မနေ့ကလို မဟုတ်တော့ဘူး

in #myanmar5 years ago

... မင်္ဂလာပါ...
image
မင်္ဂလာ ရှိကြပါစေ မိတ်ဆွေတို့ရေ...

လောဘ ဒေါသ မောဟ မာန်မာနတွေဖြင့်
အဝိဇ္ဇာ ဖုံးလွှမ်းနေလေတော့ ဒီခန္ဓာကိုယ်အတ္တဘောတုံးကြီးကို
အနိစ္စ မမြဲသော... ဒုက္ခ ဆင်းရဲခြင်း...
အနတ္တ အစိုးမရပါလား... ဟု မဆင်ခြင်နိုင်၊
အသိ မဝင်နိုင်ပါဘဲ ငါ... ငါ့ဥစ္စာ... ငါမှငါ...
တစ်ငါ ငါ နဲ့ ငါ စွဲ စွဲ နေကြလေတော့...
ငါ သဘော ငါ စောကြောမိပါရဲ့ဗျာ။

ငါ ဟာ ငါ မဟုတ်...
ငါ လုပ်နေတာ ငါ ဆိုတာ
သေချာပါရဲ့လားဗျာ။

ဒါကို သတိမမြဲ အစွဲကပ်နေလေတော့
ငါ့ကိုယ့်ငါ... ငါ လို့ ထင်နေတာ
မနေ့ကနှင့် ဒီနေ့ ထူးမခြားနားတာကို အတူတူပါပဲ ဟု
ရောယောင်ဖြေဆိုကြလေမလား။

တကယ်တော့...
ကုန်လွန်ပြီးသော တစ်စက္ကန့် မှာ ဖြစ်ပျက်ခဲ့လေသမျှ
ခုလက်ငင်း တစ်စက္ကန့် အတွင်းမှာ ဖြစ်ပျက်နေတာနှင့်
စင်စစ်မသွေ တူနိုင်ပါဦးမလား ။

ဒါကြောင့် ကျွန်တော်ကတော့...
မနေ့ကလို မဟုတ်တော့ဘူး ဟုသာ
ရိုးရိုးလေး ပြောလိုက်ချင်ပါတယ်။

...မနေ့ကလို မဟုတ်တော့ဘူး...

  • မနေ့ကလို
    အသက်ရှင်နေတာ မှန်တယ်
    မနေ့ကလို
    နိစ္စဓူဝ ဗာဟီရ လုပ်နေတာလည်း ရှိတယ်
    မနေ့ကလို
    ဘာမှ ထူးထူးခြားခြား မရှိတာလည်း ဟုတ်တယ်

ဒါပေမယ့်...
မနေ့ကလို မဟုတ်တော့ဘူး

  • မနေ့ကထက်
    သေဖို့ တစ်ရက် ပိုနီးသွားပြီ

အသက်ရှင်ဖို့ အစားအာဟာရ ဖြည့်တင်းနေပေမယ့်
မနေ့က အချိန်မှာ
မနေ့က အစားအစာကို စားတာ မဟုတ်ပေဘူး

မနေ့က စိတ်နေစိတ်ထား အတိုင်း
ခု စိတ်ထားတတ်တာလည်း မဟုတ်ဘူး

မနေ့က မြင်ရကြားရတာလည်း
ဒီနေ့ အလုံးစုံတူ မြင်ရကြားရ မဟုတ်ပြန်ဘူး

မနေ့က ရှူတဲ့ လေ နှင့်
ခု ရှူနေတဲ့ လေ တူနိုင်ပါဦးမလား

အနိစ္စ မမြဲသော သင်္ခါရသဘော
မနေ့က ငါ နှင့် ဒီနေ့ ငါ
ငါ က ငါ ရော ဟုတ်ရဲ့လား

ပြောင်းလဲခြင်းက သဘာဝတရား
နာရီ မိနစ် စက္ကန့် မလပ်
မနေ့ကလို
ထင်မှား မြင်မှား တွေနဲ့
မနေ့ကလို မဟုတ်တော့ဘူး ဆိုတာ
လက်ခံနိုင်ပါရဲ့လား?

  • မသေချာ မရေရာမှုတွေနဲ့
    အဖြေ ရှာကြည့်တော့
    မနေ့ကလို မဟုတ်တော့ဘူး ဆိုတာ
    မနေ့ကလို မဟုတ်တော့ပါဘူး......။ ။

.............. ဟိန်းခန့်မောင် .............

တရားသဘော ပြောဟောနေမိတာတော့ မဟုတ်ပါဘူး။
စေ့စေ့တွေးလို့ ရေးရေးပေါ်ခဲ့တာလေးတွေ အဖြေရှာသဘောဖြင့်
ချရေးပြလိုက်တာပါ...

ဘာပဲဖြစ်ဖြစ်ပါလေ...
ကိုယ့်စိတ်သဘော ကိုယ့်မနောကို
ကိုယ်သာဆုံးဖြတ် စိစစ်အပ်တယ်
မဟုတ်ပေဘူးလား...

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....
image
MSC - 193
@billionairehein

Sort:  

Sneaky-Ninja-Throwing-Coin 125px.jpg
Defended (12.35%)
Summoned by @billionairehein
Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Everything You Need To Know About Sneaky Ninja


woosh

Thank for service

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for your supported program

Posted using Partiko Android

မ​နေ့ကလို​တော့ မဟုတ်​​တော့ပါဘူး ကိုဟိန်း​ရေ

Posted using Partiko Android

SP တွေ တိုးလာတယ်လေ😁😁

Posted using Partiko Android

အမှန်​ပဲ​လေ 😁

Posted using Partiko Android

ပိုက်ပိုက်ရှာရဦးမယ်နော် ... တရားဘက် အာရုံရောက်ရင် လောဘက ပျောက်သွားတယ်

လောဘ မရှိရင် ကြိုးစားချင်စိတ် မရှိတော့ဘူး

Posted using Partiko Android

ကိုယ့်စိတ်ကို စီစစ်နိုင်တာ အကောင်းဆုံးပါ

စိစစ်ပြီး ပြင်ဆင်နိုင်မှ ပိုကောင်းမှာ

Posted using Partiko Android

သင်္ကန်းလိုရင်​​ပြောပါ​နော်

ဝတ်ဘူးဝတ်ဘူး😁😁

Posted using Partiko Android

မနေ့ကနဲ့ဒီနေ့မတူသလို။ခုငါနဲ့နောက်တစ်စက္ကန့်အချိန် ငါကလည်းမတူတော့ဘူး

Posted using Partiko Android

မတူတော့တာကို သတိမထားမိကြ

Posted using Partiko Android

ဘာသာ ပြန်‌ post‌တွေ ‌မျှော်‌‌နေပါတယ်‌ကိုဟိန်း။

အားတော့ဘူးဗျာ စီးပွားရေး လုပ်ရဦးမယ်
ဒါပဲ လုပ်နေရင် မိန်းမနဲ့ ကွဲတော့မယ်😁😁

Posted using Partiko Android

ငါ့ နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းလဲ
မနေ့ကနဲ့မတူ

မနေ့ကနဲ့ မတူ ဈေးကျလို့ ငူ😁😁

Posted using Partiko Android

ဟင် တာရားပေါက်သွားတာလားမှတ်နေတာ

Posted using Partiko Android

တရား တကယ် မသိသေးပါဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71539.00
ETH 3603.23
USDT 1.00
SBD 4.75