The Three Affirmation Mistakes (1)

in #myanmar6 years ago

မင်္ဂလာပါ....
orca-image--1586556935.jpeg_1538877608724.jpeg

ကျွန်တော်သည် အောင်မြင်ရေးတတ်ကျမ်းများကို
ဖတ်ရသည်ကို ဝါသနာပါသည့် အလျောက်
ဖတ်မှတ်ခဲ့ပြီး ယခုအခါ...
မိမိတို့ ဖြစ်မြောက်ရယူပိုင်ဆိုင်ချင်တာကို
အခိုင်အမာပြုရေးသားရွတ်ဆိုခြင်း နှင့် ပက်သတ်၍
ဘာသာပြန်ထားခဲ့တာလေး တင်ပြပါရစေ...

#အခိုင်အမာပြုရေးသားရွတ်ဆိုခြင်း
ဆိုသည်မှာ မိမိတို့ ဖြစ်မြောက်ရယူပိုင်ဆိုင်ချင်တာ
တွေကို အသေအချာ စဉ်းစား ဆုံးဖြတ်ချက် ချ၍
စာရွက်၊ Mobile Phone သို့မဟုတ်
Computor တွင် ရေးမှတ်ထားပြီး နေ့စဉ်
ပုံမှန် ရွတ်ဆိုပေးခြင်း ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ ဆန္ဒရှိသည့်အတိုင်း
မိမိတို့ လုပ်ဆောင်ချက် အပေါ်မှာ ယုံကြည်မှု
အပြည့်အဝ ရှိဖို့ အရေးကြီးပါသည်။
....... ဘာသာပြန်သူ .......

အခိုင်အမာပြုရေးသားရွတ်ဆိုရာမှာ ဒီအမှား(၃)ချက်ကို သင်လုပ်မိနေသလား?

မာတိကာ

နိဒါန်း

အခိုင်အမာရေးသားရွတ်ဆိုခြင်းမှာယွင်းချက် #၁
၎င်းတို့ကို အသုံးမပြုခြင်း

အခိုင်အမာရေးသားရွတ်ဆိုခြင်းမှာယွင်းချက် #၂
သင်လိုချင်တာကို လုံးဝတွန်းဖယ်ထားတဲ့ မှားယွင်းသော စကားလုံးများကို အသုံးပြု နေခြင်း

အခိုင်အမာရေးသားရွတ်ဆိုခြင်းမှာယွင်းချက် #၃
သင့်ဘဝထဲသို့ အခိုင်အမာရေးသားရွတ်ဆိုခြင်း ကို လုံးဝဥဿုံ အပြည့်အဝပေါင်းစပ်မှုမရှိခြင်း

စာရေးဆရာ ခရစ်ကိတ် အကြောင်း

နိဒါန်း

အခိုင်အမာပြုရေးသားရွတ်ဆိုခြင်းများဟာ စွမ်းအားပြည့်ဝတယ်လို့ ကျွန်တော်တို့ ကြားသိရပြီး ပါပြီ။ သို့သော် ခုထိတိုင် လူအများစုဟာ
၁။၎င်းတို့ကို အသုံးမပြုခြင်း
၂။၎င်းတို့ကိုထိထိရောက်ရောက်အသုံးမပြုခြင်း အမျိုးအစားနှစ်ထဲက တစ်ခုခုမှာ ကျရှုံးနေဆဲပါပဲ။
လူအနည်းငယ်ကသာ သူတို့ဘဝထဲ မြင်ရသော အကျိုးရလ်ဒ်တွေကို ဖန်တီးတဲ့ နည်းများမှာ အခိုင်အမာပြု ရေးသားရွတ်ဆိုခြင်းများကို လုံးဝ အမှန်အကန် အသုံးပြုနေကြပါတယ်။
ဘာကြောင့်ပါလဲ?
ဒီမှာ ကျွန်တော်ယုံကြည်တဲ့ အကြီးမားဆုံး အကြောင်းပြချက်(၃)ခုပါ…..

၁ ၎င်းတို့ကို အသုံးမပြုသော

၂ သူတို့လိုချင်တာကို လုံးဝတွန်းဖယ်ထားတဲ့ မှားယွင်းသော စကားလုံးများကို အသုံးပြုနေသာ

၃ သင့်ဘဝထဲသို့ အခိုင်အမာရေးသား ရွတ်ဆိုခြင်း များကို လုံးဝဥဿုံ အပြည့်အဝပေါင်းစပ်မှု မရှိခြင်း

ဒီ Ebook တိုတိုလေးထဲမှာ အထက်ပါစိတ်ကူး အယူအဆများနဲ့ ဖုံးကွယ်နေသော အခက်အခဲများက ဘာလဲဆိုတာနှင့် ထိုအရာနဲ့ ပတ်သက်လို့ သင်ဘာလုပ်နိုင်တယ် ဆိုတာကို သင်အတိအကျ ရှာဖွေတွေ့ရှိရပါမယ်။

၎င်းတို့ကို အသုံးမပြုခြင်း

ဒီအရာက သိသာပေါ်လွင်တယ်ထင်ရပေမယ့် ထိုအရာကို ကျွန်တော်ပြောပါရစေ။ လူအချို့ဟာ ငွေပန်းကန်ပြားတစ်ချက်ပေါ်က ရွှေအခွင့်အလမ်းတစ်ခု လက်ကမ်းပေးခံရပြီးတော့ အဲဒီအစား သူတို့ဟာ ခွေးစားခွက်နဲ့စားဖို့ ရွေးချယ်ကြတယ်။
ကျွန်တော်သူတို့ကို အပြစ်မဆိုသာပါဘူး။ အခိုင်အမာပြုရေးသားရွတ်ဆိုခြင်းများကို ကြားသိရ ပြီးသား လူများစွာဟာ သူတို့ရဲ့ စွမ်းအားအစစ်အမှန်ကို အတွေ့အကြုံမရှိကြပါဘူး။

လူအချို့ဟာ ၎င်းတို့ကို အသုံးပြုဖို့ ဘယ်တော့မှ မစတင်ကြဘူး။ ဒီဟာက မူလအကြောင်းပြချက် (၃)ရပ်ကို ဖြစ်ပေါ်စေပါတယ်။
၁။အခိုင်အမာပြုရေးသားရွတ်ဆိုခြင်းများက တကယ် အလုပ်လုပ်တယ်ဆိုတာကို သူတို့ မယုံကြည်ဘူး။
၂။အခိုင်အမာပြုရေးသားရွတ်ဆိုခြင်းများက အချိန် အများကြီး ယူရလိမ့်မယ်လို့ သူတို့တွေးထင် ကြတယ်။
၃။အခိုင်အမာပြုရေးသားရွတ်ဆိုခြင်းများကို ရေးသား ခြင်းက“အလွန်ခက်ခဲ”တယ်လို့အသံထွက်

ပထမဆုံးအချက်ကို ဖြေရှင်းဖို့ အခိုင်အမာပြု ရေးသားရွတ်ဆိုခြင်းများရဲ့ အကျိုးသက်ရောက်မှုကို အသေအချာဖြစ်စေတဲ့ သိပ္ပံနည်းကျလေ့လာချက်များ အချို့ရှိပါတယ်။
ဥပမာအားဖြင့်၊စတန်းဖို့ဒ်တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ ဒေါက်တာဂျော့ဖရေးကိုဟန် (Geoffrey Cohen,Ph-D)သည် မိမိကိုယ်တိုင် အခိုင်အမာပြု ရေးသားရွတ်ဆိုခြင်းက အန္တရာယ်ဖြစ်စေနိုင်သည့် အရာများအား တုန့်ပြန်ရာမှာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ စွမ်းရည်ကို အပြုသဘောဆန်စွာ အကျိုးသက်ရောက် စေပုံကို ဖော်ပြတဲ့ သေချာထပ်မံ စစ်ဆေးသုံးသပ် ထားသော သုတေသနလေ့လာမှုများစွာကို လူထုကို ချပြခဲ့ပါတယ်။

ဆက်ရန်.....

မူရင်း Ebook Link:

https://drive.google.com/file/d/1VKSfrRZIRQl9n5wVZjmEseZge-TrWSzw/view?usp=drivesdk
Screenshot_2018_0911_165401.png

Author: Chris Cade

Translated by Hein Khant Maung
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

@ansoe ရဲ့ တက်ကျမ်းတွေသာ ဖတ်စမ်းပါ တက်ရုံတင်မဘူး အသက်ပါပါသွားနိုင်တယ် ☺☺☺

ရူးသွားနိုင်ရုံမကဘူး အသက်ပါ ပါသွားမယ် ဟုတ်လားဗျ

Posted using Partiko Android

ရူးတာမပါပါဘူးလေ တက်တာပဲ ပါပါတယ်ဟ ☺

အခိုင်အမာ ဗုတ်ခဲ့တယ်ဗျာ

အခိုင်အမာပြု ကျေးဇူးတင်တယ်ဗျာ

Posted using Partiko Android

ကျွန်​​တော်​လဲ အ​သေအခြာဘုပ်​ခဲ့ပါသည်​ အဟီး

Posted using Partiko Android

ဗုတ်ရုံပဲလား စာဖတ်ခဲ့ဘူးလား😁

Posted using Partiko Android

အချိန်​ဆွဲ၊စတင်​ဖို့​တော်​တော်​​နှောင့်​​နှေးတတ်​ကြတယ်​...ဆက်​ရန်​​မျော်​​နေပါ့မယ်​...

Posted using Partiko Android

ဦးစွာချက်ချင်း လုပ်ပါ

Posted using Partiko Android

You got a 2.73% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

အလုပ်​တခုက လုပ်​​နေပြီဆို ဆက်​လုပ်​ ဖြစ်​ပြီး
နားမိရင်​လဲ ပြန်​စဘို့အ​တော်​ခက်​တယ်​ လူ​တွေရဲ့အကျင့်​ပါ့

အကျင့်ဆိုတာ ပြင်ရခက်ပေမယ့် ပြင်သင့်က ရအောင်ပြင်ရပါမယ်

Posted using Partiko Android

သု‌တေသန‌တွေဆို သိပ်‌ဖတ်‌ချင်‌တာ ။‌စောင့်‌‌မျှော်‌‌နေပါတယ်‌ကိုဟိန်း။

ဆက်တင်ပါမယ်ဗျာ

Posted using Partiko Android

ကျွန်​​တော်​လဲ အ​သေအခြာဘုပ်​ခဲ့ပါသည်​ အဟီး

Posted using Partiko Android

Autosuggestion လို့ကြားဖူးဖတ်ဖူးခဲ့ပါတယ်။ လက်တွေ့တော့စမ်းကြည်ဖူးသေးဘူး

Posted using Partiko Android

ဆင်တူပါပဲ ဝေါဟာရ ကွဲရုံလေးပါဗျ

Posted using Partiko Android

Will power ကိုအသုံးချတာပေါ့နော်။

Right, you should...

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25