Hello MSC... Moving Forward MSC!

in #myanmar5 years ago

... မင်္ဂလာပါဗျာ...
ကျွန်တော် အနေဖြင့် MSC အဖွဲ့ဝင်များ သွေးအေးနေကြသည်
ဟု ထင်မြင်မိ၍ ယနေ့ မနက်တွင် MSC Chat ထဲမှာ
စကားစမြည် စပြောဖြစ်ခဲ့ပါတယ်။ သွေးအေးဆို မိုးကလည်း
အေးနေတာပဲကိုနော...
orca-image--1408342650.jpeg_1539143335209.jpeg

ဤတွင် ယနေ့ ဆွေးနွေးခဲ့သော စကားလုံးများကို
MSC chat ထဲမှ ပြန်လည်ကူးယူ တင်ပြလိုက်ပါတယ်။
အခြားအဖွဲ့ဝင်များအနေဖြင့်လည်း ထပ်မံဆွေးနွေးပေးကြ
စေလိုပါတယ်...

ရင်ခုန် စိတ်လှုပ်ရှားစရာလေးများ ဖန်တီးနိုင်ကြဘူးလား

မဲပြာပုဆိုးပဲ ထည်လဲဝတ်နေကြရတော့မှာလား

ဇွဲ ရှိတယ် ကြိုးစားတယ် ဆိုရုံဖြင့် အောင်မြင်ပါမလား

လျှောက်နေတဲ့လမ်းက တိုးတတ်ဖွဲ့ဖြို့မယ့် လမ်းလား

MSC Fund ရအောင် ဘာတွေ လုပ်နိုင်ကြမလဲ

MSC fund တောင့်တင်းမှ အခြားအရာတွေ ထပ်မံ အကောင်အထည် ဖော်နိုင်မယ်မလား

@steem-myanmar အနေဖြင့် SP 1000 နား ရောက်ပါပြီ

MSC တွင် SP1000 ဘယ်နှဦး
SP 500 ဘယ်နှဦး ရှိပြီလဲ

MSC တည်တံ့နေခြင်းဟာ Promotion ပေးနေခြင်းကြောင့်လား

နိုင်ငံခြား Pro မရှိလည်း သီးသန့် ရပ်တည်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ

Steem price and Steemit မည်သို့ပင် ရှိစေကာမူ MSC တည်တံ့ခိုင်မာရေး ဘာတွေ လုပ်ထားသင့်ကြလဲ
@billionairehein

အခုအချိန်မှာ ဘားမှ လုပ်မရသေးဘူး
ဘာဖြစ်လို့ ဆိုတော့ motivate လုပ်နိုင်တာ Steem ဈေး ပါ

MSC လုပ်ငန်း ဆောင်တာ တိုင်း အတွက် Budget လိုပါတယ်

MSC တည်တံ့ ခိုင်မြဲဖို့က အခုလို ဈေးကျ နေတဲ့ အချိန်မှာ
ဘယ်လောက်အထိ MSC နဲ့ အတူ ရှိနေနိုင်ကြသလဲ ဆိုတဲ့ တဦးချင်း ပေါ်မှာ မူတည်ပါတယ်
@kachinhenry

ဈေးကိုပဲ မျှော်လင့်နေရုံလား
အခြား fund ရအောင် ဘာတွေ လုပ်နိုင်ကြဦးမလဲ
@billionairehein

အခြား Fund ရအောင် လုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်
Community active ဖြစ်ဖို့ပါ။

ပိုတိုးတက်လာကြောင်း

အဖွဲ့ ဝင် ပို များလာ ကြောင်း

ရှေ့ဆက် လုပ်ရမဲ့ programme တွေ ဘယ်လို ရှိတယ်

ဘယ်လို တိုးတက်အောင် စသည်ဖြင့် တင်ပြပြီး အကူအညီ fund တောင်းခံ နိုင်ပါတယ်

အဲဒီ အပေါ် အရေးကြီးတာက ..... fund အသုံးချ ပြီး အောင်မြင် အောင် ဆောင်ရွက် နိုင်ပါ့ မလား ...? ဆိုတာပါ

လက်ရှိ Promotion တောင်.... နေ့စဉ် ဒီလူ တွေပဲ တင်နေလို့
@kachinhenry

ဒါကြောင့် Steemit တစ်ခုတည်း အပေါ်မှာပဲ အခြေမခံဘဲ အခြား Fund ရနိုင်မည့်နည်း ရှိကြပါမလား

ခုက Steem ဈေး ကောင်းရင် တတ်ကြွမယ်...မကောင်းရင် နောက်ဆုတ်နေကြမယ် ဆို ဟုတ်သေးဘူးလားလို့
@billionairehein

Steemit အပေါ်မှာ အခြေ မခံပဲ အခြား fund ရအောင် ဆိုတာ.... Community members တွေ တနေရာတည်း ရှိရင် ... ရပါတယ်
MSC မုန်းဟင်းခါး ရောင်းမလား ..? MSC အကြော်ကြော် ရောင်းမလား ..?

On line အခြေခံ မို့ .... on line ပေါ်ကပဲ fund ရှာ နိုင်ကြတာပါ

ဒါကြောင့်... တဦး ချင်းစီရဲ့ MSC အပေါ်ထားတဲ့ သဘောထား အပေါ် မူတည်ပါတယ်လို့
လူ တိုင်း active ဖြစ်လေ ပိုစည်ကားလေ ....
ပိုပြီး ပျော်ရွှင်စရာ ကောင်းလေ
@kachinhenry

အခွင့်အလန်းတွေက တစ်ခုပြီးတစ်ခုတော့ လုပ်လာနေကြပါပြီ ၊ကိုယ်ကလုပ်နိုင်ဖို့ပဲလိုတာစောစောက ကိုဟင်ပြောသလို active ဖြစ်တဲ့သူနည်းရင် အဆင်မပြေနိုင်ဘူး၊

လူ 30 လောက် အမာခံရှိမယ်။ ထိုးဖောက်ချင်စိတ်ရှိမယ်၊ လေ့လာဆည်းပူးချင်စိတ်ရှိမယ်၊ Pro ကိုပဲ နို့သက်ခံစို့မနေဘူး၊ဆိုရင် တော့ ဖြစ်ကောင်းဖြစ်လာမယ်ထင်မိတယ်
@minsoenaing

ပြောချင်တာ... ကျောင်းသား ၊ သူ တွေလို ... တခန်းထဲ အတူ နေ အတန်းသူသား တွေ စု ပေါင်း ရင် ဖြစ်နိုင်တယ်
နေရာ ဒေသ မတူတဲ့ MSC ကို တစုတည်း အခုလို ဖြစ်ဖို့ တောင် အတော် အချိန်ယူခဲ့ရသလို
လုပ်ကြမယ် ဟေ့ ... ဆိုရင်... ဦးဆောင်သူနဲ့ နောက်လိုက်သူ အသံ ညီ ဖို့ လိုပါတယ်
@kachinhenry

ဒါပေမယ့် လူညီဖို့ဆိုတာက လေ ။တစ်နေရာတည်းမှာရှိတဲ့အသင်းအဖွဲ့မဟုတ်တာရယ်၊ Steem တစ်ခုတည်းက စားဝတ်နေရေးကို မပံ့ပိုးနိုင်သေးတာရယ်ကြောင့် အချို့ဘဝအခက်အခဲရှိသူတွေကို အပြစ်တင်ဖို့ခက်တယ်၊သူတိုလည်း သူအခက်အခဲ့သူကိုး
@minsoenaing

ဟုတ်ပါပြီ...
ဘယ်သူတွေ active ဖြစ်ကိုဖြစ်ကြမလဲ Project တစ်ခု လုပ်ဖို့ ပါဝင်ကြမလဲ
အဖွဲ့ဝင်တို့ အနေဖြင့် အခြား Fund နှင့် ဝင်ငွေရလမ်း ဖောက်ကြမယ်.. စိတ်ဝင်စားကြရင်.. ထပ်မံ ဆွေးနွေး နိုင်ကြပါတယ်
ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်
ဒီမှာ မိမိတို့ တစ်ဦးချင်းစီရဲ့ အလုပ်အကိုင် ဝင်ငွေ ချပြနိုင်ကြမလား

ဘယ်အရာတွေ လုပ်ချင်ကြပါတယ်ဟုလည်း တင်ပြနိုင်ကြမလား

ဒါပေမယ့် Steem အမွေ ပေးဖို့ အထိ
ရေရှည်နှစ်ရှည် အိပ်မက် ရှိခဲ့ကြတယ်ဆိုရင်
စိတ်ဓာတ် စည်းကမ်းစည်းလံးညီညွတ် ယုံကြည်မှု ကို တည်ဆောက်ယူရပါမယ်

ဒီမှာ တစ်ဦးကိုတစ်ဦး ယုံကြည်မှု ပေးကြဖို့ အရေးကြီးပါပြီ
စိတ်မချလည်း ယုံကြည်ပေးကြပါ လို့ပဲ ပြောချင်ပါတယ်
@billionairehein

ယုံကြည်မှု မယုံကြည်မှု ဆိုတာ ... တဦးချင်း စီရဲ့ steemit အပေါ်ကို မြင်တဲ့ အမြင်မှာ မူတည်ပါတယ်

SMTs မအောင်မြင်ရင် ဘာဖြစ်သွားနိုင်သလဲ..?
@kachinhenry

ကျွန်တော်ကတော့ Steemit ကို အခြေခံ ပြီး ဖြစ်လာတဲ့ ဒီအဖွဲ့ကို တည်တံ့စေချင်တယ်

SMTs အောင်မြင်၊ မမြင်ကို မတွက်ဘဲ
ဘယ်အခြေအနေမျိုးမှာ မဆို ထိုးဖောက် တည်ဆောက်ကြဖို့ပါ

ခုက Steemဈေး တတ်မှ ဖြစ်မယ်
SMTs အောင်မြင်မှာ ဖြစ်မယ် ဆိုရင်
မိမိကိုယ်ကို အားမကိုးဘဲ အခြားကို မှီခိုလွန်းရာ ကြနေပါတယ်
@billionairehein

ကျွန်တော်တို့လို .... သာမန် user တွေအတွက် ... ကိစ္စမရှိပေမယ့် တရက် ကို ၁၅ နာရီ အလုပ်လုပ်ပြီး steemit ကို ထိန်းကျောင်း ပေးနေတဲ့ witness တွေရဲ့ နေရာကနေ စဉ်စားပေးကြည့်ရအောင်

ကျွန်တော်ဆိုလိုတာ.... ကျွန်တော်တို့ SMTs ကို မှီခိုလွန်း တာမဟုတ်ဘူး ကိုဟိန်း

ဒီ SMTs ရှိမလာဘူး ဆိုရင် ..... steemit ပေါ်က လက်ရှိ user တွေ အားလုံး နီးပါး ပျောက်သွားလိမ့်မယ်
@kachinhenry

Steemit platform ပျက်ရင် msc အဖွဲ့ ပျက်လိမ့်မယ် ဆိုရင် မဟုတ်တန်ရာသေးဘူး

Platform ပေါ်ကို လျှောက်ပဲ လျှောက်သင့် လျှောက်ရပါမယ်

အဖွဲ့ရဲ့ ကံကြမ္မာကို အဖွဲ့က ဖန်တီးယူစေချင်တာပါ

ဘယ်လိုအခြေအနေမျိုးမှာ မဆို ဒီအဖွဲ့ ဖွံ့ဖြိုးတိုးတတ်ရေး ဆွေးနွေးစေချင်လို့ပါ
@billionairehein

မှန်တယ်လေ ကိုဟိန်း မအောင်မြင်တဲ့ platform မှာ ဘယ်သူတွေ ကုပ်ကတ် ကျန်နေခဲ့ချင်မှာလည်း

Steemit အပေါ်မှာ အခြေမခံဘူး ဆိုရင် MSC လို့ မသုံးပဲ တခြား နာမည်နဲ့ ဖွဲ့လည်း ရပါတယ်

လူများလာအောင်လည်း လုပ်တတ်တယ်
@kachinhenry

အခြေခံပါတယ်... ဖြစ်လာနိုင်သမျှအတွက် ဘယ်လို ပိုကောင်းအောင် စီမံကြမလဲ ဆွေးနွေးစေလိုတာပါ

Steemit ကို သွေဖည်ဖို့ လုံးဝ မဟုတ်ပါ
@billionairehein

ကျွန်တော်နားလည်တာကတော့ SMTs ဆိုတာ steemit တွေနဲ့ချိတ်ဆက်ထားတဲ့ လမ်းသစ်တွေလို့မြင်ပါတယ် ၊ လမ်းသစ်ဆိုပေမယ့် တသီးတစ်ခြားမဟုတ်ဘူး ၊သူတို့လည်း တို့ MSC လို Steemit ကနေအကျိုးအမြတ်ရှာကြမယ့်သူတွေလို့မြင်တယ်၊ သူတို့အကျိုးရှာရင်းနဲ့ ကိုက တစ်သီးတစ်ခြားSMTs မလုပ်နိုင်လို့ သူတို့နဲ့ပူးပေါင်းပြီးအကျိုးအမြတ်ရှာရမှာလို့ထင်တယ်
@minsoenaing

HF20 ကို အခြေခံပြီး smart media token တွေ ထုတ်နိုင်မဲ့ platform တခု

အဲ ဒီ platform မှာ social media နဲ့ ပါတ်သက်တဲ့ block chain တွေကို အလွယ် တကူ ဖန်တီးနိုင်မယ်

အဲဒီ ဖန်တီးယူကြတဲ့ social media blockchain တွေမှာ ကိုယ်ပိုင် token တွေ ပါလာကြပါလိမ့်မယ်

အဲဒါကို Smart Media Tokens လို့ ခေါ်နေကြတာပါ

User အနေနဲ့ အကျိုးမြတ်ယူကြမလား...?

Developers အနေနဲ့ အကျိုးမြတ်ယူကြမလား..?

ဖန်တီး လိုက် တဲ့ Social Media blockchain ရဲ့ အောင်မြင်မှု အပေါ်မူတည်တယ်

Steemit ကနေ ထွက်ပေါ်လာကြမဲ့ SMTs အားလုံး အောင်မြင်ကြမယ်လို့ မဆိုလိုပါဘူး

ဘာဖြစ်လို့ ဆိုတော့ ERC20 က ထုတ်လိုက်တဲ့ coin တိုင်းလည်း မအောင်မြင်ကြပါဘူး

အားလုံး SMTs လွင့်နိုင်မဲ့ testnet ကို စောင့်နေကြတုန်းပါ

နိုင်ငံတကာက media ကြီးတေ steemit ပေါ်ကို ရောက်လာအောင် ဈေးကွက် ဖေါက်ရအုံးမယ်

သူ့ဆီက ထွက်လာမဲ့ SMTs တွေအတွက် ဈေးကွက် ဖန်တီးပေးရအုံးမယ်

အခု ကျွန်တော်တို့ သိသေးတာ လုပ်နိုင်တာက စာရေး post တင် ၊ Steem reward ရ
ဒီလောက်ပဲ ရှိပါသေးတယ်

နာမည်ကြီး ရုပ်ရှင် တွေ steemit platform ကနေပြသပြီးvote ယူကြမဲ့ အချိန်... အဆိုတော်တေ အခွေမထုတ်တော့ပဲ steemit ကနေ ဆိုပြီး vote ယူကြမဲ့ အချိန်
ဒါတွေ အကုန်လုံး social media တွေပါ

ဘာဖြစ်လို့ ဒီplatform ကလူတွေ SMTs ကို အများကြီး မျှော်လင့် နေကြသလဲဆိုရင်..... ဘယ် blockchain နည်းပညာကမှ social media နဲ့ ပါတ်သက်ပြီး token တွေ ထွက်လာအောင် မလုပ်နိုင်ကြသေးလို့ပဲ
@kachinhenry

ကိုဟင်ပြောတဲ့နောက်ပိုင်း..developers အပိုင်းကိုလည်းမြန်မာတွေအတွက် လိုက်ပါစီးမျောဖို့ခေတ်နှင်ါအပြိုင် msc tokenလေးတွေ အကောင်ထည်ဖော်နိုင်ပါစေ
@sheinthu

အထက်ပါ စကားလုံးစုများကို ဖတ်ရှုပြီး ဘာတွေ
ထူးခြားတာ ရှိမလဲ?
ဘာတွေ ဆက်လုပ်ချင်ကြမလဲ?
ဘယ်လို ဆက်သွားကြမလဲ?
ဆိုတာတွေကို သိကြစေလို၊ ထပ်မံ ဆွေးနွေး အကြံထုတ်
ကြစေလို၍ ကူးယူတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
orca-image-1529224864173.jpg_1529224864253.jpeg

Moving Forward MSC!
MSC - 193
@billionairehein

Sort:  

နည်းပညာနဲ့ လုပ်ရတဲ့အလုပ်တွေကိုတော့ အကြံမပေးတတ်ပါဘူးဗျာ။ လုပ်ပြီဆိုရင် ညီအောင်ပဲညှိပေးနိုင်မှာပါ။

နည်းပညာကို အခြေခံပြီး အရောင်းအဝယ် လုပ်ကြမလားလို့ဗျာ

Posted using Partiko Android

I upvoted your post.

Keep steeming for a better tomorrow.
@Acknowledgement - God Bless

Posted using https://Steeming.com condenser site.

Thank for your voting and advise.

Posted using Partiko Android

Sneaky-Ninja-Throwing-Coin 125px.jpg
Defended (10.34%)
Summoned by @billionairehein
Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Everything You Need To Know About Sneaky Ninja


woosh

ဘာပဲဖြစ်ဖြစ် ဆက်လုပ်ပါ

Posted using Partiko Android

ဆက်လုပ်မှာပါဗျာ

Posted using Partiko Android

အားမလျှော့နဲ့ ရောက်တော့မည်

Posted using Partiko Android

ဒါပေါ့ကွယ်

Posted using Partiko Android

ဒါလဲ ပိုစ်​တခုဖြစ်​တာဘဲ မိုက်​တယ်​ ကိုဟိန်းရာ

လုပ်တတ်ရတာပေါ့ဗျာ

Posted using Partiko Android

မိုးအေးအေးနဲ့ သွားကိုက်နေလို့ လိုင်းမတက်နိုင်ဖြစ်နေတာကနေ ဘာတွေပြောသွာလိုက်မှန်းမသိဘူး သွားကနုတ်မှအဆင်ပြေတော့မယ် ခုလိုရေးပေးလိုက်တော့ အားလုံးအတွက် အဆင်ပြေသွားတာပေါ့ ဒီအပိုင်းအတွက် ကျွန်တော်ပြောချင်တာကတော့ Online Marketing လိုလုပ်ငန်းမျိုး MSC နာမည်နဲ့ ထူတောင်ြ့ပီး အဖွဲ့သားတွေတက်ညီလက်ညီ ပါဝင်မယ်ဆိုရင် အောင်မြင်နိုင်ပါလိမ့်မယ် အဓိကအနေနဲ့ဆိုရင် MSC အဖွဲ့အတွက် ရုံးခန်းတစ်ခု အတည်တကျ ရှိနေရပါလိမ့်မယ် ဒါဆိုရင် လုပ်ငန်းအတွက်အဆင်ပြေမယ်လို့ထင်ပါတယ် အဖွဲ့သားတွေလည်း Steemit အပေါ် လုံးလုံးမှီခိုစရာမလိုတော့တာပေါ့ ကိုဟိန်းပြောလိုတာက အပြင်မှာ စိးပွားရေးလုပ်ငန်းတစ်ခုကို Team တစ်ခုအနေနဲ့ဆောင်ရွက်စေချင်တယ်လို့ယူဆပါတယ် လူညီတယ်ဆိုရင် လူနည်းလည်း ကိစ္စမရှိပါဘူး ဆောင်ရွက်လို့ရနိုင်ပါတယ်

ဟုတ်တယ် ဦးစိုးရေ...
အကြံပြုချင်တာ မရောက်လိုက်ဘူး...
တစ်ခုခု အကောင်အထည် ဖော်စေချင်တာပါ
စောင့်နေရတာ ပျင်းလှပြီပေါ့ဗျာ😁😁

Posted using Partiko Android

အထွေအထူးပြောတော့ဘူးနော ၊ကိုယ်လည်းပါတယ်ဆိုတော့

Posted using Partiko Android

အဲဒီထက်ပိုပြီး ပူးပေါင်းပါဝင်ကြဖို့ပါပဲ

Posted using Partiko Android

ကျွန်‌‌တော်‌အကြံ‌ပေးဖူးတယ်‌။‌လော‌လောဆယ်‌ မလွယ်‌‌သေးဘူးထင်‌တယ်‌ကိုဟိန်း ။ လက်‌ရှိအင်‌အား‌လေးက ၂၀‌တောင်‌ မပြည့်‌ချင်‌ဘူး။ active ဖြစ်‌တဲ့သူကို‌ပြောတာပါ။ဒီခံတပ်‌‌လေးမပျက်‌ပါ‌စေလို့ဘဲ ဆု‌တောင်းပါတယ်‌။

ရှိတဲ့လူနဲ့ ချရမှာပေါ့ဗျာ
တစ်ခုခု ထပ်မလုပ်နိုင်ရင် ပိုပျက်သွားမှာလည်း စိုးရတယ်

Posted using Partiko Android

ဆောင်းတွင်းအေးအေး ရောက်တော့ မယ် ဈေးနဲ့ တို့လဲ အေးတာပလေ ။

အင်း.. ဒီတစ်ဆောင်းကို ဘယ်လို ကျော်ဖြတ်ကြပါမလဲ😁

Posted using Partiko Android

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79