To Be Perfect Life (11)

in #myanmar6 years ago

မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...

orca-image-1526033864405.jpg_1526033864511.jpeg

ခုဆိုရင် ပြည့်စုံသောဘဝကို ရရှိဖို့၊ ဖြစ်မြောက်ဖို့
ကျင့်ဆောင်ရမည့် လမ်းစဉ်တွေကို အခန်းဆက် ဖော်ပြပေးခဲ့ရာမှာ နောက်ဆုံးအပိုင်းသို့ ရောက်ရှိ
ခဲ့ပါပြီ။
ဤအပိုင်းတွင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့
ဆောင်ရွက်ရမည့် အချက် (၁၀) ချက်ထဲမှ
နောက်ဆုံး နှစ်ချက်ဖြစ်သော ဇွဲ ရှိဖို့နှင့် စံပြပုဂ္ဂိုလ်
ဖြစ်ဖို့ ကျင့်ဆောင်ရမည့် လမ်းစဉ်များကို ပြောပြ
ပေးသွားပါမည်။

(9) Persistence - ဇွဲ

Screenshot_2018_0612_213922.png

မိတ်ဆွေတို့ အနေဖြင့် အောင်မြင်ပြည့်စုံသောဘဝ
သို့ သွားနေခြင်းတွင် နှေးတာ၊ မြန်တာသည်
အခရာ မကျလှပါဘူး။ ရှေ့သို့ သွားနေခြင်းကသာ
အဓိက ကျပါတယ်။ ဟုတ်ပါတယ်...အလုပ်ကိစ္စ
တစ်ခုကို ဆောင်ရွက်ရာမှာ အောင်မြင်မယ်၊
ကျရှုံးမယ် ဆိုတာဟာ ဘယ်လောက် စွဲစွဲမြဲမြဲ ဇွဲ
ရှိနိုင်မလဲ အပေါ် မူတည်ပါတယ်။ အလုပ်ကြီး
အကိုင်ကြီး လုပ်ကိုင်ရာမှာ အခက်အခဲတွေ၊ အရံ
အတားတွေကတော့ တွေ့ကြုံရနိုင်တာပါပဲ။ မိမိရဲ့
ပန်းတိုင်ဟာ ကြီးမားလေ... ခံနိုင်ရည်ရော ဇွဲ ပါ
ရှိဖို့လိုလေပေါ့။

မိတ်ဆွေတို့မှာ အလုပ်တစ်ခု ပြီးမြောက်ဖို့ ဇွဲ ရှိရမယ်
ဆိုပေမယ့် မိမိ ရရှိရောက်ရှိလိုတဲ့ အရာဟာ မိမိ
စွမ်းဆောင်နိုင်မှုနဲ့ ရယူနိုင်စွမ်း ရှိမယ့်အရာ ဖြစ်သင့်
ပါတယ်။ ဗဟုသုတ၊ နည်းပညာ၊ ဆင်ခြင်ဉာဏ်
နည်းပါးစွာ စွဲစွဲမြဲမြဲ ဆက်လက် လုပ်ဆောင်နေတာ
မျိုးကတော့ မဖြစ်သင့်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့
အနေဖြင့် မှန်ကန်သော ဇွဲ ထားရှိတတ်ဖို့ ပြောပြ
ပေးပါမယ်။

Screenshot_2018_0612_213702.png

ပထမဦးစွာ မိတ်ဆွေတို့ဟာ မိမိတို့ ရောက်ရှိလိုသော
ခန့်မှန်းဆုံချက် - FOCUS ထားရှိရပါမယ်။ အဲဒီ
FOCUS ကို ထိမှန်ဖို့ရာ လိုအပ်သော ဗဟုသုတ၊
နည်းပညာတွေ သင်ယူလေ့လာရပါမယ်။
ဗဟုသုတ၊ နည်းပညာတွေကို မှန်မှန်ကန်ကန်
ဆင်ခြင်နိုင်စွမ်းရှိသော Wisdom - ပညာဉာဏ်
ဖြစ်အောင် ကျင့်သုံးပြီး Effort - အားစိုက်ထုတ်မှု
လုံ့လ ပြုရပါမယ်။
ဒီအတိုင်း စွဲမြဲစွာ ဆက်လက် လုပ်ဆောင်နေခြင်း
ကိုသာ Persistence - ဇွဲ ရှိတယ်လို့ ဆိုထိုက်
ပြီး အောင်မြင်မှု ရရှိမှာပါ။
ထပ်မံပြောပြရရင် မိတ်ဆွေတို့ရဲ့ ပစ်မှတ်ဆုံချက် -
Focus ကို ပညာဉာဏ် - Wisdom နှင့်
ပေါင်းစပ်ဆင်ခြင်ပြီး Effort - အားထုတ်ကြိုးပမ်း
ရမည်ဟု ဆိုတာပါ။

Screenshot_2018_0612_214051.png

FOCUS ဆိုတာက Follow One Couse
Until Success....အောင်မြင်မှု ရသည်အထိ
အကြောင်းအရာကိစ္စတစ်ခုတည်းကိုသာ လိုက်ပါ
ဆောင်ရွက်ခြင်းဟု ပြောရမှာပါ။ ဟုတ်ကဲ့ပါ...
မိတ်ဆွေတို့ဟာ ရည်ရွယ်ထားသော ပန်းတိုင်သို့
ရောက်ချင်တယ် ဆိုရင် ပညာဉာဏ်ဖြင့် ဆုံးဖြတ်
ချက် တစ်ခါတည်းချ၊ မရမက ရအောင် လုပ်ဆောင်
ရပါမယ်။ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်နှင့်
ဆက်လက် စွမ်းဆောင်ရပါမယ်။ ဇွဲ မပါရှိဘဲနဲ့တော့
လိုရာခရီးကို ရောက်ဖို့ မလွယ်ပါဘူး။ ဇွဲ ရှိမှ
အောင်မြင်ပါမယ်။

(10) Standard - စံပြ

Screenshot_2018_0612_214012.png

ခေါင်းဆောင် ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုကို
တည်ဆောက်ပြီး ရှေ့မှ ဦးဆောင်သွားသူပါ။
မျှော်မှန်းချက်တစ်ခုကို လက်တွေ့ အကောင်အထည်
ဖော်နိုင်ဖို့ စုစည်းဆောင်ရွက်ကြသော လူတွေက
မိမိကို အတုယူလိုက်ပါနိုင်စေရန် ရှေ့ဆောင်လမ်းပြ
နိုင်ရပါမယ်။
Initiate as Model - စံပြပုဂ္ဂိုလ် အဖြစ် စတင်
လှုပ်ရှား ပြုမူပြရပါမယ်။ ဆောင်ရွက်နေစဉ် ကာလ
တစ်လျှောက်မှာလည်း မိမိရဲ့ လုပ်ကိုင်ပြုမူနေပုံတွေ
ဟာ Br professional at all time - အချိန်
တိုင်းမှာ နှံ့စပ်ကျွမ်းကျင် ပိုင်နိုင်နေရပါမယ်။ ဒါမှ
လည်း အခြားလူတွေက ပိုမို ယုံကြည်အားထားစွာ
လက်တွဲလိုက်ပါ ကြိုးစားရွက်ဆောင်ကြသော အဖွဲ့
တစ်ခုရဲ့ စံပြခေါင်းဆောင် အဖြစ် အောင်မြင်မှု
ရပေလိမ့်မည်။

ခုဆိုရင် အောင်မြင်ပြည့်စုံသောဘဝကို ရရှိဖို့ ကျင့်ကြံ
ရမည့် အခြေခံ လိုအပ်ချက်တွေကိုလည်း ပြောပြခဲ့
ပြီးပြီ။ စိတ်ကူးအိပ်မက်တွေ မက်တတ်ဖို့၊ အကောင်း
မြင် အပြုသဘောထားတွေ ထားတတ်ဖို့၊ ယုံကြည်မှု
တည်ဆောက်တတ်ဖို့၊ ကတိကဝတ်ပြု လုပ်ဆောင်
တတ်ဖို့တွေကိုလည်း ပြောပြခဲ့ပြီးပြီ။ ခေါင်းဆောင်
ကောင်းတစ်ဦး အနေဖြင့် ရပ်တည်စွမ်းဆောင်နိုင်ဖို့
ပြုကျင့်ရမည့် အချက်အလက်တွေလည်း ချပြခဲ့ပြီးပြီ။
ဒီတော့ အဓိက System ဖြစ်တဲ့ လေ့လာ၊
လေ့ကျင့်၊ လုပ်ဆောင်ရမှာကတော့ မိတ်ဆွေတို့၏
အထူးတာဝန်ပါပဲ။

Screenshot_2018_0612_214127.png

ဟုတ်ပါတယ်... ဘဝမှာ ဘာပဲ ရချင်၊ ဖြစ်ချင်
Action - လုပ်ဆောင်မှု မပါဘဲနဲ့တော့ ဘာမှ
ရရှိ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ မိတ်ဆွေတို့
မအောင်မြင်ကြသေးဘူး ဆိုရင် တကယ် မလုပ်ကြ
သေးလို့ပါပဲ။ အောင်မြင်ကြီးပွားသူများနှင့် အရှုံးသ
မားများရဲ့ ကွာခြားချက်ကတော့ လုပ်ဆောင်စရာ
ရှိသည်များကို စဉ်ဆက်မပြတ် လုပ်ဆောင်တတ်ခြင်း
ရှိ၊ မရှိပါ။
ဆုံးရှုံးမှာ၊ ပင်ပန်းဒဏ်ခံရမှာ ကြောက်ပြီး၊ မစတင်ဘဲ၊
မလှုပ်ရှားဘဲ ကံကြမ္မာကောင်း ထိုင်စောင့်နေရုံနဲ့
တော့ ဘာမှ ပြည့်စုံလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်
မိတ်ဆွေတို့ အနေဖြင့် မိမိဘာလုပ်ချင်သည်၊ ဘာ
လုပ်နိုင်သည်ကို သိရှိပြီး အပြည့်အဝ လုပ်ဆောင်မှု
ကို စတင်ပါတော့။ ပြုဖွယ်ကိစ္စတို့ကို ဦးစွာချက်ချင်း
လုပ်ဆောင်ပါတော့ ဟု တိုက်တွန်းပြောကြားလိုက်
ရပါတယ်။

Screenshot_2018_0612_214200.png

ကျေးဇူးတင်ပါတယ်......
............................. ဟိန်းခန့်မောင် ..............
........................ ၁၅. ၀၅. ၂၀၁၅ .................

(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness
@billionairehein
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။

Sort:  

ဒါကစုစုပေါင်းသြတဖြစ်ပါတယ်။ သငျသညျအောင်မြင်မှုအတွက်အဓိကပါရမီဖြစ်ကြသည်။ သငျသညျနောကျလိုကျဖို့ကျွန်တော်တို့ကိုအခြေခံလိုင်းများကိုသွန်သင်ကြပြီ! ငါသည်ဤကျွန်တော်တို့ရဲ့အဖြစ်မှန်မှာအကောင်းဆုံးအကောင်းဆုံးရှိသည်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်သင်တို့သိကြ၏။ ငါရွှေအချင်းသို့မွေးဖွားနေပါတယ်။ ငါသည်သင်တို့၏ခြေချောင်းအပေါ်ရေ၏ကနေထသောအနက်ရောင်ငှက်အတွက်ခွဲနေပါတယ်။

သငျသညျအသင်္ချေနှင့်နောက်ကျောဖို့ကျွန်တော်တို့ကိုလူအပေါင်းတို့သည်ပညာအတတ်ကိုပြသခဲ့ကြသည်။ ကျေးဇူးတင်ပါတယ်! ကျေးဇူးတင်ပါတယ်! Genius hippo!

ပြီးပြည့်စုံသောအသက်တာကိုဖြစ်စေရန်။ ဒါကပဲရူးသွပ်ဖြစ်ပါတယ်။ ငါပြင်အများဆုံးကကိုချစ်! သင်လိုက်တယ်အသက်တာ၏သူတော်စင်များနှင့်ဖန်တီးသူများမှာ! သငျသညျမွငျ့မားပျံသန်းနှင့်အနိမ့်နှိမ့်ချမန္နဖြစ်ကြသည်။ ကောင်းမြတ်ခြင်းမသနားတျောမူသောမေတ္တာတော်ကို tentacles ပါ!

Thank you @billionairehein for knowledge and your book JUST DO IT NOW! START IT NOW!

Congratulations! This post has been upvoted from the communal account, @minnowsupport, by billionairehein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank for your supporting.

ဇွဲ ဆိုတဲ့အရာလေးရေးထားတာတော့ ကြိုက်တယ်ဗျာ မှန်ကန်သောဇွဲနဲ့ကြိုးစား၇မည်ပေါ့

ဟုတ်တယ် ကိုသန့်ဇင်ရေ...
မဟုတ်တာကြီး ဇွဲ ရှိနေလို့ ဘာကောင်းမှာတုန်း...

thanks for sharing
ဖတ်ဖြစ်အောင် ဖတ်ပါ့မယ်စင့်

ဖတ်မယ်ဆိုလို့ ဝမ်းသာသွားပြီ

ဘာမှမလုပ်ပဲနဲ့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တစ်ချို့က
မလုပ်မရှုပ်မပြုတ် ဆိုပြီး သေးသိမ်တဲ့အတွေးတွေကို လက်ခံထားကြတယ်။ အဲ့ဒီလူတွေကတော့ စင်အောက်ကနေအမြဲတမ်း လက်ခုပ်တီး ပြီး သူများ အောင်မြင်တာကို ငေးကြည့်နေရမဲ့ သူတွေပါပဲ...

မလုပ် မရှုပ် မပြုတ် ဆိုပေမယ့် ဘာမှလည်း ဟုတ်လာမယ့်သူတွေ မဟုတ်ပါဘူး

Focus ကိုကြိုက်တယ်

ကြိုက်ရင် သုံးကြည့်ပါ

ဟုတ်ကဲ့ပါ auto focus ရယ် manul focus ရယ် ရှိပါတယ် အကုန် နှစ်မျိုးသုံးတွေပါဘဲ ကြိုက်ရာသုံးပါ ဘယ် lens နဲ့တွဲသုံးမလဲပေါ့နော် tele လား micro လား အာာာ ဘာလား ညာလား မသိတတ်တော့ဘူး

ကင်မရာ အကြောင်း ကျုပ်တို့ သိဘူးဗျ😁

ဇွဲရှိရှိ ရှေ့ဆက်တုန်းပါဗျာ

မှန်ကန်တဲ့ ဇွဲ ပါပဲ

ရှေ့ကိုပဲဆက်နေပါတယ် ဘဒိုရေ
ဘာကိုပဲကြုံကြုံ ဖြေရှင်းဖို့နဲ့ တစ်ဆင့်ထက်တက်နိုင်ဖို့ပဲတွေးပါတယ်။

Moving forward ပေါ့

ဖက်​ရတာ အရမ်း​ကောင်းတယ်​ ဒါ​ပေမယ့်​... Eလို ​ရေးထားတဲ့ ​နေရာမှာ ​ကျော်​ပြီးဖက်​ရ​တော့ အာမထိ လျှာမထိနဲ့... ဘာလို့ဆို ကျ​နော်​က Eလိုမတတ်​လို့ပါ ကိုဟိန်း​ရေ...😣

Eလိုရေးထားတဲ့နောက်မှာ မြန်မာလို ပါပြီးသားပ ကိုလင်းရ😁

အောင်မြင်စေသောဘဝအတွက် ဇွဲလုံးလတွေက အ
တော်အရေးပါတယ်ဆိုတဲ့ သဘောရှိတယ်နော် ကိုဟိန်း

ဇွဲလုံ့လ မပါဘဲ လွယ်လွယ်နဲ့ ဘာဖြစ်လာနိုင်မလဲ ညီရယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89