ကျွန်တော့်ဘဝ ကျွန်တော့်စကား

in #myanmar5 years ago

...မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
Steemit စတင်သုံးစွဲလာသည်မှာ 11 လ ပြည့်မြောက်
တော့မည် ဖြစ်ပါသည်။
၁၁ လ ပြည့်မြောက်သည့် အချိန်တွင် SP 500 လည်း
ပြည့်မြောက်လိမ့်မည် ဖြစ်ပါသည်။

ကျွန်တော်သည် ပြုဖွယ်ကိစ္စတစ်ခုခုကို ဆုံးဖြတ်ချက် ချ၍
စတင်ဆောင်ရွက်မိလျှင် တော်တန်ရုံဖြင့် ဇွဲ လျှော့လေ့
ရှိသူတစ်ဦး မဟုတ်ပါ။
သို့သော် အချို့အရာများတွင် ဇွဲ ရှိနေခြင်းသည် မှန်ကန်
အောင်မြင်နိုင်သော်လည်း အချို့အရာများတွင်တော့ ဇွဲ
ရှိနေခြင်းဟာ မိုက်မဲရူးသွပ်ခြင်းလည်း ဖြစ်နိုင်ပါသည်။

ကျွန်တော်သည် ကျန်းမာရေးမှူး တစ်ဦး ဖြစ်ခဲ့သည်နှင့်
အညီ အစိုးရဝန်ထမ်းလည်း လုပ်ခဲ့ဖူးပါသည်။
နိုင်ငံ့ဝန်ထမ်းဘဝဖြင့် ငွေကြေး မပြည့်စုံနိုင်သည်မှာ
အပထား အသက်အန္တရာယ် တွေ့ကြုံလာခဲ့ရသောအခါ
ဝန်းထမ်းဘဝလေးကို စွန့်လွှတ်ခဲ့ရပါတယ်။

ထို့နောက် မိမိ တတ်မြောက်ထားသည့် ဆေးပညာဖြင့်ပဲ
တောရွာ၊ ရွှေမှော်၊ ကျောက်မှော် စသည်တို့တွင်
ကိုယ်ပိုင်ဆေးခန်း ဖွင့်လစ်ခဲ့ဖူးပါသည်။ ထိုအလုပ်ကိုလည်း
တစ်နေရာတွင် နှစ်နှစ်ဝန်းကျင်လောက် စုစုပေါင်း
ခြောက်နှစ်တာမျှ လုပ်ကိုင်ခဲ့ပါသည်။
သို့သော် ဆေးကုသသော အလုပ်ဖြင့် အကျိုး မပေးခဲ့ပါ။
ထိုမှတဖန် ဆရာဝန်တစ်ယောက်၏ ဆေးခန်းတွင်လည်း
နှစ်နှစ်နီးပါး လုပ်ကိုင်ခဲ့ပါသည်။ စားဝတ်နေရေး
ပြေလည်သော ငွေကြေး ရရှိခဲ့သော်လည်း မပျော်ပိုက်ခဲ့ပါ။

သို့ဖြစ်၍ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးနိုင်ရန်နှင့်
အတွေ့အကြုံ ယူရန် မိတ်ဆွေတစ်ဦး၏ စက်ရုံတွင်
သုံးလတာမျှ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။

ယခု ကာလမှာတော့ ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခု
ဖန်တီးနေပါပြီ။
ဘဝရဲ့ အချိုးအကွေ့များစွာမှာ အောင်မြင်မှုရလဒ်
မရရှိခဲ့သေးပါ။ သို့သော် စိတ်ဓာတ်ကျ အရှုံးပေးဖို့
လိုအပ်ပါမည်လား... No ပါဗျာ။

လောကဓံတရား ရှစ်ပါး အဆိုးလောကဓံတွေ ကြုံရပြီးရင်
အကောင်းလောကဓံတွေ လာတော့မယ် မလားဗျာ။

ဒါကြောင့် ကျွန်တော်ဟာ စားဝတ်နေရေး ပြေလည်ရုံ
ဆေးပညာလေးဖြင့် လုပ်စားနေထိုင်ခဲ့တဲ့ ဘဝကို
အပြောင်းအလဲတစ်ခု စတင်လိုက်တာပါပဲ။
ကျွန်တော့်ရဲ့ ဘဝသစ်က အခန်းကဏ္ဍအသစ်လေး
စပြီပေါ့ဗျာ...

ကိုယ်ယုံကြည်ရာ ကိုယ်ဆောင်ရွက်လိုက်တာမို့
တွေ့ကြုံလာသမျှ အဖြစ်အပျက်တိုင်းကို
လက်ခံတတ်ဖို့တော့ လိုပါလိမ့်မည်။

လုပ်ငန်းသစ်မှာ အတွေ့အကြုံအသစ်တွေက
မိမိဘဝကို ဘယ်လို တိုက်ခိုက်ကြလေမလဲ?
ဘယ်လို မြင့်မားတိုးတတ်အောင် မြှင့်တင်ပေးကြမလဲ?

လောလောဆယ်တော့ ယခင်ကလို
အချိန်တွေ မအားတော့ပါ... သက်သောင့်သက်သာ
မနေနိုင်တော့ပါ...

လုပ်ငန်းသစ်မှာ Boss ကလည်း ကိုယ်ပါပဲ😁
Managing Director ကလည်း ကိုယ်ပါပဲ😁
Marketing Manager ကလည်း ကိုယ်ပါပဲ😁
Sale Promoter ကလည်း ကိုယ်ပါပဲ😁
Product ထုတ်လုပ်ရေးသမားလည်း ကိုယ်ပါပဲ😁
အရာရာ ကိုယ်ပါပဲ😁 ဆိုသော Micro Business
လေးတစ်ခု စတင် လုပ်နေပါပြီ...မိတ်ဆွေတို့ရေ...

ဤသည် ထိုသော အကြောင်းလေးမှ တဆင့်
စကားလက်ဆောင်လေး တွဲပါးလိုက်ရပါတယ်။

ကျွန်တော်တို့တွေဟာ ဘဝမှာ
မြင့်မားတိုးတတ်အောင်မြင်ပျော်ရွှင်စေဖို့
ပညာအသစ်အသစ်တွေကို ထပ်မံသင်ယူ
လုပ်ဆောင်ရင်း ဘဝရဲ့အခန်းကဏ္ဍအသစ်
တွေကို စတင်ရပါမယ်။

ကျော်ဖြတ်ခဲ့တဲ့ ဘဝအစိတ်အပိုင်းတွေကိုတော့
သင်ခန်းစာ ယူသင့်တာ ယူပြီး ပြုပြင်ပြောင်းလဲမှု
လုပ်ရပါမယ်။ တချို့အရာတွေကိုတော့လည်း မေ့ပစ်တတ်ဖို့ လိုပါမယ်။ မေ့ပစ်ဖို့ လိုအပ်တာတွေကို သတိတရသယ်ယူနေမယ်ဆိုရင် ဘရိပ်နင်း
ပြီး ယဉ်မောင်းနေသလို ဆန့်ငင်ဆန့်ငင်နဲ့
ရောက်သင့်သလောက် ရောက်မှာ မဟုတ်ပါ
ဘူး။ သင်ခန်းစာ မယူတတ်ပြန်ရင်လည်း
အမှားတွေ ထပ်မံကြုံရတတ်ပါတယ်။
ဒါကြောင့် ဘဝရဲ့အခန်းကဏ္ဍအသစ်ကို
သင်ခန်းစာတွေ၊နည်းပညာအသစ်တွေနဲ့
စတင်ရှေ့ဆက် အောင်ပွဲဝင်ကြပါစို့။

             ဟိန်းခန့်မောင်

စာကြွင်း။ ။ MSC မိတ်ဆွေတို့ရေ...
ကျွန်တော်သည် ယခင်ကလို Promotion Post
များ မတင်နိုင်တော့သည်ကို လောလောဆည် နားလည်
ပေးကြစေလိုပါသည်။ မိတ်ဆွေတို့အား Auto Vote
ပေးထားခဲ့ပါသည်။ မိတ်ဆွေတို့၏ ပို့စ်များအား
ဝင်ရောက် ဖတ်နိုင်အား မရှိသေးသောကြောင့် Comment
များတော့ လာနိုင်မည် မထင်သေးပါ။

မိတ်ဆွေအားလုံးကို လေးစားခင်မင်လျက်....
image
MSC - 193

@billionairehein

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for upvote.

Posted using Partiko Android

Congratulations @billionairehein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1250 replies. Your next target is to reach 1500 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemFest3 and SteemitBoard - Meet the Steemians Contest

You can upvote this notification to help all Steemit users. Learn why here!

Thank for badge...

Posted using Partiko Android

ကောင်းတယ်ဗျာ ၊ကိုယ်ပိုင်လုပ်ငန်းအောင်မြင်ပါစေဗျာ၊ဒီနေ့ခေတ်အချိန်အခါကိုက်ပါပဲ၊ SME တွေအစိုးရကလည်းကူညီနေပါတယ်

ကျေးဇူးပါဗျာ... SME အဆင့် ဟုတ်သေးဘူး Micro အဆင့်ပဲ😁

Posted using Partiko Android

ဘ၀ဆိုတာ အရှုံးပေးစရာမဟုတ်ပါ။ အံခဲလို့ ပြိုင်ပွဲဝင်နေကြရတာပဲ၊ လဲကျ ပြန်ထ ဒါလူ့ဘ၀ပါပဲ ☺ တကယ်လို့များ တပည့်လိုချင်တယ်ဆိုရင်တော့ ကြော်ငြာခေါ်လိုက်ပါ ဆရာလိုတယ်ဆိုရင်တော့ လာခေါ်လှည့်ပါ ☺☺

ဆရာကော တပည့်ကော လိုပါတယ်ဗျ...
ဆရာအတွက် ပူဇော်ပသကြေးနှင့် တပည့်အတွက်
လစာ ပေးနိုင်မှ ခေါ်ပါတော့မယ်😁

Posted using Partiko Android

‌အောင်‌ မြင်‌ပါ‌စေ ကိုဟိန်း‌ရေ။

ကျေးဇူး ကိုမဟော်ရေ... အားပေးဦးဗျ😁

Posted using Partiko Android

အလုပ်အသစ်မှာ အဆင်ပြေချောမွေ့ပါစေ

Posted using Partiko Android

ကျေးဇူးတင်ပါတယ်ဗျာ... မစုတို့ မေတ္တာပို့သမှုကြောင့် အဆင်ပြေမှာပါ

Posted using Partiko Android

ခုတ​လော ​ပြောက်​​နေတယ်​​နော်

အလုပ်သစ် စနေတော့ မအားလပ် ဖြစ်နေ ဦးယုရေ

Posted using Partiko Android

ရှယ်ယာခေါ်ပါဗျို့

ခေါ်ချင်ပါတယ်ဗျာ

Posted using Partiko Android

Fighting Ko Hein

I don't give up. Thank you.

Posted using Partiko Android

ဟုတ်​ ကိုဟိန်း အဆင်​​ပြေ​အောင်​မြင်​ပါ​စေဗျာ

Posted using Partiko Android

ကျေးဇူးပဲ အောင်မြင်ချင်ပါပြီ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66408.70
ETH 3225.39
USDT 1.00
SBD 4.17