Happiness or Enjoyment

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဒီနေ့ #Happiness or #Enjoyment အကြောင်း
ဆွေးနွေးကြည့်ရအောင်လားဗျာ....

ပျော်ရွှင်မှုဆိုတာ
တစ်ကိုယ်ရေ ရွေးချယ်မှုပါပဲ။

ပျော်ရွှင်စရာတွေဟာ
ပြင်ပက လာတာမဟုတ်ပါဘူး။

ကျွန်တော်တို့တွေ အများစုဟာ ပျော်စရာကို
မိမိကိုယ်စိတ်နှစ်ပါး၏ အပြင်ဘက်မှာ ရှာနေတတ်ကြပါတယ်။
ပိုက်ဆံချမ်းသာလာရင် ပျော်မယ် ထင်တတ်ကြပါတယ်။
တကယ်ပဲ ငွေ သိန်းတစ်ထောင် ရှိလာတော့လည်း
အပျော်က မတွေ့သေး... သိန်းတစ်သောင်း ရှိလာရင်
ပျော်မယ် ထင်ပြန်ပါရော မဟုတ်ပါလား။
တိုက်တွေ၊ ကားတွေ၊ အခြွေအရံတွေဖြင့် ဇိမ်ခံနေရရင်
ပျော်မယ် ထင်ကြပြန်ပါတယ်။ အဲဒီလို နေရင်းဖြင့်
လောဘ ဒေါသ မောဟတွေ ကပ်ငြိကာ ရလေလိုလေ
စိတ်ဖြင့် အပျော်ကို ပိုတောင့်တတတ်ကြပြန်ပါတယ်။

တစ်ချို့ကြပြန်တော့လည်း ထင်သလို သုံးဖြုန်း
သောက်စား ပျော်ပွဲတွေ သွားကာဖြင့် အပျော်ရှာကြပါတယ်။
အဲဒီလို လုပ်နေချိန်မှာ ပျော်သလို ရှိပေမယ့်
ပြီးတော့လည်း တကယ်ပျော်ရတယ်လို့ မခံစားမိကြပြန်ပါဘူး။

သို့ကလို ပျော်ပွဲရွှင်ပွဲထဲ ရောက်နေသော်မှ
မိမိစိတ်က မခံစားတတ်ရင် ပျော်နိုင်မှာ မဟုတ်ပါဘူး။
တကယ့် ပျော်ရွှင်မှု ဆိုတာက...
မိမိကိုယ်တွင်းကလာတဲ့ စိတ်ခံစားမှုအလိုက်
ဆိုက်လာနိုင်တဲ့ အရာမျိုးပါပဲ။ ပီတိသောမနဿ
စိတ်မှ ဖြစ်တည် ခံစားရခြင်း ပျော်ရွှင်ဖွယ်သည်
စိတ်ထားတတ်ဖို့ အဓိကပါပဲ။

သို့ဖြစ်၍ ပျော်ရွှင်မှု ဆိုတာ...

  • တစ်ကိုယ်ရည် ရွေးချယ်မှု၊
  • မိမိကိုယ်တွင်း စိတ်က ဖြစ်တည်တဲ့အရာ၊
  • ပြင်ပကမ္ဘာမှာ ရှာစရာ မလိုဘဲ
  • စိတ်ထားတတ်စွာ ခံစားတတ်ဖို့ပဲ လိုတဲ့အရာ
    ဟု တင်ပြလိုက်ရပါတယ်။

အထက်ပါ အဆိုကို မိတ်ဆွေတို့ရော
ဘယ်လို သဘောရကြပါလဲ။

ပျော်ရွှင်ဖွယ်ရာ စိတ်တွင်း၌ ဖန်တီး လေ့ကျင့် ခံစားကြည့်ကြမလား?
ပြင်ပကမ္ဘာမှာ အပျော်ရှာ ထွက်ကြမလား?

စိတ်၏ သဘော စောကြောဝေဖန် အကြံပြုတာများလည်း
ပြုလုပ်ပေးကြပါဦးဟု တောင်းဆိုရင်း....
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....

MSC - 193

@billionairehein

Sort:  

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

များစွာ ကျေးဇူးတင်ပါတယ်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for your eSteem encouragrment program

Posted using Partiko Android

good post bro။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်။

Posted using Partiko Android

ဆန်းစစ်ပျော်ရွှင်ပါစေ

Posted using Partiko Android

အင်း ဘုန်​ကြီးဝတ်​​တော့မယ်​ဗျာ

ယောနိသော မနသိကာရ

Posted using Partiko Android

စိတ်ထားတတ်နေတတ်ရင်တော့ ပျော်စရာတွေ ခံစားမိမှာပါလေ

Posted using Partiko Android

ဟုတ်ပါတယ်ဗျာ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29