Steemit နှင့် ပတ်သက်၍ ( DrugwarS New Strategy)

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...

Steemit နှင့် ပတ်သက်၍ ယခင်နှစ်က အချိန်လေးတွေကို
ပြန်လည် သတိရနေရင်း DrugwarS လေး
စစ်သားမရှိတဲ့ကောင် ရှာတိုက်နေပါတယ်။

ဒီနေ့တော့ DrugwarS ကလည်း ပုံစံ တစ်မျိုး
ပြောင်းသွားပါတယ်။
အရင်ရက်တွေကို အနိုင် တိတိကျကျ ရမယ့်
အကောင့်မျိုး ရှာရ မလွယ်တော့ပါဘူး။
ရန်သူ့စစ်အင်အားကို ဝင်ကြည့်လို့ မရတော့သလို
သူ့ဆီမှာ Resource ဘယ်လောက်ရှိလဲ မသိရတော့ပါဘူး။
အရင်လို တိုက်နေကျ အကောင်လေး ဒိုင်း အပွင့်
စောင့်တိုက်လို့လည်း မရတော့ပါဘူး။
User အသစ်တွေကိုတော့ သုံးရက်တာ ဒိုင်းကာပေးထား
ပေမယ့် အဟောင်းတွေက ဒိုင်းအကာအကွယ်
မရနိုင်တော့ပါဘူး။ ( ဒီတော့ မိမိဘာသာ လုံခြုံအောင် ထိန်းပေတော့ပေါ့ )

ဒီလိုဆိုတော့လည်း မတိုက်ဘဲ နေမယ် စိတ်ကူးမိလိုက်ပါရဲ့။
သို့သော် active မဖြစ်ရင် reward မရ ဖြစ်နိုင်
ဆိုလားပဲ။ ဘယ်လိုမျိုး active ဖြစ်ရမယ်တော့
အတိအကျ မသိရသေးပါ။

ဒီလိုနဲ့ လူက အားနေပြန်တော့ စမ်းတိုက်ကြည့်ချင်လာတယ်။
Drug အထုတ်များပြီး Weapon and Alcohol
အထုတ်နည်းတဲ့ စစ်အင်အား နည်းနိုင်တဲ့ အကောင့်
ရှာတိုက်လိုက်ပါတယ်။
image
နိုင်ပါတယ်ဗျာ😁 Unit တစ်ကောင်မှ မကျဘဲ
Resource နည်းနည်း ရလိုက်ပါတယ်။
ဒါနဲ့ နောက်တစ်ကောင် ထပ်ရှာ တိုက်ပြန်ပါတယ်...
အဆင်တော့ ပြေသားပဲ...ပိုရလာတယ်ဗျ😁
စမ်းတိုက်တာလေးက အဆင်ပြေတော့
လက်က မငြိမ်ဘဲ ဆက်တိုက်မိပါတယ်....
တတိယ အကောင်မှတော့ အနိုင်တော့ ရပါတယ်။
Rowdy အကောင် ၅၀ ကျသွားတော့
ရလာတဲ့ resources နဲ့ တွက်ကြည့်ရင်
တော်တော်လည်း နစ်နာပါတယ်ဗျာ...
image
ခုလိုလေး စမ်းသပ် တိုက်ကြည့်တော့လည်း
ကောင်းကွက်လေးတွေတော့ တွေ့ပါတယ်။
ယခင်လို ဒိုင်းအပွင့် စောင့်နေစရာ မလိုဘဲ
စိတ်ထင်ရာ အကောင် ဝင်တိုက်လို့ ရပါတယ်။
😁😁😁

ဒီမှာ တစ်ခု စဉ်းစားမိတာက
DrugwarS ဖန်တီးသူတွေက Bot တွေနှင့်
Abuser တွေကို ကာကွယ်ချင်တာနဲ့
အခြားသူရဲ့ Profile ဝင်ကြည့်လို့ မရအောင်
ပိတ်ပြီး ဒိုင်းကာမပေးတော့တာဟာ
ဖန်တီးရှင် အတွက် ပိုကောင်းအောင် လုပ်လိုက်တယ်
ထင်တာပါပဲ...
အကြောင်းမှာ Active ဖြစ်အောင် တိုက်ပွဲတွေ
ဆင်နွှဲကြလေမှ အချင်းချင်းရဲ့ Unit တွေ ကျဆုံးပြီး
ပြန်ပြန်ဝယ်ရအောင်၊ Storage တွေ အဓိကထား
Upgrade တွေ မြှင့်ကြအောင်ပေါ့ဗျာ....

ကဲ..ဒီတော့ မိတ်ဆွေတို့လည်း မီးစင်ကြည့်ပြီး
အဆင်ပြေသလိုသာ ကကြပေတော့ဗျာ😁😁😁

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

Profile ကြည့်နည်း ရှိတယ် အခု စမ်းတိုက်နေတာ ပွဲတိုင်းနိုင်တယ်

Posted using Partiko Android

ချတော့ချနေတာပဲ😁

Posted using Partiko Android

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးဇူး အထူးတင်ပါတယ်ဗျာ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Special Thank for upvote

Posted using Partiko Android

အစ်ကိုက lucky ရှိသားပဲ။မသိပဲနဲ့ တိုက်တာတောင် အနိုင်တွေရတယ်။

Posted using Partiko Android

နိုင်ပေမယ့် အမြတ် သိပ်မကျန်ပါဘူးရယ်😁

Posted using Partiko Android

ဘာပဲဖြစ်ဖြစ် ရတာအမြတ်ပဲ

ရသလောက် အမြတ်ထုတ်နေတာ😁

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10