Steemit နှင့် ပတ်သက်၍ (ပြန်တမ်းတ)

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
Steemit နှင့် ပတ်သက်၍ စာလေးတွေ ရေးနေတော့
မနှစ်က ဒီလို အချိန်ကို ပြန်သတိရမိပါတယ်။

မနှစ်က ခုလို အချိန်မှာ...
ကျွန်တော်တို့ MSC ဝိုင်းတော်သားတွေ
Steem Dream ကို မြင်မက်လျက်
မြိုင်မြိုင်ဆိုင်ဆိုင် ချီတတ်နေကြချိန်မှာပေါ့...

တောရွာ စာသင်ကျောင်းလေးမှာ ကျောင်းသုံးပစ္စည်းတွေ
လှူဒါန်း ဖြစ်ခဲ့ကြပါတယ်။
ကျန်းမာရေး အရ အကူအညီလိုနေသော
ဝိုင်းတော်သားအချို့ကိုလည်း ငွေကြေး ထောက်ပံ့နိုင်ခဲ့ကြတယ်။
အထူးသဖြင့်တော့...

MSC ခေါင်းဆောင် ကိုဟင်နရီအောင်
စင်ကာပူမှ နေ၍ တကူးတက လာရောက်ခဲ့ကာ
မန္တလေး တောတွင် စိတ်ကျန်းမာရေးဆေးရုံရှိ
ဝေဒနာရှင်တွေကို နေ့လည်စာ အလှူဒါန ပြုခဲ့ကြပါတယ်။

ဒီလိုတွေ ဆောင်ရွက်နိုင်ခဲ့ကြတော့
Steemit အသုံးပြုရတာ အကျိုးလည်းရှိ
မွန်မြတ်တဲ့ ကုသိုလ်တွေလည်း ရတော့
တပျော်တပါးကြီး ရှိခဲ့ကြတာပေါ့။

ဒါတွေကို ပြန်လည် သတိရမိရင်း
ဒီဘက်နှစ်မှာ ဘာမှ မလုပ်နိုင်သေးတာကို
စိတ်မကောင်းဖြစ်မိသလို အားရကျေနပ်မှု မရှိပါဘူး။

Steem ဈေး ကျဆင်းမှုနှင့်အတူ
MSC ဝိုင်းတော်သားတွေ၊ ကြိုးစားမှု အင်အား
ဆုတ်ယုတ်သွားသလို ရလဒ်တွေလည်း
လျော့ပါးသွားခဲ့လေတော့ ကောင်းမြတ်တာတွေ
ဆက်မလုပ်နိုင် ရပ်တန့်နေခဲ့ပါတယ်။

မနှစ်က ဒီလိုအချိန်က အားခဲခဲ့ကြတဲ့
8 လပိုင်း MSC တစ်နှစ်ပြည့် တွေ့ဆုံပွဲကိုတော့
ပုဂံမှာ ကျင်းပနိုင်ခဲ့ပေမယ့် ဒီနှစ် တောင်ကြီး တွေ့ဆုံပွဲ
က ဘယ်လို ဖြစ်မြောက်နိုင်လေမလဲ?

ခုရက်ပိုင်းမှာတော့ DrugwarS game လေးနှင့်အတူ
Steem ဈေးလေး နည်းနည်းကြွလာတော့
အရင် လပိုင်းတွေထက် ဝိုင်းတော်သားတွေ
လှုပ်တော့လာကြပါပြီ။

မကြာတော့သော 8 လပိုင်း တောင်ကြီးတွေ့ဆုံပွဲကို
မနှစ်ကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ကြလေမလား
တွေးတောရင်း....

မနှစ်ကလို ပရဟိတလေးတွေလည်း ထပ်မံ
ဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်မိပါတော့သည်။
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ် ကျေးဇူးပါဗျ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks for voting

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22