သိမ်းပိုက်ခြင်းမဲ့

in #myanmar6 years ago

CreatingAFreedomMindset-1024x576.jpg
source
သေတ္တာပျက်လျှင်ပြင်ရပေမဲ့
မေတ္တာပျက်လျှင် ပြင်မရပါ။
ဆုတ်ကပ်ကမ္ဘာရောက်လာတဲ့
ဒီအချိန်ခါမှာ လူဖြစ်လာတဲ့ကိုယ်တောင်
လူ့သက်တန်းရဲ့ တစ်ဝက်ကျိုးချိန်ကို
ရောက်ခဲ့ပါရော့လား။
ပြောင်းလဲခြင်းက သဘာဝတဲ့
လောကကြီးတစ်ခုလုံး
နေ့စဉ်ပြောင်းလဲ နေသလို
ငါ့ရဲ့ ခန္တာနှင့် ဇရာလည်း လိုက်လံ
ပြောင်းလဲနေလေရဲ့။
ဘာတွေ ဘယ်လိုပင်ပြောင်းလဲခဲ့ပြောင်းလဲခဲ့
ငါ့ဆီမှာ မပြောင်းလဲထာဝရရှိနေတဲ့
အရာတစ်ခုတော့ ရှိနေလေရဲ့။
မည်သည့်အရာကိုမှ
သိမ်းပိုက်မထားလိုသော
သို့မဟုတ်
မည်သည့်အရာကိုမှ ကြာကြာခံစား
ဝမ်းနည်းမနေတတ်တဲ့
စိတ်လေးပေါ့။
ချစ်စရာတွေ့ရင် ချစ်တတ်ပြီး
မုန်းစရာ ဆိုလည်း မုန်းတတ်ပါတယ်။
ကြာရှည်စွဲမြဲစွာတော့
ရင်မှာခံစား သောကပွားကာ
ချစ်ခြင်း မုန်းခြင်း ရမက်မီးများကို
အမျှင်မတန်းစေတတ်တဲ့
ကိုယ့်စိတ်ကလေးကိုတော့
လူသူမသိ ကိုယ်တိုင်ကြိတ်ကြိုက်မိပါရဲ့။
sq_03a_Lng.jpg
source

Author>>>@aungzawhtwe

Sort:  

သံယောဇဉ်ဆိုတာ ဖျက်နိုင်ရင်တော့ ကောင်းပါတယ်

သံယောစဉ်မပျက်ဘူးးးးး။

မပြောင်းလဲသောထာဝရအရာကဘာပါလိမ့်နော်

ဘာလိုလို ညာလိုလို။

Your article is very good, my game is very fun. https://goo.gl/Dd9394

သံယောဇဉ်ကုန်မဲ့စကား မပြောပါနဲ့လား

ဘာဖြစ်လို့လဲ။

ချစ်ခြင်းမုန်းခြင်းမရှိပါက အေးချမ်းခြင်းတစ်မျိုးပေါ့

အဲဒါပဲကောင်းတယ်လေ။

ကိုယ့်ကိုယ်ကိုပဲ ကြိတ်ခိုက်နေရမှာပါပဲ

သူများမှ မကြိုက်တော့ ကွကိုပဲကြိုက်ရတော့တာပေါ့။

Your article is very good, my game is very fun. https://goo.gl/Dd9394

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86