အမြင်မလှ ဘဝင်မကျ ဘုံဘဝ ဒုလ္လဘ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ဒီနေ့တော့ အမြင်မသင့်တာလေးတစ်ခု တွေ့မြင်မိခဲ့လို့
အမှတ်တမဲ့ ဓာတ်ပုံရိုက်ယူကာ တင်ပေးလိုက်ပါတယ်...
image
စိတ်ထဲမှာ ခိုးလို့ခုလို့နဲ့ ဘဝင်မကျ ဖြစ်ခဲ့မိခြင်းနှင့်အတူ
သာသနာတော်အတွက် အားငယ်မိခဲ့ပါတယ်။
ထိုသို့ ခံစားမိခဲ့လေတော့ အကုသိုလ် ဖြစ်လေမလား
မပြောတတ်ပေမယ့် ထိုပုဂ္ဂိုလ်တို့ကိုတော့ ဘဝင်ညစ်ညူး
စေခဲ့မိတာ မတတ်နိုင်ပါဘူးဗျာ...

ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာ
သရဏံဂုဏ်သုံးပါးကို အစဉ်သဖြင့် ဆောက်တည်စွဲမြဲသော
ဗုဒ္ဓဘာသာ စစ်စစ်မှာလည်း နည်းပါးလှပေမည်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့သာ များပြားလှပေမည်။

မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ဘဝသည် ရခဲလှပေစွ...

ဤသတ္တလောကကြီးတွင်

  • လူဖြစ်ရခြင်းသည် လွန်စွာရခဲသောဘဝ ဖြစ်သည်။

  • ဗုဒ္ဓဘုရားသာသနာတော် အတွင်း၌ လူဖြစ်ရခြင်းသည်
    ပို၍လွန်စွာရခဲပေသည်။

  • ဗုဒ္ဓဘာသာဝင် လူဖြစ်ရခြင်းသည် သာ၍လွန်စွာ ရခဲဖြစ်ခဲပေသည်။

  • ရဟန်းဘဝ လူဖြစ်ရခြင်းသည် အခက်ခဲဆုံး ဖြစ်ပေသည်။

ဒုလ္လဘ ဟူသည် ရခဲဖြစ်ခဲသော အခြင်းအရာ ဖြစ်၍
လွန်စွာ တန်ဖိုးထားအပ် မြတ်မွန်လှပေသည်။

သို့ဖြစ်၍ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားသာသနာတော်အတွင်း ဗုဒ္ဓဘာသာဝင် လူ
ဖြစ်လာခဲ့ရသည်မို့ ပို၍ ထူးမြတ်စေရန်
ရရန် ရောက်ရန် ဖြစ်ရန် ခက်ခဲလှစွာသော ဒုလ္လဘရဟန်း
ဝတ်ခြင်းကို ပြုတတ်ကြလေသည်။

ဤတွင် ယခုခေတ်ကာလ၌ ဤမွန်မြတ်လှသော
ဒုလ္လဘရဟန်း ဝတ်ခြင်း အရာကို ကုသိုလ်ရလိုသောစိတ်၊
တန်ဖိုးထားစိတ်တို့ ပါဝင်ဖြစ်ကြသော်လည်း
ဘာသာတရား၏ အနှစ်သာရကို လေးလေးနက်နက်
တွေးဆဆင်ခြင်ကျင့်ကြံခြင်း မပြုကြဘဲ
အပျော်သဘော ကုသိုလ်ရလိုဇောဖြင့် ဖြစ်သလို
လုပ်ဆောင်နေကြသည်များ ရှိကြပါသည်။

မကြာမီ ရောက်လာတော့မည့် နှစ်သစ်ကူးသင်္ကြန်
အခါသမယတွင်လည်း အရက်သမားများစွာသည်
ဒုလ္လဘရဟန်း ဝတ်လေ့ရှိကြပါသည်။ အရက်သောက်
ပျော်ပါးနေသည်နှင့် စာလျှင် လွန်စွာ ကောင်းမြတ်လှပေသည်။
ထိုထက်ပို၍ ရဟန်းကျင့်ဝတ်နှင့် လျော်ညီစွာ နေထိုင်လျှင်ကား
သာ၍ ထူးမြတ်လှပေမည်။

အပေါ်က ဖြစ်စဉ်ကို ပြန်ကောက်ပါမည်...

နေ့လည်မွန်းတည့်ခါနီး အချိန်တွင် အိမ်စီးကားတစ်စီး
လက်ဖက်ရည်ဆိုင်ရှေ့ ဆိုက်ရပ်လာခဲ့ပါသည်။
ကားပေါ်မှ ရဟန်းဟု ဆိုရဖွယ်သော
ဦးဇင်းတစ်ပါး၊
ဦးဇင်း၏ သားတွေ ဖြစ်ဖွယ်ရှိသော
သာမဏေကိုရင်သုံးပါး နှင့်
ဦးဇင်း၏ မယားဖြစ်ဖွယ်ရှိသော
အမျိုးသမီးတစ်ဦး တို့ ဆင်းလာခဲ့ကြပြီး
လက်ဖက်ရည်ဆိုင် တွင် နေ့လည်စာ စားသုံးကြပါသည်။

ဦးဇင်းမှ တစ်နှစ်အရွယ်ခန့် ရှိသော ကိုရင်ကလေးကို
ဆွမ်း (အစာ) ခွန့်ကျွေးခဲ့ပါသည်။ ထိုသို့ မိသားစုလိုက်
ဦးဇင်း ကိုယ်တိုင် ကားမောင်း ခရီးထွက်ကြသည်၊
နေ့လည်စာ သုံးဆောင်ကြသည်ကို မြင်မိသောအခါ
ကျွန်တော်သည် သာသနာအတွက် ရင်လေးမိကာ
ဘဝင်မကျ ဖြစ်ခဲ့မိသည်ကို မိတ်ဆွေတို့ ဆိုရင်ရော
အဘယ်သို့ ရှိပါမည်နည်း...

သို့ဖြစ်ပါ၍ မှတ်တမ်းမှတ်ရာ ဗုဒ္ဓဘာသာဝင်များ
ဆင်ခြင်နိုင်ရန် အလို့ငှါ စာရေးသားတင်ပြလိုက်ရပါတယ်။
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဗုတ်မန့်ပေးလို့ ကျေးဇူးပါဗျို့

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for vote and comment

Posted using Partiko Android

ဟုပ်​ပါ့ဗျာ

Posted using Partiko Android

ပြောကို ပြောချင်တော့ပါဘူး 😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 66095.77
ETH 3184.92
USDT 1.00
SBD 4.12