အနည်းနဲ့အများ​လေ့လာမှတ်​သားနိုင်​ပါတယ်

in #myanmar6 years ago (edited)

IMG_20180418_171947.jpg
ယနေ့လူငယ်တွေကြားမှာ လူကြိုက်များ ဆော့ကစားနေတဲ့ ဂိမ်းတွေထဲက တစ်ခုအကြောင်းကို ပြောပြခြင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဂိမ်းဆိုတဲ့အတိုင်း အများနားလည်ထားသလို စိတ်အပန်းပြေဆော့ဖို့ရန်သီးသန့်ပဲမဟုတ်ပဲနဲ့ ဗဟုသုတနဲ့ တွေးခေါ်မှုပိုင်းတွေမှာ တိုးတက်စေတာကို အမြတ်ထုတ်နိုင်ဖို့ပါ။ ဘာလို့လည်းဆိုရင် တစ်ချို့က ဂိမ်းသာဆော့နေတယ်.. ဂိမ်းထဲမှာပါတဲ့ စာသားတွေကိုမဖတ်ကြဘူး။ အင်္ဂလိပ်စာအားနည်းသူတွေပါသူတို့က… ဒါပေမဲ့ သူတို့က မှတ်သားထားကြပါတယ်။ ဘယ်ပုံစံ လေးက ဘာအတွက် ဘယ်အရောင်နဲ့ ပစ္စည်းလေးကဘာအတွက်ဆိုပီးတော့ မှတ်သားထားကြပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်အတိအကျကိုမသိကြပါဘူး။ သူတို့ရဲ့လုပ်ဆောင်ချက်ကို သူတို့မြင်သလိုပဲ မှတ်ယူကြပါတယ်။ အဲ့ဒီလို ဂိမ်းတွေကစားတဲ့နေရာမှာ ဘာတွေ မှတ်သားနိုင်လည်းဆိုရင်….

ဒီဂိမ်းရဲ့ သဘောတရားကို အရင်လေ့လာနိုင်ပါတယ်။ ဂိမ်းကစားနည်းတစ်ခုစီတစ်ခုစီတိုင်းမှာ သူတို့ ရေးဆွဲဖန်တီးထားတဲ့ဂိမ်းက ဘယ်လိုဇာတ်လမ်းဇာတ်ကွက်နဲ့ဖန်တီးထားတယ်ဆိုတာကို ဂိမ်းကို စဖွင့်လိုက်တာနဲ့ ဖော်ပြထားပါတယ်။ စာသားနဲ့ဖြစ်ဖြစ် video file နဲ့ဖြစ်ဖြစ် ဖော်ပြထားပါတယ်။ ပီးတော့မှ ဂိမ်းတစ်ခုရဲ့ ပထမဆုံး ဇာတ်ကောင်ကို စဆော့ရတာဖြစ်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့တွေ character တည်ဆောက်ရတဲ့ဂိမ်းဖြစ်မယ်ဆိုရင် ကျွန်တော်တို့တွေ လူတစ်ဦးမှာ ပြင်ဆင်အသုံးပြုတဲ့အသုံးအဆောင်တွေနဲ့ အစိတ်အပိုင်းတွေကို လေ့လာနိုင်ပါတယ်။ အဝတ်အစားပိုင်း မှာပဲဖြစ်ဖြစ် အသုံးအဆောင်ပိုင်းမှာပဲဖြစ်ဖြစ် ပါဝင်ပါတယ်။ “ cloths, pens, shoes, weapon, arm, bow, head, face, ability, strength, intelligence, power” စတဲ့ ဝေါဟာရတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒါတွေကို သိပီးသားလူအနေနဲ့ တော့ကိစ္စမရှိပါဘူး။ မသိသေးသူအနေနဲ့လည်း မှတ်သားစရာတွေ မှတ်မိစရာတွေ တိုးလာစေပါတယ်။

နောက်ပီး ingame ဝေါဟာရတွေဖြစ်တဲ့ “inventory, bag, rune, talent, spell, cooldown, level, check-in, wallet, gold, coins, silver, dragon, pet, tools” စတဲ့ စကားလုံးများကို လေ့လာနိုင်ပါတယ်။ ဂိမ်းတွေတစ်ခုနဲ့တစ်ခု မတူညီတာကြောင့် အသုံးအနှုန်းတွေလည်း ကွဲပြားပါတယ်။ တစ်ချို့ ဂိမ်းတွေကကျတော့ ဦးတည်ချက်တူညီပါတယ်။ အသုံးပြုထားတဲ့ စကားလုံးတွေသာမတူတာပါ။ အဲ့လိုဂိမ်းတွေဆို ပိုပီး ဗဟုသုတ ရစေပါတယ်။ အဓိပ္ပါယ်တစ်ခုကိုပဲ စကားလုံး ၂ လုံး ၃ လုံးနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိရှိစေပါတယ်။ ဒါကတော့ ကျွန်တော့အနေနဲ့အကြံပေးချင်တာရယ် လေ့လာမှတ်သားလို့ရတယ်ဆိုတာကို အသိပေးချင်တာရယ်ပါ။ တစ်ချို့တွေဆို ဂိမ်းတစ်ခုကစားပီးတော့ ဂိမ်းထဲကဝေါဟာရတွေကို သိရှိပီး ဝေါဟာရကြွယ်ဝလာကြတာဖြစ်ပါတယ်။ အပြင်သင်တန်းတွေမှာ မသင်ဖြစ်တာတွေကို လေ့လာသင်ယူမိပါတယ်။

ဂိမ်းကြီးပဲဆော့နေဖို့ တိုက်တွန်းတာမဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို သင်ခန်းစာ အသိပညာ ဗဟုသုတတွေ ယူချင်ရင် ယူချင်သလို ရနိုင်တယ်ဆိုတာကို ပြောပြချင်တာပါ။ လူတိုင်းလူတိုင်း မိမိတို့ ကျင်လည်ရာနယ်ပယ်မှာ ကျွမ်းကျင်ကြပါတယ်။ မကင်လည်တဲ့နယ်ပယ်ရဲ့ အသုံးအနှုန်း အခေါ်အဝေါ်တွေကိုတော့ ကျွမ်းကျင်ကြမှာမဟုတ်ပါဘူး။ ဖြည်းဖြည်းခြင်း လေ့လာမှတ်သားရင်း တိုးတက်နိုင်ပါတယ်။ လူ့လောက မှာလည်း တစ်ရက်ကို နည်းနည်းစီနဲ့ အတွေ့အကြုံသစ်တွေကို လေ့လာမှတ်သားသင်ယူနေကြရတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တိုးတက်ပြောင်းလည်းထူးချွန်လာကြတာဖြစ်ပါတယ်။ ဘယ်လိုပဲ ကုသိုလ်ကံမကောင်းဘူးလို့ပဲပြောပြော လေ့လာသင်ယူမှုကိုတော့ မရပ်တန့်လိုက်ပါနဲ့။

မိတ်ဆွေအနေနဲ့ ပန်းချီဆွဲတဲ့ပညာကို အရမ်းစိတ်ဝင်စားတယ် ဆွဲခြင်တယ်ဆိုရင် သင်တန်းမတက်နိုင်တဲ့အခြေအနေဖြစ်နေမယ်ဆိုရင်လည်း မိမိတတ်စွမ်းသမျှ ရေးဆွဲပါ။ သဲသောင်ပြင်ကြီးရှိသလား အဲ့ဒီပေါ်မှာ ရေးဆွဲပါ။ နံရံဖြူကြီးရှိသလား အဲ့ဒီပေါ်မှာရေးဆွဲပါ။ ရေးဆွဲပါများတဲ့အခါ လေ့ကျင့်ပါများတဲ့အခါမှာ ထူးချွန်ထက်မြက်လာပါလိမ့်မယ်။ အဲ့ဒီအခါမှာ မိမိရဲ့ ပြောင်မြောက်တဲ့ လက်ယာကို အများက ချီးကျူးလာပါလိမ့်မယ်။ အဓိကက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိမိဝါသနာပါတာ… မိမိ အရမ်းစိတ်အားထက်သန်တာကို လုပ်ပါ။ လုပ်နိုင်တဲ့ အခြေအနေအကုန်လုံးကနေလုပ်ပါ။ လက်မလျှော့လိုက်ပါနဲ့ ဆက်လုပ်နေပါ။ မလုပ်ပဲ ရပ်လိုက်မှသာ အမှန်တကယ် ကျရှုံးတာပါ။ မိမိလုပ်ဆောင်လို့ မအောင်မြင်တာက ကျရှုံးတာမဟုတ်ပါဘူး။

အားလုံးကြိုးစားစေချင်ပါတယ်။ မိမိဝါသနာပါတဲ့အရာကို။
Writer caesarsupaimin
MSC-025

Sort:  

ဟုတ်တယ်ဗျာ ရင်ထဲမှာ တစ်ကယ်ကြိုးစားချင်စိတ်သာရှိရင် သောင်ပြင်ပေါ်မှာပဲဆွဲဆွဲ ပန်းချီဟာ ပန်းချီပါပဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုတ် ကြိုးစားပါ့မယ်ဗျ

ဟုတ်​ကဲ့ဗျ တစ်​ မျိုး မျိုးမှတ်​ သား​အောင်​ပါ

မိုးရေ မိုးပေါက်တွေကို ခံယူသလိုပါဘဲ ကြာလာတော့ ပြည့်လာရတယ် မခံယူသူအဖို့တော့ ဘာမှမရနိုင်ပါ ဆိုတဲ့စကားလေးကို ကြားယောင်မိသွားတယ် အရင်က ဆရာတွေ ပြောခဲ့တဲ့ စကားပါ

မှန်ပါတယ်ဗျ။ အဲ့လိုစာတွေကျတော့ ကျွန်တော်ကမဖွဲ့တတ်ဘူး မျက်စိရှေ့ကဟာကိုပဲ တည့်ပြောတတ်တာ ဟီး။

ဂိမ်းမဆော့ချင်ပါဘူးဆို ခုတော့ 8ball နဲ့တွေ့မှ ဘေကုန် လက်ညောင်းပြီဗျိုး

ဖြစ်ရမယ်။ အကျိုးအမြတ်ရှိပါတယ်ဗျ။ ဟုတ်တယ်ဟုတ် အဲ့ဂိမ်းက။

ထို့​ကြောင့်​ဂိမ်း​ဆော့ပါသည်​😁😁

အယ်လယ် တယ်ဟုတ်ပါလားဗျ ဟိဟိ

ဂိမ်းတွေ သိပ်ဝါသနာမပါခဲ့ဘူး။ အခုတော့ sbd ရမယ်ဆိုလို့8 ball တော့စမ်းကစားနေတယ်။

ဆွဲဆောင်မှုအားကောင်းတယ်နော် ဂိမ်းက ဟဲဟဲ

Thank you so much for using our service! You were protected from up to 20% losses!

Help us grow by delegating to us! 100sp, 500SP, 1000SP, ANY SP

You just received 5.43% upvote from @onlyprofitbot courtesy of @caesarsupaimin!

Game​တော့ ​ဆော့ဖြစ်​ပါတယ်​ အများ​ဆော့ဖြစ်​တာ​တော့ football game​ပေါ့

ဟုတ်တယ် ယောက်ျားလေးတွေက ဘောလုံးဂိမ်းဆော့တာများတယ်

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09