THE AUTHORS SHOWCASE OF C-SQUARED (Myanmar Language Showcase March 16, 2019)

in #myanmar5 years ago

မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ @c-squared နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့ @c-squared က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

လက်ရွေးစင် စာမူများ



Author: @minsoenaing


လူကိုလူလိုမြင်ဖို့လိုသည်


Image Source

ဒီပိုစ့်မှာကတော့ စာရေးသူရဲ့ ဂရုဏာ ဒေါသ ကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ တလွဲတွေးနေတဲ့ တလွဲမြင်နေတဲ့ အပေါ်မှာ မချင့်မရဲ ဖြစ်နေမိဟန်တူပါတယ်။ သူနိုင်းယှဉ်ပြသွားတာလေးကလဲ အတော်ကို ကောင်းပါတယ်။ ကိုယ်တိုင်က ခိုးနေ မတရား လုပ်နေပြီးတော့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေတယ် ဆိုတာကတော့ အမြင်မတော်ဆင်တော်နဲ့ ခလောက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓတရားတော်များကို ကိုယ်လို ရာတွေးပြီးပြောဆိုရေးသားခြင်း၊ နိုင်ငံရေးတွင်အ သုံးချခြင်း အကောင်းဆုံးမြတ်တရားကို ဝဒမှိုင်းသဖွယ်အသုံးချနေမှုများကိုကြားရသိရ သည့်အခါပိုလို့ပင် အရှက်ရမိပါသည်။ တကယ်တော့ ဗုဒ္ဓသည် လူ၏အမျိုးအနွယ်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများကိုပယ် ထားပြီးဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် အဆင့်အတန်းဟူသည် ကိုယ်ကျင့်သီလပေါ်တွင် သာခွဲခြားထားသည်။ သံဃာတော်များကိုမူဝါအရ သာ အဆင့်ဆင်ရိုသေစေပြီး လူ့ဘဝက ချမ်းသာ ခြင်းအမျိုးမြတ်ခြင်းများသည်။ လူတို့သတ်မှတ် မှုများဖြစ်၍ဘောင်မဝင်ပါ။
လိမ်လည်ခြင်း၊သူများအသက်ကိုအလွယ်တကူ လုပ်ကြံသတ်ဖြတ်နိုင်ခြင်း လုပ်နိုင်သူ ငါးပါးသီလမျှကိုပင်မလုံခြုံသူတို့က သူတို့မှသာ ဗုဒ္ဓတရားတော်နှင့်အညီနေထိုင်သူများဖြစ်ကြောင်း ပြောဆိုကြသည့်အခါ တို့မြန်မာပြည်မှာသာသနာကွယ်ချေပြီကောလို့ ဝမ်းနည်းယူကြုံးမရဖြစ်ရပါလေသည်။

ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ သူ့ကို ကယ်တင်ခဲ့တဲ့ ရသေ့ကြီးကို မသိတတ်ပဲ မသိချင်ယောက်ဆောင်နေခဲ့တဲ့ အတွက် ပြည်သူတွေက ဝိုင်းပြီး ဆုံးမခဲ့ပါတယ်။ ကြွက်၊ မြွေ၊ ကျေးသား စတာတွေကတောင်မှာ လူလို သိတတ်ပြီး လူကတော့ တိရိစ္ဆာန် သာသာလောက် အဆင့်ရှိတဲ့အတွက် ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။


Author: @asterkame


How to Make Paper Photo Frame


Image Source

ဒီပိုစ့်ကတော့ အများကြီးပြောစရာမရှိပါဘူး။ Origami ပြုလုပ်ပုံတွေကို အဆင့်ဆင့် ရှင်းပြထားတဲ့ ပိုစ့်ဖြစ်ပါတယ်။ အဆင့်တိုင်းကို စိတ်ရှည်လက်ရှည်ရှင်းပြထားပါတယ်။ ကိုယ်ကိုယ်တိုင် လုပ်ကြည့်ဖို့ သင့်တော်တယ်လို့ထင်ပါတယ်။

ဒီတစ်​ခါပုံ​လေး​တွေထည့်​လို့ရ​အောင်​photo frameတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။စက္ကူအလိပ်​​တွေကို​လေး​ထောင့်​ပုံစံထားပြီး၊ပန်းပွင့်​အရွက်​​တွေနှင့်​အလှဆင်​ထားတာပါ။ပထမအဆင့်​မှာ​တော့ကတ်​ထူတစ်​ရွက်​ကိုအပြာ​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊လိ​မ္မော်​​ရောင်​စက္ကူအလိပ်​များ​ခေါက်​ကာ၊​ဘေးဘက်​​တွေမှာ​ဘောင်​ခတ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးပန်းပွင့်​ပြုလုပ်​ပါ့မယ်​။ပန်းတစ်​ပွင့်​မှာစက္ကူ​ခေါက်​သုံးခုပြုလုပ်​ရမှာပါ။စက္ကူ​ခေါက်​နည်းကို​တော့ပုံများဖြင့်​ပြထားပြီး၊စက္ကူ​ခေါက်​သုံးခုကို​ကော်​ကပ်​ရင်းပန်းပွင့်​များပြုလုပ်​ပါတယ်​။ပန်း​ရောင်​နှင့်​အ၀ါ​ရောင်​ပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။အရွက်​များလည်းပြုလုပ်​ရမှာပါ။အရွက်​ပြုလုပ်​နည်းကအစိမ်း​ရောင်​စာရွက်​ကိုအလျားအနံတူစွာဖြတ်​ပြီး၊တွန့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးပြီး​ကော်​ကပ်​လိုက်​ပါတယ်​။

သူ့ရဲ့ အဆင့်ဆင့်လုပ်ဆောင်မှုတွေက အတော်ကို ရှင်းလင်းလွယ်ကူပါတယ်။ လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။


Author: @izzycare


Dr. Google မှ အကြီးအကျယ် ထိခိုက်မှုကြိးကို ဖြစ်စေနေပြီလား


Image Source

ဒီပိုစ့်ကတော့ google မှာ ကိုယ်ရောဂါဖြစ်နေတာကို google မှာ ရှာပြီး google က ညွှန်းထားတဲ့ဆေးကို သောက်လိုက်မိတဲအကြောင်းရေးထားတာပါ။ အလွယ်တကူ ပျောက်ရမည့်ဟာကို မပျောက်ပဲနဲ့ ဒုက္ခခံလိုက်ရပါတယ်။ ကျွန်တော်တို့ဆီမှာလဲ အဲဒီလိုပါပဲ လူတွေက facebook မှာ ကြည့်ပြီး ကော်ငးတယ်ဆိုပြီး သုံးကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကောင်းမလားမလာတော့မှ ဆေးခန်းကို ပြေးကြပါတယ်။ အဲဒီအခါမှာ ပိုက်ဆံပိုကုန်သွားပါတယ်။ အပ်နဲ့ထွင်းရမည့်ဟာကို ပုဆိန်နဲ့ ပေါက်လိုက်ရပါတယ်။

အကယ်၍ ပထမဆုံး စဖြစ်သည့်နေ့မှ အထူးကုအကြံပေးနှင့် ဆွေးနွေးပြောဆိုခဲ့ပါလျှင် သင့်လျှော်သော စစ်ဆေးမှုကို ရရှိမည်ဖြစ်ပြီး နာကျင်မှုဝေဒနာများကိုလည်း ထပ်မံခံစားရမည်မဟုတ်ပါ။ ဒါဟာ ကမ္ဘာတစ်ဝန်းရှိ လူအများတွေ့ကြုံနေရခြင်းပင်ဖြစ်ပါတယ်။ ၄င်းတို့ခံစားရတဲ့ ဝေဒနာများကို အင်တာနက်ပေါ်မှာ ရှာဖွေပြီး တက်သလောက်မှတ်သလောက် ကုသနေကြခြင်းပဲဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အချိန်ကို ပိုဆွဲသလိုဖြစ်နိုင်ပြီးနာကျင်မှုဒါဏ်ကို ပိုမိုတိုးလာစေနိုင်ပါတယ်။

သတိထားစရာ အဖြစ်အပျက်လေးမို့ ဒီပိုစ့်ကို ရွေးချယ်လိုက်ပါတယ်။ အောက်ဆုံးက ကြော်ငြာကို လျစ်လှူရှုပြီးတော့ပေါ့။ ရောဂါဖြစ်လာရင် တတ်သိနားလည်တဲ့ ဆရာ ဝန်နဲ့ပဲ ပြစေချင်ပါတယ်။ အသက်ဆိုတာ တန်ဖိုးကြီးပါတယ်။ ကိုယ့်အသက်ကို ကိုယ်အလေးထားကြပါလို့ တိုက်တွန်းချင်ပါတယ်။


@c-squared ကလဲ witness အနေနဲ့ ဆောင်ရွက်တာကို ရေးသားထားတဲ့ ပိုစ့်ဖြစ်ပါတယ်။ .
မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင် @c-squared ကို witness အနေနဲ့ vote ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလင့်ခ်ကိုနှိပ်ပြီး vote ပေးလို့ရပါတယ်။

ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။

All rewards from this post will directly go to C2 Myanmar Curation team.

Sort:  

excellent article.
nice works @c-cubed

Thanks for supporting myanmar community.


This post was shared in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks bro. I want people to stop by and give some love to this post.

အဆင်ပြေသလိုသာ ရေး အချိန်ရသလိုသာရေး အားလုံးကိုနားလည်ပေးနိုင်တယ်ဆိုရင် အောင်မြင်လာမှာပါလေ @chitnaingoo

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05