ကိုယ့်ဆိုင်ကယ်ကို အန္တရာယ်မရှိအောင် အမြဲစစ်ဆေးပြုပြင်ကြစေချင်ပါတယ်

in #myanmar6 years ago


မင်္ဂလာပါ။ ခေါင်းစဉ်ပါအတိုင်းပါပဲ။ လူတော်တော်များများကတော့ ဆိုင်ကယ်ကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။ တစ်ချို့ပဲ ကားစီးနိုင်ကြတာပါ။ ဆိုင်ကယ်တော့ လူတော်တော်များများစီးနိုင်ကြပါတယ်။ အဲ့လိုဆိုင်ကယ်တွေပိုင်ဆိုင်ထားတဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်။ ဘယ်လိုအမျိုးမျိုးလည်းဆိုတော့ ဆိုင်ကယ်အသစ်ကို ဝယ်စီးတဲ့လူနဲ့ ဆိုင်ကယ်ကို ၅ လလောက်စီးပီး ပြန်ရောင်းတဲ့လူရှိလို့ ဝယ်စီးတဲ့လူ နောက်ပီးတော့ အဟောင်းကို ဝယ်စီးတဲ့လူ စသဖြင့်ပေါ့။ အမျိုးမျိုးရှိပါတယ်။ ဆိုင်ကယ်တွေကလည်း အသစ်ဝယ်လိုက်ပီဆိုရင် ပြန်ရောင်းတဲ့အခါ အသစ်ဈေးမရတော့ပါဘူး။ အရှုံးခံပီး ပြန်ရောင်းရပါတယ်။ စက်ပစ္စည်းတွေတော်တော်များများ အဲ့လိုပဲ အရောင်းအဝယ်လုပ်ရပါတယ်။ နောက်ကိုယ်လိုချင်တာကို ငွေနည်းနည်းထပ်စိုက်ပီး ဝယ်စီးပေါ့။

ဘယ်လိုပဲ စီးစီးပါ မိမိကိုယ်ပိုင် ဆိုင်ကယ်တစ်စီးရှိနေပီဆိုရင် ကိုယ်စီးနေတဲ့ဆိုင်ကယ်ဘာဖြစ်နေလည်းဆိုတာကို သတိထား ဂရိုစိုက်ရပါမယ်ဗျ။ ဆိုင်ကယ်က လေနည်းနေပီလား၊ အင်ဂျင်ဝိုင်ကမလဲတာကြာနေပီလား၊ ဘရိတ်တွေသေချာမိရဲ့လား၊ ချိန်းကြိုးက ချောင်နေပီလား စသဖြင့် အများကြီးသတိထားရပါမယ်။ မိမိ ကိုယ်တိုင် စီးနေပီးတော့ ဂရုမစိုက်ပဲ မနေသင့်ပါဘူး။ ကျွန်တော်ကတော့ ပစ်ထားတာများနေလို့ ဒီနေ့ပြင်လိုက်တယ်ဗျာ။ ပြင်ရတာလည်း တစ်ခုနှစ်ခုမကလို့ ပိုက်ပိုက်တော်တော်ကျွတ်သွားတယ်။

ဘာတွေပြင်ရလည်းဆိုတော့ leaver က အတံလေးတစ်ခု ကျိုးနေတာ ဝယ်ပီးလဲလိုက်ရတယ်။ နောက်ပီး back မှန်မကောင်းတော့လို့ လဲလိုက်ရတယ်။ အင်ဂျင် ဝိုင်လည်း လဲလိုက်ရတယ်။ ချိန်းကြိုးလည်း ချောင်နေလို့ တစ်ဆစ် ဖြတ်လိုက်ရတယ်။ မီးက သိပ်မကောင်းလို့ မီးသီး ဝယ်လဲလိုက်ရတယ်။ signal ခလုပ်မကောင်းလို့ လဲထည့်လိုက်ရတယ်။ ကာဘရိုင်တာ ဆေးလိုက်တယ်။ တော်တော်စုံသွားပီဗျာ။ ကျွန်တော့်ဆိုင်ကယ်လိုပဲ အခြား တစ်ခုစ နှစ်ခုစ လာပြင်ကြတဲ့ဆိုင်ကယ်တွေလည်းရှိကြတယ်။ ဆိုက်ကယ်ပြင်ပေးတဲ့ ဦးလေးကြီးကတော့ မအားရှာဘူးဗျာ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ကိုပြင်စရာရှိတာတွေပြင် လဲစရာရှိတာတွေလဲပီးတော့ ပြန်လာခဲ့လိုက်တယ်ဗျာ။ အပြန်လမ်းမှာပဲ အကိုကြီးတစ်ယောက်မောင်းလာတဲ့ဆိုင်ကယ်က ဘရိတ်မမိပဲ မီးပွိုင့်မှာရပ်ထားတဲ့ ကားကို ဝင်တိုက်မိပါလေရော၊ အဲ့ဒါနဲ့ စကားများကြသေးတယ်ဗျာ။ မီးစိမ်းတော့ ကျွန်တော်လည်း မောင်းထွက်လာခဲ့တော့တာပဲ။

မိတ်ဆွေတို့လည်း ကိုယ်စီးတဲ့စီးတော်ယာဉ်လေးတွေကို ဂရုတိုက် ပြုပြင်ထိန်းသိမ်းဖို့အကြံပြုချင်ပါတယ်ဗျာ။

writer caesarsupaimin
MSC-025

Sort:  

ဟုတ်​ကဲ့ရှင့်

ဟုတ်ကဲ့ပါဗျ

ဟုတ်ကဲ့ ဟိုတစ်နေ့က တာယာရော ကျွတ်နှစ်လုံးရော အင်ဂျင်ဝိုင်ရော အသစ်လဲလိုက်ပါတယ်...😁😁😁

ဟဲ ဟု ဟု လဲ ပါဗျ

ဆိုင်ကယ်တစ်စီးကိုပြင်ရတာက တော်သေးတယ် ရပြီးသား မိန်းမတစ်ယောက်ကို ပြင်ချင်တယ်ဆို မလွယ်တော့ဘူးညေးရ။ ဆိုင်ကယ်မှာက အင်ဂျင်ဝိုင်ယိုလို့ ဝိုင်စီးလဲချင်တယ် ဝါရှာ လဲချင်တယ်ဆို ရသေးတယ်။ မိန်းမယူပြီးရင် ဘာတွေ ယို ယို လဲမရတော့ဘူးညေးရ။😁😁😁

သားပါဘူး​နော်​ ငိငိ

ဟုတ်တယ် မောင်လေးရေ အမတို့လည်း စီးသာစီးနေတာ မထိန်းသိမ်းဖြစ်ဘူး ပျက်ပြီဆိုမှ ဆိုင်ထိုးတော့တာဘဲ တကယ်ဆို မပျက်ခင်ကတည်းက လေနည်းနေလား အင်ဂျင်ဝိုင်ရှိလား ချိန်းလျော့နေလား ဘရိတ်မိလား စစ်ဆေးနေရမှာ ခုလို မိုးရာသီဆို ပိုဆိုးတယ်

နာမည်ကကို ဆိုင်ကယ်လေ ကိုယ်မှ မကယ်တတ်တာ ဆိုင်ဘဲသွားသွားကယ်ခိုင်းရတော့တာပေါ့လေ ။

အင်ဂျင်ဝိုင်ကတော့ အမြဲလဲတယ်😁 ရှေ့မီး သိပ်မကောင်းလို့ သွားပြင်ရအုံးမယ်

ဟု ဟု ပြင်ပါမမ တော်ကြာ မီးသီးကျွမ်းသွားအုံးမယ်

ပြောက်​ ​နေတာကြာပြီ အခုမှ ​ပေါ်လာပါ့လား

ဟုတ်တယ်အမ ဟီး ပုန်းနေတာ ကြောက်လို့

ဟုတ်‌ကဲ့ ဂရုစိုက်‌ပါ့မယ်‌ bro.

ဟုတ်ကဲ့ပါဗျ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ကျောင်းတက်ခါနီးမို့ဆိုင်ကယ်လေးကိုသနေရတယ်

ကျောင်းကျ အလန်း ..... ဟဲဟဲ

ကိုယ့်အတွက်အန္တရာယ်မဖြစ်စေဖို့ အမြဲစစ်ဆေးနေမယ်ဆို ပိုကောင်းတာပေါ့

မှန်ပါတယ်ဗျ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25