Happy Missing Time and Thingyan Festival
မင်္ဂလာပါ။ စာလည်းမရေးတာကြာပါပီဗျာ။ အားလုံးကိုလည်း သတိရပါတယ်။ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာကတစ်ကြောင်း ဈေးကျနေတာကတစ်ကြောင်းနဲ့ အရင် တုန်းကလောက် မတက်ကြွတာကတော့ အမှန်ပဲပေါ့ဗျာ။ ဒါပေမဲ့ စိတ်ထဲအမြဲရှိပါတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ leader ကိုဟင်ကို။အက်မင်တေရော။
ကြို ကြား ကြို ကြားတော့ လုပ်နေပါတယ်ဗျာ။ ခုလည်း သတိရလို့ သတိရတာတွေထဲက အမှတ်တရတွေကို ရေးပါအုံးမယ်ဗျာ။ MSC အဖွဲ့ထဲ စပါတုန်းကဆို ကိုသက်ကြီးက ရှယ် ပြောပြတာ။ ညေး ဒီလိုလုပ် ဟိုလိုလုပ်ဆိုပီးတော့ ဟီးဟီး။ အာ့နဲ့ MSCထဲ စပါသွားပါတယ်။ MSCထဲရောက်ရောက်ချင်းတုန်းကနေ ခုထိ အက်မင်တွေရော ညီအစ်ကိုမောင်နှမတွေရော ဂရုစိုက်ကြပါတယ်။
အဲ့နောက်မှာတော့ group တွေခွဲဖို့ ထိ အဖွဲ့ဝင်တွေ တိုးလာကြတာပေါ့ဗျာ။ ကျွန်တော်ကတော့ gp 1 မှာ ပါဝင်ခဲ့ပါတယ်။ ဂရုတွေ တစ်လှည့်စီ pro တင်ကြတယ် မန့်တွေပေးကြတယ်။ ဟာသတွေ ပြောကြတယ်။ ကိုးကားကြတယ်။ အစုံပါပဲဗျာ။ ဆောင်းပါးရေးကြသူတွေ၊ ကာတွန်းဆွဲကြသူတွေ၊ ကဗျာရေးကြသူတွေ၊ အခန်းဆက်ရေးကြသူတွေ၊ သရဲအကြောင်းရေးကြသူတွေ၊ ဂိမ်းအကြောင်းရေးကြသူတွေ၊ ဗဟုသုတအကြောင်းအရာတွေရေးသားသူတွေ၊ စက္ကူ ရုပ်လုပ်နည်းသင်ပြသူတွေ၊ စုံနေအောင် ရသတွေ ခံစားရပါတယ်ဗျာ။ ခုလည်းသတိရနေပါတယ်။အားလုံးကို။ ရေးရင်းရေးရင်းနဲ့ ခုဆို မြန်မာ့ရိုးရာ အတာသင်္ကြန်အချိန်အခါကိုရောက်လာပါတော့တယ်ဗျာ။
အရွယ်အမျိုးမျိုးသော လူသားတွေ ပျော်ရွှင်ကြတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်လေးပါဗျာ။ နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ ပက်ဖြန်းပြီး နှစ်သစ်ကို ကြိုဆိုတဲ့ မြန်မာ့နှစ်သစ်ကူးအချိန်ပေါ့ဗျာ။ ဒီဓလေ့ရိုးရာကို အတိအကျမသိသူမို့ အမှားပါရင် ခွင့်လွတ်ပေးကြပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်ဗျာ။ ပြေးပြေးလွားလွားနဲ့ လမ်းသွားလမ်းလာတွေကို ရေပုံးကလေးတွေနဲ့ အပြေးရေပက်ကြတဲ့ ကလေးတွေလည်း အများကြီးတွေ့ရပါတယ်ဗျာ။ လမ်းကြိုလမ်းကြားထဲမှာလည်း လူငယ်လူရွယ်တွေ တစ်ယောက်နဲ့တစ်ယောက် ရေပက်ဖြန်းကစားနေကြတာကို တွေ့ရတာ ကိုယ်ငယ်ငယ်တုန်းကအချိန်တွေကို သွားသတိရတယ်ဗျာ။
အားလုံးကျန်းမာချမ်းသာကြစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ၊ာ။
Writer caesarsupaimin
MSC-025
Posted using Partiko Android
Thank you so much for being an awesome Partiko user! You have received a 50.97% upvote from us for your 13025 Partiko Points! Together, let's change the world!
Thank you
Posted using Partiko Android
Thank you so much for being an awesome Partiko user! We have just given you a free upvote!
The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.
One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!
If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here