Steem saving Bank (SSB)

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ကျွန်တော်၏ steem စုဗူးကြီး အကြောင်း
ပြောပြချင်ပါတယ်။ စုဗူး ဆိုသည်ထက် ဘဏ် ဟု
ပြောလျှင် ပိုသင့်လျော်ပေမည်။
အဘယ်ကြောင့်ဆိုသော် ရိုးရိုး စုဗူးသည်ကား ထည့်စု
သလောက်သာ ပိုများလာခြင်း ဖြစ်သည်။
ဘဏ်ထဲ ထည့်စုခြင်းမှာ စုသည့်ပမာဏထက်
အတိုးအပွားလည်း ထပ်ရခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ဘိုလိုပြောရရင်တော့
Steem Saving Bank ဟုပဲ ဆိုချင်ပါသည်။

ကျွန်တော်၏ Steem Saving Bank (SSB) ကို
2017 ခုနှစ် အဆုံး December လဝက်လောက်၌
စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ယခုဆိုလျှင် တစ်နှစ်နှင့်လေးလ ကြာမြင့်ခဲ့ပေပြီ။
တစ်နှစ်နှင့်လေးလ ကာလအတွင်း ဘယ်လောက်စုမိခဲ့ပါပြီလဲ။
image
Steem - 47
SBD$ - 57 နှင့်
SP - 676 တို့အား
လက်ရှိဈေးဖြင့် Steem တစ်ခုတည်း တွက်ကြည့်ရလျှင်
47 + 124 + 676 = 847 steem ဖြစ်ပေမည်။

မိမိ၏ ပြင်ပဝင်ငွေဖြင့် ဝယ်ထည့်ခဲ့သော steem
ပမာဏမှာ 120 လောက် ရှိခဲ့၍
Steemit platform ပေါ် အခြေခံ၍ ရရှိခြင်းမှာ
727 steem သာ ရှိလောက်ပေမည်။

727 steem ကို ရက်ပေါင်း 480 လောက်
စုထည့်ခဲ့ရခြင်း ဖြစ်ပါသောကြောင့် တစ်ရက်
ပျမ်းမျှတွက်ရလျှင် 1.5 steem သာသာလောက်
ရရှိခဲ့ပါတယ်။

1.5 steem အား ယခုလက်ရှိဈေး USD 0.486 $
နှင့် တွက်ရလျှင် 0.729 usd $
မြန်မာငွေ MMK ဖြင့် ဆိုပါက 1097 ကျပ်
ဖြစ်ပေသည်။

သို့ဖြစ်ပါ၍ Steemit မှ တစ်ရက်လျှင် 1097 ကျပ်
ဖြင့် ရက်ပေါင်း 480 အတွင်း 526560 ကျပ်
စုမိခဲ့ပေပြီ။

Steemit ၏ Estimated value USD 398.68 $
အရ ဆိုလျှင် မြန်မာငွေ 600013 ကျပ် ဖြစ်ပေမည်။

မနှစ်က ဒီလိုအချိန် Steem ဈေး usd 3 $ လောက်ဖြင့်
တွက်ရလျှင်ကား 847 × 3 = 2541 $
2541 × 1505 = 3824205 ကျပ်
အားပါးပါး ဈေးတတ် မျှော်လင့်ကြသည်မှာ
အပစ်မဆိုသာ.. ပမာဏမှာ ကွာခြားလှသည်တကား...

မည်သို့ပင် ဆိုစေ ဖြစ်စေကာမူ...
မိမိ၏ အားလပ်သည့်အချိန်တိုင်းအား အကျိုးရှိစွာ
အသုံးချ၍ ဇွဲရှိရှိ ကြိုးစားဆောင်ရွက်ခဲ့ခြင်းမှာ
အလဟဿတော့ မဖြစ်ပေ...
လက်ရှိ အကောင့်တန်ဖိုး ၆ သိန်း သို့မဟုတ်
တစ်ရက်ဝင်ငွေ တစ်ထောင်ကျော်သည်လည်း
တန်ဖိုးရှိလှပါပေပြီ။

လောလောဆည် ရက်ပိုင်းတွင်တော့ တစ်ရက်လျှင်
2-3 steem ပျမ်းမျှ ဝင်နေပါသည်။

ဤသည်မှာ ကျွန်တော်၏ SSB အခြေအနေတစ်ခု
ဖြစ်ပေသည်။ ယခင်နှစ်က မြိုင်ဆိုင်ခဲ့ကြသော
MSC အဖွဲ့တော်သားများနှင့် အခြား Myanmar
Steemit User များ၏ Steem Saving Bank
ကရော ဘယ်လို ရှိကြပါလဲ။

ဆက်လျှောက်နေသူသာ ခရီးရောက်ပေမည် ဟု
ပြောကြားရင်း.....

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဗုတ် မန့် ပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Special Thank for upvoting and comment

Posted using Partiko Android

ကောင်းမွန်သော steem saving bank တစ်ခုပဲ ဖြစ်ပါတယ်အစ်ကို။သေသေချာချာလေးတွက်ပေးထားတာ အားလုံးအတွက် ဗဟုသုတ ဖြစ်စေပါတယ်ခင်ဗျာ။

Posted using Partiko Android

Hello @guiltyparties

Could you please check here?

The flag from @mack-bot has not been removed.

Hope you can help @uthantzin

ရလဒ်တစ်ခုတော့ ရှိနေသေးတော့ ဆက်လျှောက်နေရင်း တွက်ကြည့်နေရတာပဲ😁😁😁

Posted using Partiko Android

ကျွှန်တော်လဲ မနားဖြစ်ခဲ့ရင် အတော်များလောက်ပြီ ခုတော့ ဂဂျီးမီ လေးဘဲရှိသေးတယ် ။

ကိုယ်တွေမှ မိနောင်းလေး ဖြစ်သေးတာ
ဂဂျီးမီက ဘာလဲ😁😁

Posted using Partiko Android

သထိန်း

😁😁😁

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thank so much for choice

Posted using Partiko Android

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79