်ကလည်း မပါ တကိုယ်တည်းဆိုတော့ ဘီယာလေးတစ်ခွက်မှာပြီး အလကားရတဲ့ မြေပဲစားလှော်ဝါးရင်း ဖုန်းလေးပွတ် ဟိုကြည့်ဒီကြည့်ပေါ့လေ။ သွားတုန်းကတော့ တစ်ခွက် နှစ်ခွက်ပဲလို့ ရည်ရွယ်ပေမဲ့ ဖုန်းပွတ်နေရင်း သောက်လိုက်တာ ခြောက်ခွက်လောက်အထိ ဝင်သွားတယ်။ ကိုယ်လည်း အရှိန်လေးနည်းနည်းရနေတဲ့အချိန် ဘေးနားက ဝိုင်းကလည်း စားကြသောက်ကြရင်း ဆူညံနေလို့ အာရုံက သူတို့ဘက် ရောက်သွားတယ်။
220px-Spotted_Owlet_(Athene_brama)-_Pair_in_Foreplay_at_Bharatpur_I_IMG_5472.jpg
Image source
သူတို့ဝိုင်းက ငါးယောက်လောက်ရှိတယ်ဗျ။ တစ်ခုခု အဆင်ပြေလာလို့ အောင်ပွဲခံတဲ့အနေနှင့် လာသောက်ကြတဲ့ သဘောရှိတယ်။ အဲဒီထဲက တစ်ယောက်က သူတို့အခုလို အဆင်ပြေလာတာ သူကြောင့်ဖြစ်ဟန်တူပါတယ်။ အသံကစွာကျယ် စွာကျယ်နဲ့ ။ " သောက်ကြကွာ မင်းတို့ အလိုဆိုရင် ခုလိုအဆင်ပြေမှာ မဟုတ်ဘူး ငါ့ကြောင့် ရတာ " လို့ ဆိုပါတယ်။ ကျွန်တော်လည်း ဖုန်းဆက်မပွတ်တော့ပဲ သူတို့ဝိုင်းဘက် နားစွင့်နေမိပါတယ်။
tokay.jpg
Image source
သူတို့ ဘယ်လိုအကြံအဖန်နဲ့ အဆင်ပြောလာတယ်ဆိုတာတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ အစောက အသံစာစာနဲ့ လူကတော့ အခုလို အဆင်ပြေလာတာ သူ့ကြောင့်ဆိုတဲ့ စကားမျိုးပဲ ခဏခဏပြောလို့နေပါတယ်။ သူတို့ အဖွဲ့ထဲက အသက်အနည်းငယ်ကြီးတဲ့ တစ်ယောက်က နားကြားပျင်း ကတ်လာဟန်တူပါရဲ့။ " မင်းဟာက ကိုယ့်ကိုယ်ကို ခေါ် မသူတော်ခွန်နှစ်ပါးဆိုတာလို ဖြစ်နေပြီ ကွ " လို့ ပြောသံကြားလိုက်ရတယ်။ ကိုယ့်ကိုယ်ကိုခေါ် မသူတော်ဆိုတာတော့ ကျွန်တော်လည်း ကြားဖူးပါရဲ့ ။ ဒါပေမဲ့ နောက်က ခွန်နှစ်ပါးဆိုတဲ့ဟာတော့ မကြားဖူးသေးဘူးဗျ။ ဒါနဲ့ ဆက်ပြီးနားစွင့်ရတာပေါ့။
220px-Vanellus_indicus_-_Laem_Phak_Bia.jpg
Image source
သူတို့အဖွဲ့ထဲက လူတွေကလည်း ကြားဖူးကြဟန် မတူပါဘူး။ " ကိုယ့်ကိုယ်ကိုခေါ် မသူတော် ခွန်နှစ်ပါး ဆိုတာက ဘာတွေလဲဗျ " လို့ မေးသံကြားလိုက်ရတယ်။ ဒီအကြောင်းအရာကို စပြောတဲ့သူက သူ့စကားကို ဆက်လိုက်တယ်။ " ကိုယ့်နံမည်ကို ပြန်ခေါ်တတ်တဲ့ အကောင် ခွန်နှစ်မျိုး ရှိတယ်ကွ မင်းတို့ သိလား " လို့ မေးတယ်။ ကျွန်တော်လည်း သူများဝိုင်းနားစွှင့်နေရင်း ဦးဏှောက်ကို အလုပ်ပေးနေမိတယ်။ ကိုယ်နံမည်ကို ပြန်ခေါ်တတ်တဲ့ အကောင်တွေ ကိုစဉ်းစားနေရတာပေါ့ဗျာ။ ကျွန်တော်စဉ်းစားလို့ ရတာကတော့ လေးကောင်လောက်ပဲစဉ်းစားလို့ရတယ်ဗျာ။ ဒါနဲ့ပဲ ဆက်နားစွှင့်ရတာပေါ့ဗျာ။
220px-Common_Iora.jpg
Image source
" မင်းတို့ မသေမချင်းမှတ်ထားကွ " တဲ့။ သူတို့အချင်းချင်းပြောနေကြတာပါ။ အဲဒီလူပြောတဲ့ အကောင်ခွန်နှစ်မျိုးကို ကျွန်တော်လည်း မှတ်သားလာခဲ့တယ်။ ကိုယ့်နံမည်ကို ပြန်ခေါ်တတ်တဲ့ အကောင်ခွန်မျိုးကတော့

( ၁) ဥသြ
( ၂ ) ဇီးကွက်
( ၃ ) တောက်တဲ့
( ၄ ) တစ်တေတူး
( ၅ ) ရွှေပြည်စိုး
( ၆ ) တီးတုပ်
( ၇ ) ခွေးခေါ်ရစ်လို့ ခေါ်တဲ့ ( ယောက်ဖခွေးခေါ်ငှက် ) တို့ ဖြစ်ကြပါသတဲ့ဗျာ။
220px-Brown_Fish_Owl;_Ketupa_zeylonensis.jpg
Image source
ကိုယ့်နံမည်ကို ပြန်ခေါ်ကြလို့ မသူတော်စာရင်းဝင်ကြသလား မဝင်ကြသလားတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ အထက်က ပြောတဲ့ အကောင်ခွန်နှစ်ကောင်ကတော့ ကိုယ့်နံမှန်ကို ပြန်ခေါ်တတ်ကြတာ အမှန်ပါပဲ။
220px-Indian_Cuckoo_(J).jpg
Image source
ဘာပဲပြောပြော မသိသေးတဲ့ကျွန်တော်လည်း မှတ်သားလာခဲ့ပြီး ရေးစရာတစ်ခုရလာခဲ့တယ်ဆိုပါတော့ဗျာ။

steemit တွင်စာရေးသားသောမြန်မာများ အောင်မြင်ကြသူများ ဖြစ်ကြပါစေ။

Author>>>@aungzawhtwe

MSC : 014

Sort:  

မသူတော်ထဲ ဝင်မှာစိုးလို့ ကွီးစောလို့ ကိုယ့်ကိုယ်ကို မခေါ်ရဲတော့ဘူး

ဟုတ်တယ် မခေါ်တော့နဲ့😁😁😁

လူတွေအမှတ်တမဲ့ သတိမထားမိတဲ့ အကြောင်းအရာလေးတွေပေါ့

ဟုတ်တယ် ကိုသန့်ရ အမှုမဲ့ အမှတ်မဲ့နဲ့ သတိမထားမိတဲ့ဟာလေးတွေပေါ့။

ပုံနဲ့ ‌ဖော်‌ပြ‌ပေးလို့ ‌ကျေးဇူးပါကို‌ထွေး။‌ယောက်‌ဖ‌ခွေး‌ခေါ်ကို မ မြင်‌ဘူး ဖူး‌လေ။

ကျွန်တော်တို့ဘက်မှာ အဲ့ငှက်တွေပေါတယ်ဗျ။ ကိုမဟော်တို့က မြို့ပေါ်မှာဆိုတော့ ဘယ်မြင်ဖူးမလဲ။

ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ၇ ပါး က တခြားဟာများ ရှိသေးလား
လေ့လာကြည့်ပါဦးလား

ဟုတ်ကဲ့ကိုဟိန်း ရှိဦးမယ်ထင်တယ်။

အလို​လေး ​ခြောက်​ခွက်​​တောင်​ဝင်​တယ်

အဲဒါတောင် ရေချိန်ကမကိုက်ချင်သေးဘူးရယ်။

​ထြး​ေ.. ​ ​​  ​​​​​​​... ​​​​​...

ဟုတ်ကဲ့ ကိုလင်း နားလည်ပါတယ်။ ရပါတယ်ဗျ။

နာမည်တွေတော့ကြားဖူးပေမယ့်ခုမှပဲပုံနှင့်တကွမြင်းဖူးပေတော့တယ်ဗျာ

ကျွန်တော်လည်း မနည်းရှာလိုက်ရတယ်။😁😁😁

အော် ကိုထွေးတို့က ဗဟုတုတလဲရ ရေးစရာ စာစုလည်း ရပေါ့ဗျာ

ရေးစရာရလာတာနဲ့ တန်းရေးလိုက်တာပဲ။😁😁😁

ခုမှပဲရှင်းရှင်းလင်းလင်းမြင်​ဖူး​တော့တယ်​အကို​ရေ

အရင်က မမြင်ဖူးဘူးလား။

ဟုတ်တော့ဟုတ်နေတာပဲ
ခုမှပဲသတိထားမိတော့တယ်

ကိုယ့်နံမည်ကိုပြန်ခေါ်တတ်တဲ့တစ်ခြားအကောင်တွေလည်း ရှိဦးမယ်ထင်တယ်။

ကျန်တော်တို့တွေကောပါမယ် ပြန်၂ခေါ်တတ်လို့လေ 😂

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86