MSC တိုးတတ်ဖွံ့ဖြိုး တည်တံ့စေချင်

in #myanmar6 years ago

... မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ဒီနေ့မှာတော့ MSC New Chat group ထဲမှာ
ပြောဖြစ်ခဲ့ကြတဲ့ စာလုံးလေးတွေကို နည်းနည်းပါးပါး
ကူးယူချပြပါရစေ...
မနက်ပိုင်းလောက်မှာ MSC admin တစ်ဦးဖြစ်သော @domelay က ...
ဟုတ်ကဲ့ စာကောင်းကောင်းမရေးတတ်တဲ့ ကျွန်တော်တို့ MSC နှင့် မထိုက်တန်တဲ့ အတွက် ထွက်ခွင့်ပြုပါ ဟုဆိုကာ
MSC New Chat group မှ ထွက်သွားခဲ့ပါတယ်။

ထို့နောက်ပိုင်းတွင် @kachinhenry မှ...
သန်း ၆၀ သော မြန်မာပြည်သူ တွေထဲမှာ steemit ကို
သိသူ အယောက် ၁၀၀၀ မပြည့်ဘူး။ အဲဒီ အယောက် ၁၀၀၀
ထဲမှာ steemit အကောင့် ရှိသူ ၅၀၀ မပြည့်ဘူး။ အဲဒီ ၅၀၀ ထဲမှာ နေ့စဉ် ဝင်ငွေ တခု အနေနဲ့ Steem ရရှိနေသူတွေ ၁၀၀ မပြည့်ဘူး။ အဲဒီ ၁၀၀ ထဲမှာ ကံကောင်း ထောက်မစွာ MSC promotion ရရှိနေသူ ၅၀ မပြည့်ဘူး။ ရှိတဲ့ ၅၀ ထဲမှာ နေ့စဉ် စာရေးနေသူ ၁၅ ယောက် မပြည့်ဘူး။ အဲဒီ နေ့စဉ် စာရေးနေတဲ့
၁၅ ယောက်ထဲမှာ ခိုင်မာတဲ့ ယုံကြည်ချက် ရှိသူ ဘယ်နှစ် ပါနိုင်သလဲ..? သန်း ၆၀ ထဲက ရွေးထုတ်ကြည့်တာပါ။
ဟု
မေးခွန်းထုတ်လာခဲ့ပါတယ်။

ထို့ကြောင့် ကျွန်တော့် အနေဖြင့် ပြောချင်တာက...
Steemit တွင် စာရေး ပို့စ် တင်နေကြသည်နှင့် ပတ်သက်၍
ကျွန်တော်တို့ အများစုသည်
Professional တွေ မဟုတ်တာ တစ်ကြောင်း...
အခြေအနေအရ ဆောင်ရွက်နေရတာ တစ်ကြောင်း...
စားဝတ်နေရေးအတွက် လုံးပမ်းနေရတာ တစ်ကြောင်း...
Steem ဖြင့် မရပ်တည်နိုင်ကြသေးသည်က တစ်ကြောင်း...
စသည် အကြောင်းကြောင်းကြောင့် အရည်အသွေး
ကောင်းမွန်သော စာကောင်းပေမွန်များ ထွက်မလာကြသည်
များကို အချင်းချင်း ဗွေယူမနေကြဘဲ တစ်ဦးကိုတစ်ဦး နားလည်ပေးတတ်ကြဖို့ နှင့် Steemit Platform
ပေါ်တွင် မိမိတို့ ဆောင်ရွက်နိုင်သမျှ မခိုမကပ်ဘဲ ကြိုးစား
ပေးကြဖို့ အရေးကြီးပါကြောင်း ပါခင်ဗျာ...

ကိုဟင့် စကားကို ဆက်ပြောပါမယ်...
ကျွန်တော်တို့တွေဟာ အတော်အသင့်တော့ စာဖတ်စာရေး
ဝါသနာပါသူတွေ ဆိုတာ Steemit platform ပေါ်
အခုထိ ဇွဲရှိရှိ ရပ်တည်နေကြတာကို ကြည့်က သိနိုင်ပါမည်။
သို့သော် စာပေ ဝါသနာပါရုံ သက်သက်ဖြင့်ကား
မဟုတ်ပါချေ။
ကိုယ်ကျိုးအတွက် သော်လည်းကောင်း၊
အများအကျိုး တစ်ခုခု ဖော်ဆောင်ရန် သော်လည်းကောင်း၊
ရည်ရွယ်ချက် အချို့တော့ ရှိကြပေလိမ့်မည်။
ရည်ရွယ်ချက် အိပ်မက် ကြီးကြီးမားမား ချထားကြသူတွေ
ရှိနိုင်သလို ရနိုင်သလောက်ရ၊ အကျိုးဖြစ်ထွန်းနိုင်သလောက်
ဖြစ်မြောက်ရုံ စိတ်ကူးစိတ်သန်းရှိကြသော ရည်ရွယ်ချက်
သေးသူများကတော့ ပိုများကြပေလိမ့်မည်။

သို့အတွက် MSC အဖွဲ့ဝင်များ ဖြစ်ကြသော
ကျွန်တော်တို့သည် မည်သည့် ရည်ရွယ်ချက်ကြောင့်
Steemit platform လျှောက်လှမ်းနေကြပါလဲ?

အဘယ်ချိန်ထိ၊ အဘယ်အတိုင်းအတာထိ ဆက်လျှောက်
ကြပါမည်လဲ?

Steemit အပေါ် ယုံကြည်မှု၊ MSC အပေါ် ယုံကြည်မှု
ဘယ်လောက် ရှိကြမည်လဲ?

အဖွဲ့ဝင် အချင်းချင်း လေးစားမှု၊ ရင်းနှီးခင်မင်မှု၊
ယုံကြည်မှု နှင့် နားလည်ပေးနိုင်မှု ဘယ်သို့ ရှိကြပါလဲ?

ဤသို့ မေးမြန်းမှုကို ဖွင့်ဟ ဖြေဆိုရန် မတိုက်တွန်းပါ။
မိမိတို့ အကြောင်း မိမိတို့ပဲ ဝေဖန်ထောက်ရှုဆင်ခြင်သင့်
တယ် မဟုတ်ပါလား။

မည်သည့်အရာမဆို မြတ်နိုးယုံကြည်မှုဖြင့် ဆောင်ရွက်လျှင်
ပျော်ရွှင်မှုကိုလည်း ရ၍ အောင်မြင်မှုလည်း အရမြန်ပါသည်။
ထိုသို့ မဟုတ်မူကား.................???

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....

MSC - 193
@billionairehein

စာကြွင်း။ ။ လောလောဆယ် အနေအထားတွင် MSC သည်
တဖြည်းဖြည်း အင်အားယုတ်လျော့လာသည်ကို တွေ့ရှိနေရ
ပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပိုမိုရင်းနှီးယုံကြည်နားလည်
ပေးနိုင်ကြခြင်းမှာလည်း တိုးတတ်မလာသေးပါ။
မည်သို့ပင် ဆိုစေကာမူ MSC Gathering TaungGyi
ကိုဖြင့် အတူတကွ တတ်ရောက်နိုင်ကြရစေရန် ရည်သန်
မျှော်လင့်ရင်း အထက်ပါ စာကို ရေးသားတင်လိုက်ရပါသည်။

Posted using Partiko Android

Sort:  

ဘယ်လိုတွေ ဖြစ်နေကြပြီလဲ ပုံမှန်တော့ pro post တွေကို vote ပေးဖြစ်တဟ် ဖိဘုတ် မက်ဆန်ဂျာ အကုန်နားထားတော့ ဘာတွေဖြစ်ကုန်ပြီလဲ မသိတော့ဘူး ခုလောလောဆယ် စာမေးပွဲက လေးရက်ကျန်နေသေးတယ် ကိုဟိန်းရေ စာမေးပွဲပြီးမှပဲ MSC ရဲ့လုပ်ငန်းစဉ်အတိုင်း ပြန်လည် လိုက်ပါစီးမျောနိုင်တော့မယ် ခုကတော့ Social တွေ အကုန်နားထားတော့ ဘာမှ မသိဘူး စာမေးပွဲပဲ ဦးစားပေးထားလို့ ပါ

တင်ပါ့ ဘုရား
စာမေးပွဲ ဂရုစိုက်ပါ ဘုရား
အခြေအနေ တော့ သိပ်မဟန်သေးပါ ဘုရား😁

Posted using Partiko Android

ဘယ်လိုတွေ ဖြစ်နေကြပြီလဲ ပုံမှန်တော့ pro post တွေကို vote ပေးဖြစ်တဟ် ဖိဘုတ် မက်ဆန်ဂျာ အကုန်နားထားတော့ ဘာတွေဖြစ်ကုန်ပြီလဲ မသိတော့ဘူး ခုလောလောဆယ် စာမေးပွဲက လေးရက်ကျန်နေသေးတယ် ကိုဟိန်းရေ စာမေးပွဲပြီးမှပဲ MSC ရဲ့လုပ်ငန်းစဉ်အတိုင်း ပြန်လည် လိုက်ပါစီးမျောနိုင်တော့မယ် ခုကတော့ Social တွေ အကုန်နားထားတော့ ဘာမှ မသိဘူး စာမေးပွဲပဲ ဦးစားပေးထားလို့ ပါ

Sneaky-Ninja-Throwing-Coin 125px.jpg
Defended (8.28%)
Summoned by @billionairehein
Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Everything You Need To Know About Sneaky Ninja


woosh

အားလုံး တက်ညီလက်ညီနဲ့ ကူညီဖေးမရင်း အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်ကြပါမည်ခင်ဗျာ။ကောင်းလှပါတယ်အစ်ကို။

ဟုတ်တယ် ညီရေ...
မခိုမကပ်ဘဲ တတ်နိုင်သလောက် နားလည်မှု နဲ့ ဆောင်ရွက်ကြရဦးမယ်

Posted using Partiko Android

တောင်ကြီး Gathering မှာလည်း ထပ်ဆုံကြမယ်ကိုဟိန်းရေ။
ဖိုက်တင်း MSC...

တည်ပါစေ ရည်ရွယ်ရာတွေ...
Fighting!

Posted using Partiko Android

သိတ်​မှန်​တာ​ပေါ့ဗျာ

Posted using Partiko Android

Yes...Right!

Posted using Partiko Android

ဆက်​ပြီးကြိုးစား​ရှေ့ဆက်​ပါ့မယ်​လို့....

Posted using Partiko Android

Moving forward to Steem dream!

Posted using Partiko Android

ဟုတ်ကဲ့။တတ်နိုင်သလောက်တော့ ကြိုးစားရေးနေပါတယ်။

Posted using Partiko Android

Let us go together to steem dream!

Posted using Partiko Android

ထို ပြဿနာအတွက်‌ Post‌ရေးတင်‌ဦးမယ်‌ ။‌ကျောင်းပျက်‌တာက‌တော်‌‌သေး ‌ကျောင်းတက်‌မှ ဆူခံရ ဖြစ်‌‌နေပြီ။

ဟုတ်ပဗျာ... ရေးတင်ပါဦးလေ😁

Posted using Partiko Android

တကယ်တော့ ကိုယ့်စာကိုရေး သူ့စာသူရေးပေါနော် ၊သူများရေးနေတာ ငါ့များပြောနေတာလားလို့ တွေးနေရင် စိတ်ညစ်ရမှာပေါ့ ၊ စင်ပေါ်တက်စကားပြောသလို့ အချို့က မပြောရဲဘူး ၊အချို့က သွက်နေအောင်ပြောတယ်၊ပြောစမရှိရင် အောက်ကငါ့များဝေဖန်နေမလား၊ငါ့ပုဆိုးအရောင်ကတောက်လွန်းနေလား၊ သူများတွေကြည့်လို့အဆင်ပြေပါ့မလားလို့တွေးရင်း စကားစပြောလို့မရတော့ တကယ်တော့ ကိုယ်ထင်နေသလိုဘယ်သူမှမတွေးပါဘူး ၊ကိုယ်ပြောစရာရှိပြော ကိုယ်ရေးစရာရှိရေးသွားလိုက်ရုံပဲ ၊သူများရေးထားတာ ဖတ်ချင်ဖတ် မဖတ်ချင်မမန့်ချင်ဝင်မကြည့်ရုံလေးပဲ

Posted using Partiko Android

မလုံတဲ့အိုးက အပေါက်ကလေးနဲ့ ဆိုသလိုပါ့ဗျာ
မပြည့်တဲ့အိုး ဘောင်ဘင်လတ်သလိုပါပဲ
ဘာပဲဖြစ်ဖြစ် လုပ်စရာ ရှိတာ ဆက်လုပ်ကြရမှာပါပဲ
သူတပါး ပါးစပ်ဖျားမှာ လမ်းဆုံးတဲ့သူဟာ ဘယ်နေရာမှ
ကောင်းမြတ်တာတွေ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မှာ
မဟုတ်ပါဘူး။
ကိုယ်ယုံကြည်ရာ ဆက်လျှောက်ကြပါစို့ ဦးမင်းရေ....

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94