ရွာ ဘုန်းကြီးပျံ (Culture Of Myanmar)

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ဒီနေ့တော့ ဘုန်းကြီးပျံပွဲ ရောက်ရှိခဲ့တာမို့
ဆရာတော်ဦးအာစယ၏ အန္တိမဈာပနပွဲတော်
အထိမ်းအမှတ် ဓာတ်ပုံလေးတွေ ရိုက်တင်ပေးလိုက်ပါတယ်။

ဆရာတော်ဦးအာစယ သည် မြင်းသည်ရွာ၊
သိမ်ကုန်းတောရကျောင်းထိုင်ဆရာတော် ဖြစ်ပါသည်။
လွန်ခဲ့သော တစ်လကျော်၌က ပျံလွန်တော်မူခဲ့ရာ
သက်တော် ၉၃ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
တံတားဦးမြို့နယ်တစ်ခုလုံးတွင် ဝါတော်၊သက်တော်
အကြီးဆုံး သံဃာတော်တစ်ပါး ဖြစ်သလို၊
သီလ သမာဓိနှင့် ပြည့်စုံသော ဆရာတော်ကြီးလည်း
ဖြစ်ပါသည်။

မြင်းသည်ရွာမှာ ကျွန်တော် ဆေးခန်း ဖွင့်လှစ် နေထိုင်
နေသော ရွာ ဖြစ်ပါသည်။

သို့ဖြစ်၍ ဘုန်းကြီးပျံပွဲတော်ကို ဝင်းခင်းများဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပတာကို
ကြည့်ရှုခဲ့ရပါတယ်။

image
ဆရာတော်ကြီး၏ ရုပ်ကလပ် သယ်ဆောင်ရာ
ကရဝိတ်ဖောင်တော်နှင့် လှေလှော်ယိမ်းအဖွဲ့

image
ကရဝိတ်ဖောင်တော် ဆွဲကြသူများ

image
ရှေ့ဝင်းမြင်သည်တော်များ

image
ရှေ့ဝင်း

image
အလယ်ဝင်း

image
နောက်ဝင်း

image
ဘုံခုနှစ်ဆင့် (မီးသဂြိုဟ်မည့်အရာ)

image
ဧယာဉ်ကျူး
image
ဘုန်းကြီးပျံ ဧယဉ်ကျူးမှာ ခဏခဏ ကြည့်ရတတ်သော
ပွဲမျိုးမဟုတ်၍လား စံကျောင်းဆောင် လျှံထွက်အောင်
လူစည်ကားလှပေသည်။

image
ဇာတ်ပွဲ
ရှေးရိုးရာဇာတ်ပွဲများလောက် လူမစည်ကားတော့...
လှည်းဝိုင်းများ နေရာတွင် ထွေလာ လိုက်ထွက်
ခွေးဘီလူး ကားလေးများ ဖြင့် ကြည့်ရှု့လာကြသည်။

image
လောင်တိုက် (မီးသဂြိုဟ်မည့် နေရာ)

မြန်မာ့ရိုးရာ ဓလေ့ အစဉ်အလာ ကို
ခုခေတ်လူငယ်များ သိမြင်ကြစေရန် ရည်ရွယ်၍
တင်ပြပေးလိုက်ရပါတယ်။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

ရှေးလူကြီး​တွေ​ပြောခဲ့တာရှိတယ်​ ဘုန်းကြီး​သေရင်​ရွာ​ကြေတယ်​တဲ့

Posted using Partiko Android

ရွာက ငွေတွေတော့ ထွက်သွားတာ အမှန်ပဲ😁😁

Posted using Partiko Android

@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးဇူးပါဗျာ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank for vote and comment

Posted using Partiko Android

ဘုန်းကြီးပျံပွဲအ​ကြာင်းပြည့်​ပြည့်​စုံစုံသိလိုက်​ရပါတယ်​ရှင်

ရိုးရာဓလေ့ တစ်ခု သဘောပါ

Posted using Partiko Android

ဒီတစ်ခါ ဘုန်းကြီးပျံက ဝေဝေဆာဆာစည်စည်ကားကားပါလား

ဟုတ် ဒါနဲ့ပဲ ပို့စ် တစ်ခု ရလိုက်ရောဗျ

Posted using Partiko Android

!bookkeeping drugwars

Posted using Partiko Android

Hi @billionairehein!

drugwars

Received:

  • 17.938 STEEM from daily
  • 14.874 STEEM from heist
  • 0.104 STEEM from referral

Spent:

  • 27.352 STEEM

Total:

  • 5.564 STEEM

First transfer was before 14.43 days.
Your ROI per day is 8.34 % and you are earning approx. 2.28 STEEM per day.

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.032
BTC 64579.45
ETH 3101.05
USDT 1.00
SBD 3.83