စိတ္တဇမိုးည ရက်စွဲများ

in #myanmar6 years ago

မင်္ဂလာပါ ....
orca-image-1235492089.jpeg_1538647311906.jpeg

ဒီရက်ပိုင်း မုတ်သုံအထွက်မှာ မိုး ရွာသွန်းမှု ပိုများလာ
ပါတယ်။ မိုးရွာပြီး စိုစွတ်ထိုင်းမှိုင်းနေတာက တစ်ကြောင်း၊
မယ်မယ်ရရ အလုပ် မရှိတာက တစ်ကြောင်း၊ မိန်းမနှင့်
ဝေးနေရတာက တစ်ကြောင်းတို့ကြောင့် ကျွန်တော်ဟာ
ပျင်းရိလေးတွဲ ထိုင်းမှိုင်းပြီး လွမ်းသလို ဆွေးသလို
ဘာလိုလို ညာလိုလို နဲ့ ဖုန်းကိုဖွင့် Online ကနေ
ငွေဝင်ဖို့ ရှာကြံနေမိပါတယ်။ သို့ပေမယ့် ဘာမှ ထူးထူး
ခြားခြား မရှိသည့် အဆုံးတော့ ဟို...ယခင်က
အခုလို မိုးရက်တွေမှာ ခံစားခဲ့ရတာကို ကဗျာလိုလို
ရေးချထားခဲ့တာလေးများ ဖုန်းကလေးဖြင့် Typing
ရိုက်ပြီး Steemit Platform ပေါ်ပဲ တင်ရတော့
တာပေါ့.....

စိတ္တဇမိုးညရက်စွဲများ

ဝေးလွင့်ရက်စွဲများ
အလွမ်းသင့် ဒဏ်ရာတွေ ဗလပွနဲ့
အထီးကျန် တစ်ယောက်တည်းပဲပေါ့
မိုးရယ်...
ကျီစယ်က အတူ ငိုပေးနေရော့သလား
မှိုင်းညို့ညို့ ဝဠာပြင်ရယ်
စိတ်တို့ ထိုင်းမှိုင်းဝေသီလို့
ကြွေနေပြီ မျက်ရည်စက်တွေ
အဆက်မပြတ်နဲ့ ရှိုက်လို့သာပေါ့
ဪ ... ဒီအချိန်ဆို
သူတစ်ယောက်လည်း
သတိမှ ရပါလေစ
ဝေဝါးအတွေးတို့ရယ် နှိပ်စက်လို့
အိပ်ပျက်ညတွေကို
ဘယ်လို ကျော်ဖြတ်ရလေမလဲ
စိတ္တဇ အဆွေးတွေ ဝင်ပူးလို့
ရူးရတော့မယ် ထင်ရဲ့ကွယ်။ ။

အလွမ်းရင့်ရင့်
မိုးသက်မုန်တိုင်းမိုးတွေ
ငါ့ရင်ကို တဖြန်းဖြန်းရိုက်ခတ်လို့
မင်း တပ်မက်ခဲ့ဖူးတဲ့ ရင်ခွင်နွမ်းနွမ်းလေး
ကွဲမွ ကြွေကျတော့လေမလား
ဆွေး.....
ရေးတေးတေး အတွေးတွေနဲ့
ဘယ်တော့ တစ်ခါ ပြန်ဆုံနိုင်မလဲ မသိ
ကြည့်လှည့်စမ်းပါတော့
အချစ်ဆိုတာ
ကြည်နူးမှု အစအနလေးနဲ့
တသသ လွမ်းတနေဖို့ ဝေဒနာအစိုင်အခဲကြီးပေပဲ
တစ်ကယ့်ကိုပါ
ရင်ခုန်စွာ ချစ်ခဲ့ရတယ် ဆိုတာ
ရင်ကွဲပက်လက်နဲ့ အသက်ဆက်ရဖို့
ဝဋ်ကြွေးတစ်ခု အဆိပ်သင့်ခဲ့ပြီ
တစ်ချိန်က အနမ်းရင့်ရင့်တွေကို
ပြန်လည်မြင်ယောင် ခံစားရင်း
မထူးခြားတဲ့ ဘဝ
ရူးရချည်သေးရဲ့ကွယ်။ ။

...... ဟိန်းခန့်မောင် ....

မလှပတဲ့ ဘဝကို ရှင်သန်ရပ်တည်ဖို့ ထုဆစ်ပုံဖော်နေစဉ်
လူငယ်ဘာဝ အချစ်ကို တွေ့ရှိခံစားခဲ့မိသော်လည်း
ချစ်သူနှင့် အနီးအနားမှာ အတူ ရှိမနေနိုင်တဲ့ အချိန်...

မိုးကလည်း အဆက်မပြတ် ရွာသွန်းနေလေတော့...

ချစ်သူကို ပိုလွမ်းလာရသလို ... လွမ်းလို့ ...
လွမ်းသူမှာ မျက်ရည်စတွေ ကြွေနေရချိန်မှာ
မိုးက အတူ ငိုပေးနေသလား ထင်မြင်ရပါတယ်။
အထီးကျန်နေချိန်မှာ ရာသီဥတုက မှုန်မှိုင်းနေပြန်တော့
ပိုတွေးရ ငေးရ ဆွေးရပြန်ပေတာပဲ။

တစ်ခါတစ်လေကြပြန်တော့ အတူ ငိုပေးနေတဲ့ မိုး လို့
မထင်ပြန်ဘဲ ဝေဒနာတွေ ပိုတိုးအောင် ဖြန်းပတ်
ရိုက်ခတ်နေသလိုပဲ ထင်မိခဲ့ပါတယ်။ ဒီလိုတွေ
ခံစားနေရလေတော့ အချစ်ဟာ ချိုမြိန်ကြည်နူးမှု
ခဏတာ ပေးပြီး တသသဆွေးမြေ့ကြေကွဲစရာတွေပဲ
အကြာကြီး ပေးသလို ကြိတ်မှိတ်ခံစားနေရင်း
လူဟာ ရူးချင်သလို ကြောင်ချင်သလို ယောင်ချာချာ
ဖြစ်လို့ လာခဲ့ဖူးပါတယ်။

ဪ...ရာသီရယ် မိုးရယ်...
အချစ်ရယ်... ခွဲခွာနေရခြင်းရယ်...
ဝေဒနာကို စာစီပြလိုက်မိပါတယ်ဗျာ...

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

ငိုနိုင်ဘူး မျက်ရည်တွေ ဈေးတက်နေတယ် အလကားအကုန်ခံနိုင်ဘူး ☺

လွမ်းသူမှာ မျက်ရည်စတွေနဲ့ ကျွမ်းပူဗျာပွေနေတာ ကူညီပါဦးဗျာ😁😁

Posted using Partiko Android

အိုက်စ်😂😂

Posted using Partiko Android

အို့စ်😂

Posted using Partiko Android

မိုးအေးအေးနဲ့စာရေးရတဲ့feelဟာ အကောင်းဆုံးဘဲ
Posted using Partiko Android

Posted using Partiko Android

စားဝတ်နေရေး မပူရရင် ပိုကောင်း ပိုရှယ်သပဗျာ😁

Posted using Partiko Android

ကြိုက်​တယ်​ဗျာ ကျွန်​​တော်​လဲ ကဗျာ​လေး​တွေေးတင်​အုံးမှပါ​လေ

တင်စေသတည်း ခံစားကြမယ်😁

Posted using Partiko Android

You got a 5.88% upvote from @dailyupvotes courtesy of @billionairehein!

Thank for service

Posted using Partiko Android

အသည်းက နုသကိုး။ အလွမ်း‌တွေကို စမ်း‌ရေထဲမှာ ‌မျှောလိုက်‌ပါ ။

အသည်းနုတော့ ပိုလွမ်းရပါတယ်

Posted using Partiko Android

မိုး​အေး​အေးမှာခံစားရင်းထွက်​ကျလာတဲ့ကဗျာတစ်​ပုဒ်​​ပေါ့....

Posted using Partiko Android

ဖီးအပြည့်နဲ့ ရင်နှင့်မဆံ့အောင် ခံစားထားတာပါ😁

Posted using Partiko Android

တစ်ယောက်ထဲဖြစ်နေတဲ့အချိန် လွမ်းစရာလေးတွေကို ခံစားရေးဖွဲ့တာဆိုတော့ ပိုပြီးပေါ်လွင်တာပေါ့အစ်ကို။

အထီးကလည်း ခဏခဏ ကျန်နေတတ်တာကိုးကွယ်

Posted using Partiko Android

Ok ကြိုက်​တယ်​ဗျာ

Posted using Partiko Android

စိတ္တဇမိုးညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်

အလွမ်းများ ဝေးစေသတည်း ကိုယ်ဆုတောင်းမိ😁

Posted using Partiko Android

သြော်. မိုးရယ်. အချစ်ရယ်. ခွဲခွာနိုင်ခြင်းရယ်😃😃😃😃

Posted using Partiko Android

ခွဲခွာနိုင်လို့ ဟုတ်ဘူး မတတ်သာလို့ပါကွယ်😅😞😧

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13