သတင်းအချက်​အလက်​နှင့်​နည်းပညာ

in #myanmar6 years ago (edited)

IMG_20180418_171947.jpg

မင်္ဂလာပါ။ ကျွန်​​တော်​က​တော့ ဆီဇာဆုပိုင်​မင်းပါ။ ယခုကျွန်​​တော်​ ​ရေးမဲ့ အ​ကြောင်းအရာက​တော့ သတင်းအချက်​အလက်​နဲ့ နည်းပညာဖြစ်​ပါတယ်​။ ဘာလို့ဒီအ​ကြောင်း​ရေးရတာလည်းဆိုရင်​​တော့ သတင်းအချက်​အလက်​ကအ​ရေးကြီးတယ်​ဆိုတာကို ​ပြောပြချင်​လို့ဖြစ်​ပါတယ်​။ တစ်​ချို့လည်း သိရှိနားလည်​ပီးသားဖြစ်​ပါလိမ့်​မယ်​။ နည်းပညာက​တော့ အဲ့ဒီသတင်းအချက်​အလက်​​တွေကို ထိထိ​ရောက်​​ရောက်​ အသုံးချနိုင်​​အောင်​ ထပ်​မံအားဖြည့်​ ​ထောက်​ပံ့ခြင်းကိုဆိုလိုပါတယ်​။

ဥပမာအားဖြင့်​ ကျွန်​​တော်​တို့​တွေ "ထီ" ထိုးကြပါတယ်​။ ထီ​ပေါက်​တဲ့နံပါတ်​ထွက်​တဲ့အခါ သတင်းစာမှာ ထည့်​သွင်း​ကြော်​ငြာပါတယ်​။ အဲ့ဒီလို သတင်းစာမှာ​ကြော်​ငြာတာကနည်းပညာဖြစ်​ပါတယ်​။ သတင်းစာအဖြစ်​အသုံးပြုဖို့ စက္ကူကို သူ့နည်းပညာနဲ့သူလုပ်​​ဆောင်​ရပါတယ်​။ ပီးလျှင်​​တော့ သတင်းများကို အဲ့ဒီ သတင်းစာစက္ကူ​ပေါ်မှာ ရိုက်​နှိပ်​ရပါတယ်​။ သတင်းစာ​တွေအားလုံး တစ်​ပုံစံတည်း ဖြစ်​​အောင်​ရိုက်​နှိပ်​​ပေးခြင်းကလည်း နည်းပဘာဖြစ်​ပါတယ်​။ ဒီ​လောက်​ဆိုရင်​ နည်းပညာဆိုတာကို သ​ဘော​ပေါက်​လိမ့်​မယ်​ထင်​ပါတယ်​။

ယခုလက်​ရှိ ကျွန်​​တော်​တို့​တွေ အသုံးပြု​နေတဲ့ steemit နဲ့ အခြား​သော လူမှုကွန်​ယက်​ website ​တွေကလည်း သတင်းအချက်​အလက်​နဲ့ နည်းပညာ​တွေပဲဖစ်​ပါတယ်​။ ကမ္ဘာကြီးရဲ့ တစ်​ဖက်​တစ်​ချပ်​မှာ ဖြစ်​​ပေါ်​နေတဲ့ ​ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်​ခြင်း၊ မှားခြင်း၊ ​အောင်​နိုင်​ခြင်း၊ ရှုံးနိမ့်​ခြင်း စတာ​တွေအပြင်​အခြား​သော အ​ကြောင်းအရာများကို ကျွန်​​တော်​တို့​တွေအသုံးပြု​နေကြတဲ့ လူမှုကွန်​ယက်​website​တွေက​နေတစ်​ဆင့်​ သိမြင်​ခွင့်​ရကြပါတယ်​။ ဒီလိုနဲ့ လူသား​တွေမှာ အသိပညာ​တွေတိုးတက်​လာကြတယ်​။ နည်းပညာ​တွေတတ်​ကျွမ်းလာကြပါတယ်​။ ဒါဟာ သတင်းအချက်​အလက်​နဲ့နည်းပညာရဲ့ အ​ရေးပါမှု​ကြောင့်​ လူသား​တွေတိုးတက်​​ပြောင်းလဲခြင်းဖြစ်​ပါတယ်​။

ရာသီဥတုအ​ခြေအ​နေများကို ကြိုတင်​ခန့်​မှန်းတိုင်းတာခြင်းဖြင့်​လည်း ထိခိုက်​နစ်​နာမှု၊ ပျက်​စီးဆုံးရှုံးမှု​တွေကို မဖြစ်​​ပေါ်​အောင်​နဲ့ ဖြစ်​​ပေါ်ခဲ့ရင်​​တောင်​ ထိခိုက်​မှုအနည်းဆုံးဖြစ်​​အောင်​ကြိုတင်​ပြင်​ဆင်​နိုင်​မှာဖြစ်​ပါတယ်​။ နည်းပညာအသစ်​​တွေ သတင်းအသစ်​​တွေကို အင်​တာနက်​ဆိုတာကြီးကို အသုံးချပီး ရှာ​ဖွေ​လေ့လာခြင်းက​နေ ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​ကိုလည်း တိုးတက်​​ပြောင်းလဲ​အောင်​ ကြိုးစားအားထုတ်​လို့ရပါတယ်​။ ယခုလို ကမ္ဘာတစ်​ဝှမ်းက သတင်းနည်းပညာ​တွေ ​လေ့လာသိရှိတတ်​ကျွမ်း​နေ​ပေမဲ့လည်း အရင်းအနှီး အ​ထောက်​အပံ့မရှိရင်​လည်း ကိုယ်​တတ်​ကျွမ်းတာကို အ​ကောင်​အထည်​​ဖော်​နိုင်​မှာမဟုတ်​ပါဘူး။

မြန်​မာနိုင်​ရဲ့ စွန့်​ဦးတီထွင်​သူ​တွေကို များစွာအား​ပေး​ထောက်​ပံ့ဖို့လိုအပ်​ပါတယ်​။ နိုင်​ငံတကာကလည်း သူတို့ရဲ့ နည်းပညာ​တွေကို ပြန်​လည်​မျှ​ဝေကြပါတယ်​။ လုံးဝမမျှ​ဝေတာမဟုတ်​ပါဘူး။ အဲ့ဒီနည်းပညာ​တွေကိုလည်း နားလည်​တတ်​ကျွမ်း​အောင်​​လေ့လာကြပါတယ်​။ ဒါ​ပေမဲ့ ​နောက်​က​ထောက်​ပံ့​ပေးမဲ့သူမရှိတာရယ်​၊ ကြားထဲအ​ကောင်​အထည်​​ဖော်​​နေရင်း ဆက်​လက်​လုပ်​​ဆောင်​ချင်​စိတ်​​ပျောက်​သွားကြတာရယ်​​ကြောင့်​ ​အောင်​မြင်​မှုကို မရရှိကြတာဖြစ်​ပါတယ်​။ လူသား​တွေအတွက်​အကျိုးရှိတဲ့ နည်းပညာ​တွေက ကမ္ဘာတစ်​ဝှမ်းမှာ အချိန်​နဲ့အမျှ တိုးတက်​ဖြစ်​ထွန်း​နေပါတယ်​။ ကျွန်​​တော်​တို့​တွေအ​နေနဲ့ သူတို့​တွေလို မတီထွင်​နိုင်​​တောင်​မှာ သူတို့တီထွင်​ထားတာကို ​လေ့လာသင်​ယူနိုင်​ရပါမယ်​။ အားအားရှိ ​ဖေ့ဘွတ်​ ပွတ်​ ဟာသဖတ်​နဲ့ အချိန်​မကုန်​သင့်​ပါဘူး။

အရင်းအနှီးဆိုတာကလည်းလိုအပ်​ပါတယ်​။ ​နေရာတိုင်းမှာလည်း အရင်းအနှီးလိုအပ်​ပါတယ်​။ ​နေ​သောက်​ဖို့အတွက်​ ​ရေခွက်​ကို ခွန်​အားအရင်းအနှီးသုံးပီး ရယူရပါတယ်​။ အလုပ်​သွားဖို့အတွက်​ ဆိုင်​ကယ်​၊ကား အရင်းအနှိးအပြင်​ ဓာတ်​ဆီကိုပါ ရင်းနှီးပီးအလုပ်​သွားရပါတယ်​။ အဲ့ဒီလိုရင်းနှီးပီးလုပ်​ကိုင်​ထားပီးရင်​​တော့ လကုန်​တဲ့အခါ လစာဆိုတဲ့ ရလဒ်​နဲ့ မိမိအရင်းအနှီး​တွေကို ပြန်​လည်​ အားဖြည့်​ရပါတယ်​။ အကုန်​အကုန်​​ပြောရရင်​ ဒီစာ​ရေးဖို့ ကျွန်​​တော်​အချိန်​ရယ်​ အ​တွေးအ​ခေါ်ရယ်​ အခြား​လေ့လာမှတ်​သားမှု​တွေရယ်​ ရင်းနှီးထားပါတယ်​။ အဲ့လိုပါပဲ steemit မှာ ​ရေးတင်​ထားတဲ့ post တိုင်းမှာ စာ​ရေးသူတစ်​ဦးစီတိုင်းရဲ့ ရင်းနှီးမှု အနည်းအများ ပါဝင်​ကြပါတယ်​။ အဲ့လိုရင်းနှီးပီး​တော့ တိုးတက်​​အောင်​မြင်​မှုကို ရယူကြရတာပါပဲ။

သတင်းအချက်​အလက်​နည်းပညာကအ​ရေးပါသလို ကျွန်​​တော်​တို့​တွေရဲ့ ရင်းနှီးမှုအနည်းအများကလည်း အကျိုးရှိ​စေရပါမယ်​။ အကျိုးရှိရှိရင်းနှီးကြရင်းနဲ့ ​ကောင်းမွန်​​သော သတင်းအချက်​အလက်​နည်းပညာများကို အသုံးပြုနိုင်​ကြပါ​စေ၊အသုံးချနိုင်​ကြပါ​စေလို့ ဆန္ဒပြုလိုက်​ပါတယ်​ဗျ။

Writer caesarsupaimin
MSC-025

Sort:  

သတင်းအချက်အလက်က အခုခေတ်မှာ ရွှေထက် တန်ဖိုးကြီးပါတယ်ဗျာ

ဟုတ်ကဲ့အကိုရေ သတင်းအချက်အလက်တွေ နေရာဒေသမရွေးကနေမှ ရယူစုဆောင်း ပီး အကျိုးရှိရှိပြန်အသုံးပြုလို့ရပါတယ်ဗျ။

This post has received a 1.56 % upvote from @drotto thanks to: @caesarsupaimin.

နည်းပညာ နဲ့ သတင်းအချက်လက်တွေကို တက်အားသမျှလေ့လာဖို့
အသိရလိုက်ပါတယ်...

ဟုတ်ပါတယ်ဗျ။ သတင်းအချက်အလက်တွေကို တိုးတက်နေတဲ့နည်းပညာတွေအသုံးပြုပီး အကျိုးရှိရှိအသုံးချရမှာပါဗျ။

အခုနောက်ပိုင်း လူတွေရဲ့အသိမှာကိုက နည်းပညာက အရေးပါလာပြီဆိုတာသိလာကြပြီထင်တာဘဲ

ဟုတ်ပါတယ်အကိုရေ

လေ့လာ​နေဆဲပါပဲဗျို့

ဟုတ်ကဲ့ လေ့လာတာမမှားပါဘူးဗျ။ ဘယ်ပညာရပ်မဆို။

နည်းပညာများကို အချိန်ရရင်ရသလိုလေ့လာဖြစ်ပါတယ်ဗျာ

ဟုတ်ကဲ့ဗျ။ ကျွန်တော်လည်း နည်းနည်းချင်းစီလေ့လာဖြစ်ပါတယ်ဗျ။

ကိုယ်တွေကတော့ နည်းပညာမတတ်လည်းမပူပါဘူး။ မသိတာရှိ ညေးတို့ လှမ်းမေးလိုက်မှာပေါ့။

တိန် ကောင်းပါ့အယ်ကိုရယ်။ နောက်ကျ ကိုယ်ဖိရင်ဖိကိုလာသင်ပေးအုံးမှာ ဟီး

IT ခေတ်ကြီးမှာ IT မတတ်လို့ကတော့...

IT ကို မကျွမ်းတောင် တတ်ထားမှအဆင်ပြေမယ်အကိုရေ

တစ်​​နေ့ထက်​ တစ်​​နေ့ နည်းပညာ​တွေက တိုးတက်လာတာ

ဟုတ်တယ်အကိုရေ လိုက်လို့ကိုမမှီတော့ဘူးဗျ

အချိန်ကိုအကျိုးရှိစွာအသုံးချစေချင်လို့သတိပေးတာမို့လားအယ်ဒိုလေးရ
Fbပွတ်ဟာသဖတ် Videoကြည့်နေရင် ဘေကုန်အချိန်ကုန်တာတော့အမှန်ပဲဗျာ နည်းပညာတွေနောက်ကိုလိုက်ပြီး လေ့လာလို့ ဘေကုန်အချိန်ကုန်ရင်တော့ ကိုယ့်အတွက် အကျိုးကျေးဇူးတွေရရှိမှာမလွဲဘူး
ကိုယ်တိုင်တော့မထွင်နိုင်ပေမယ့်
လိုက်လည်း မကလိနိုင်တာဆိုးတာ😁😁

တိန် ကိုကြီးကလည်း ကလိကြည့် မိုက်တယ်။ ကျွန်တော်တို့တူတူကလိကြမယ်လေ ဟီး

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64418.55
ETH 3157.64
USDT 1.00
SBD 4.06