လေးစားဂုဏ်ယူပါသည် ကိုဟင်နရီ နှင့် MSC အကြောင်း တစေ့တစောင်း

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
မနေ့ညက ကျွန်တော်တို့ MSC ခေါင်းဆောင်ကြီး
ကိုဟင်နရီအောင် နှင့် ရို့စ် တို့၏ မင်္ဂလာညစာ စားပွဲသို့
တတ်ရောက်ဖြစ်ခဲ့ပါတယ်။
image
#Congratulations ပါ @kachinhenry ကိုဟင်ရေ...

တကယ်တော့ ကျွန်တော်ဟာ ကိုဟင်နရီအောင် ကို
သိပ်တော့ မကြည်ချင်ဘူးဗျ။
ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော့်ကို
မခင်ချင်သလိုမျိုး ထင်ရလို့ပါ။
ဒါပေမယ့် ကိုယ်က ခင်ချင်နေတော့လည်း....
image
တကယ်တမ်းတော့ သူက မခင်ချင်တာ
ဟုတ်ချင်မှလည်း ဟုတ်မှာပါ။
ဘာကြောင့်လဲ ဆိုတော့ Online Earning လုပ်ရာမှ
တွေ့သိကြသူတွေကို ယုံကြည်ဖို့ မလွယ်ဘူး
မဟုတ်လားဗျ။
image0
သို့သော် ကျွန်တော် သူ့ကို လေးစားဂုဏ်ယူမိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သူ လုပ်နိုင်တာတွေကို
ကျွန်တော် မလုပ်နိုင်သေးဘူးလေ။
ဟုတ်တယ်မလား?
သူဟာ MSC ကို တည်ထောင်ပြီးတော့
မြန်မာနိုင်ငံသား ကျွန်တော်တို့လို Steemit User
တွေကို Online ကနေ အကျိုးအမြတ်ရအောင်
ကူညီပေးခဲ့ သလို ပရဟိတများစွာလည်း လုပ်ပေးနိုင်ခဲ့
တယ် မဟုတ်ပါလား။
ခုချိန် Steem ဈေး ကျလို့ အကျိုးအမြတ် နည်းသွား
ပေမယ့် မိမိတို့သာ ကိုယ့်လောဘနှင့်ကိုယ် ဝယ် မထည့်
ခဲ့ဘူးဆို အရှုံး မရှိစေနိုင်ဘူး။ ခုလည်း မရှုံးကြသေးဘူး
မဟုတ်ပါလား။

ဒီလိုတွေ ရှိခဲ့ ဖြစ်ခဲ့ပေမယ့်
ကျွန်တော်တို့ MSC အဖွဲ့ဝင်များ အနေဖြင့်
ကိုဟင်နရီအောင် ကို ဘာများ အကျိုးပြုဖူးပါသလဲ။
Pro တင်ရာ မရလို့ ပြောခဲ့ကြတာမျိုး ရှိခဲ့ကြသလို
သူ စိတ်ချမ်းသာအောင် ဘာတွေ ပြောဆို ပြုမူ
ဖူးကြပါလဲ။

ကျွန်တော် ကိုယ်တိုင်လည်း သူနှင့်တွေ့တိုင်း
သူ ကျွေးတာ တိုက်တာပဲ စားသောက်ခဲ့ဖူးပြီး
ဘာမှ ပြန်မပေးဆပ်ခဲ့ဖူးပါ။ ဒါကြောင့် ကိုဟင်နရီအောင်
၏ မင်္ဂလာညစာစားပွဲလေးကိုတော့ စည်ကားပျော်စေချင်
ပါတယ်။ MSC အဖွဲ့ဝင်များ အနေဖြင့် လာစေချင်ပါတယ်။
image
သို့သော် Steem ဈေး ကျတာနှင့် မအားလပ်ကြသည်
အကြောင်းပြချက်လေးတွေဖြင့် အများစု မလာနိုင်ကြပါဘူး။
တကယ်တော့ အနီးဆုံး မန္တလေးမြို့ပေါ်မှာ နေထိုင်သူ
အချို့တောင် မတတ်ရောက်နိုင်မှတော့ အဝေးက
အဖွဲ့ဝင်တွေကတော့ ပြောစရာ မလိုဘူးပေါ့ဗျာ။

တကယ်တမ်း တွေးကြည့်တော့
ကျွန်တော်တို့ MSC အဖွဲ့ဝင်တွေဟာ
ကိုဟင်နရီအောင် ဆီမှ
အယူသာ ရှိပြီး အပေး မရှိကြသူများ များကြပါပေ၏

ကိုဟင်နရီအောင် ကိုယ်တိုင်ကတော့
အယူ မရှိဘဲ အပေးသာ ရှိချင်သူ တစ်ယောက်
ဖြစ်ပေမယ်။

ထို့ကြောင့် #လေးစားဂုဏ်ယူပါသည် ကိုဟင်နရီ

ဤစာကို ရေးရခြင်းမှာ
ကျွန်တော် ခံစားမိသလို ရေးမိခြင်းသာ
ဖြစ်ပါသည်။ ကိုဟင်နရီအောင် အား
ဖားချင်၍ မဟုတ်သလို အဖွဲ့ဝင်တို့အား
မကျေနပ်၍ မဟုတ်ပါ။

လူဆိုတာ ကိုယ့်အကြောင်းနှင့်ကိုယ် မဟုတ်ပါလား။

ကျွန်တော် ကိုဟင်နရီအောင် ကို သိပ်မကြည်ပါ....
ဘာကြောင့် သူ ကျွန်တော့်ထက် ကောင်းမြတ်နေပါသလဲ?

MSC - 193

@billionairehein

Sort:  

ကိုဟိန်းက​တော့​ရောက်​ပြီ ကျ​နော့မှာ​တော့မပြန်​ရ​သေး

Posted using Partiko Android

ခပ်သွက်သွက်ပဲဗျို့

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks for upvote

Posted using Partiko Android

You got a 6.62% upvote from @dailyupvotes courtesy of @billionairehein!

@dailyupvotes is the only bot with guaranteed ROI of at least 1%

Thanks for service

Posted using Partiko Android

This post has received a 6.12 % upvote from @boomerang.

စိတ်​ထား​ကောင်းလို့အရမ်းချစ်​စရာ​ကောင်းသူ​လေးရတာထင်​တယ်​...Nice Couple😊

Posted using Partiko Android

အခုမှ အစရှိသေးလို့နေမှပ။
နောက်များကျရင်တော့
မျော်လင့်စကောင်းပါဗျာ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70638.80
ETH 3565.34
USDT 1.00
SBD 4.73