မျှော်လင့်ချက်မဲ့ကြည်နူးခြင်း

in #myanmar6 years ago

မင်္ဂလာပါ ကဗျာချစ်သူ မိတ်ဆွေတို့ရေ...
ချစ်နေပါသော်လည်း မုန်းခံရမှာ စိုးစိတ်ကြောင့်
မဝံ့မရဲ ဖြစ်ခဲ့ရတဲ့ ခံစားချက်များကို အခြေခံ ရေးသားခဲ့ပါသည်။
orca-image-1525929960737.jpg_1525929960851.jpeg

မျှော်လင့်ချက်မဲ့ ကြည်နူးခြင်း

ညီမရေ...
ဟောဒီကောင်ရဲ့ ဘယ်ဘက်ရင်အုံ
အနက်ရှိုင်းဆုံး တစ်နေရာ
ဘာတွေရှိမယ် ထင်လဲ?

မညာတမ်း ပြောတာပါကွယ်
ရူးသွပ်စွာ မြိုသိပ်ခြင်းတွေ
ပြည့်နက်လို့...
မလိုလားအပ်တဲ့ အကျိုးဆက်
လက်မခံရဲဘူး။

တီတီတာတာ စကားတွေနဲ့
မညီမညာ ရင်ခုန်ခဲ့ရတာ
အဒိန္နဒါနာ စိတ်ကူးများ
တောင့်တ ပျော်မြူးလို့
ကြုံရာဆုံရာ စကားလုံးတွေသုံး
မျက်လုံးများ မျှော်လင့်ရင်မော
တစ်ကယ်ဆိုတော့...
စိတ်ရင်း မပါတဲ့ အမှား များသူမို့
ဆန့်ကျင်ဘက်ရသ အမုန်း
ခံစားရမှာ ကိုယ် ကြောက်မိရဲ့။

ညီမရယ်...
"အချစ်" ဆိုတာကို
ကမ္ဘာဦးလူသားတွေ
ရှာမတွေ့ခဲ့ရင် ကောင်းမှာ
သံယောဇဉ် ဆိုတာလည်း
အမြစ် မတွယ်တတ်ရင်ပေါ့လေ။

ခုတော့...
သမုဒယ ဆူးတွေစူး
နှလုံးသားမှာ အဆိပ်လူးလို့
ရူးမတတ် နာကျင်
မကြင်နာ ပစ်ပယ်ထားရင်တောင်မှ
စူးနစ် ပျော်ဝင်ခဲ့ဖူးတဲ့
အပြုံးနုနုတွေရဲ့ ကြည်နူးမှုနဲ့ပဲ
ကျေနပ်နေမယ့်ကောင်ပါလေ။

သံယောဇဉ်နှင့် ခင်မင်ခြင်း
ချစ်ခြင်း မြစ်ဖျားခံလို့
တပေါင်းတည်း စီးခွင့်ရရင်
သိပ်ကောင်းမှာပဲကွယ်
မျှော်လင့်ချက် မဝံ့မရဲနဲ့ပေါ့။
................................ ခက်ဝေ ..........
orca-image-1525755985244.jpg_1525755985411.jpeg
ကျွန်တော်၏ ကဗျာကလောင်အမည်မှာ ခက်ဝေ ဖြစ်ပါသည်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
With Kindness,
@billionairehein

Sort:  

ချစ်လိုက် လွမ်းလိုက်တာတွေလည်း ကုန် မကုန်နိုင်ဘူး

နှလုံးသားနဲ့ ခံစားတတ်တာကိုးကွယ်

You got a 1.72% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ယောင်းမရေ
ဟိုကောင်ကြီး၊ ဘီလျံနာ
ကြော်ငြာဆက်သွင်း
သူ့ရင်တွင်းကိုကြည့်လှည့်ပါ...တဲ့။
ယောင်းမရေ.....
ဟိုဘီလျံနာ၊
သူ့မှာရင်တွင်၊ အုံနဲ့ကျင်းနဲ့
မာန်တင်းမာန၊ သူ့လောဘအို
သိမ်းထုတ်သိုသည်
ကိုယ့်တွက်နေရာမရှိပါရှင့်....။
ယောင်းမရေ
ယောင်၍လေများ
ငနဲသားဘီလျံကို
ချစ်ရည်လျှံတဲ့
မျက်လုံးရွဲနဲ့
ယောင်၍မကြည့်ပါလေနဲ့။
ကြည့်မိလို့များ
ပြေးပေါက်မှားလိမ့်
နှလုံးသားဆိပ်မူး
အရူးနှမ်းလို
တမ်းတမ်းနောက်ကပါလိမ့်မယ်။
သုံးမရတဲ့နှလုံးသား အစုံကို
ကုန်ပါစေတော့လို့
ဈေးကွက်မှာလေလံတင်
လျော့ဈေးနဲ့ရောင်းဖို့ပြင်နေတာတော့...။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99