အပင်မှဖြစ်သော

in #myanmar6 years ago (edited)

အပင်များမှ သက်ရှိ အကောင်လေးများ ဖြစ်သွားတတ်သည်ကို မြင်ဖူး တွေ့ဖူးကြသူများတော့ ရှားပါးလိမ့်မည် ထင်ပါသည် ။ ငယ်စဉ်အခါက အဖွား ပြောဖူးသော ထို အပင်များမှ မြွှေများ လိပ်ပြာများ ကျိုင်းကောင်လေးများ ဖြစ်သွားတတ်သည်မှာ ယုံဖွယ်ရာမရှိ တစ်ကယ်လဲ မယုံကြည်နိုင်ခဲ့ပေ ။ အဖွားကတော့ သူ့ခြံဝန်း အတွင်း ဖြစ်ပြီး ကိုယ်တိုင်တောင် ပဲလင်းမြွှေ အပင်ကနေ မြွှေတွေဖြစ်ချိန် ခြံထဲ မနေရဲဟု ဆိုလေသည် ။ ထို့နောက် ခရမ်းပင်မှ လဲ လိပ်ပြာများ ဖြစ်သည်ဟု ဆိုလေသည် ။ အဖေကတော့ အရွှက်မှာ ဥဥထားခဲ့လို့ အရွှက်ကနေ ဖြစ်တယ်ထင်နေတာဟူ၍ပြောပါသည် ။ တောတောင်ဝန်းကျင်တွင် နေထိုင်ရသူများအဖို့တော့ ထိုသို့ အပင်မှ သက်ရှိအကောင်လေးများ ဖြစ်တတ်သည်ကို မြင်တွေ့ရတတ်ပါသည် ။


butterfly.jpg
Image source

အရွှက်တွင်ဥဥထားပြီး ဖြစ်လာသော လိပ်ပြာများကို ငယ်စဉ်ကပင် သေချာစွာ ကြည့်ရှုလေ့လာ ဖြစ်ခဲ့သည် ။ သူတို့အကောင်ပေါက်ပုံမှာ တစ်မျိုးဖြစ်ပြီး အပင်မှ ဖြစ်သော အကောင်လေးများမှာ တစ်မျိုးဖြစ်သည် ။ ကျွန်တော် အသက် ရှစ်နှစ်ခန့်လောက်က သရက်ပင်တစ်ပင်မှ အဖွားပြောဖူးသည့် အတိုင်းပင် ဖြစ်လာသည် ။ ပိုးတုန်းလုန်းလေး ပိုးလောက်လန်းလေးမှ ဖြစ်လာသည်မဟုတ် ။ အရွှက်များ တွန့်လိမ်ကာ တစ်ဖြည်းဖြည်းဖြင့် လိပ်ပြာအသွင် ဖြစ်လာသည် ။ တစ်ဖြည်းဖြည်းအရောင် ပြောင်းလာပြီး သစ်ရွှက်ခြောက်အရောင်နှင့် ဆင်တူသော်လည်း သစ်ရွှက်ခြောက်ကဲ့သို့ မဟုတ်ပေ ။ ထိုထဲမှ တစ်ကောင်အား ထိုအချိန်က ဖြုတ်ယူသိမ်းထားမိသေးသည် ။ ယခုတော့ မရှိတော့ပါ ။

ထို့နောက် သစ်ပင်မှ လိပ်ပါများ ပုံစံပိုတူလာသည် အတောင်လေးများ တစ်ချက်တစ်ချက်ခပ်သည် ။ နောက်ပိုင်းမှာ လှုတ်ရွှလှုတ်ရွှဖြင့် အတောင်လေးများ တစ်ပင်လုံးခတ်ကာ အကိုင်းနှင့် ဆက်လျှက်ရှိနေသေးသည် ။ ထို့နောက်တစ်ဖြည်းဖြည်းချင်း အကိုင်းနှင့် ပြတ်သွားကာ လိပ်ပြာကောင်လေးများအသွင်ဖြင့် ပျံထွက်သွားကြပြီး အပင်မှာ သရက်ပင်ခြောက်ကြီး အဖြစ်ကျန်ရှိထားကာ သေဆုံးသွားပါတော့သည် ။ အပင်လုံးကျွတ်ထိုသို့ ဖြစ်ပါက အပင်သေသွားတတသည်က များပြီး မသေသည်များလဲ ရှိတတ်သည် ။ တစ်ခါတစ်ရန် တစ်ပင်လုံးမဖြစ်ပဲ အကိုင်းတစ်ကိုင်းထဲလဲ ဖြစ်တတ်သည် တစ်ကောင်စ နှစ်ကောင်စလဲ ဖြစ်တတ်သည်ဟု အဖွားကတော့ ဆိုခဲ့ဖူးပါသည် ။

IMG_20161031_163901.jpg

ထိုအချိန်တွင်တော့ အပင်မှ အကောင်ဖြစ်တတ်သည်အား လက်တွေ့ မြင်ဖူးရခြင်းဖြစ်လေသည် ။ ထိုလိပ်ပြာလေးအား မရှိတော့ပြီဖြစ်ပြီး ငယ်စဉ်က ဖုန်းမှာ လူချမ်းသာများပင် ကိုင်နိုင်သော ပစ္စည်းမဟုတ်သဖြင့် ပုံမတင်ပြနိုင်ပေ ။ သို့သော် ချုံနွယ်တို့မှ တစ်ဆင့် မြွှေဖြစ်လာခြင်းကိုတော့ တွေ့ရသည်မှာ နှစ်သိပ်မကြာသေးပါ ။ ထို့ပြင် ထိုဓါတ်ပုံတော့ ကျွန်တော့တွင် ရှိနေပါသေးသည် ။ မျြွှေ၏ အမြီးသည် နွယ်ပင် အရိုးနှင့် ဆက်လျှက် ရှိပြီး ထိုပုံရိုက်ပြီး သုံးရက်မှာပင် သွားလိုရာသို့သွားနိုင်ကာ ပျောက်ကွယ်သွားပါတော့သည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဇာတိ( ဥပပတ္တိဘဝ) ဇာတိဆိုတာက ဘဝတစ်ခုရတာ (ဝါ) ခန္ဓာအသစ်ဖြစ်ပေါ်တာ။ဇာတိ ပဋိသန္ဓေနေခြင်း(၄)မျိုးရှိပါတယ်။
၁။ဇလာဗုဇ= အမိဝမ်းခေါင်း သားအိမ်တွင်၌အောင်းရန် ပဋိသန္ဓေနေခြင်း။
၂=အဏ္ဍဇ ဥခွံအတွင်း၌ ပဋိသန္ဓေနေခြင်း။
၃=သံသေဒဇ သစ်အတွင်း ဝါးအတွင်း ရေညှိ သားပုပ် ငါးပုပ်တို့၌ မှီတွယ်၍ ပဋိသန္ဓေနေခြင်း။
၎=သြပပါတိက(ဝါ)ဥပပါတ် ပဋိသန္ဓေ နံရံ၏ ဒီဘက်မှ ဟိုဘက်သို့ ခုန်ချလိုက်သကဲ့သို့ ဖြစ်လေရာ ဘုံဌာနမှာ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်ကြီး ဗြုန်းခနဲဘွားခနဲ အထင်အရှားဖြစ်ပေါ်ခြင်း။

ဒါက သတ္တဝါဖြစ်တဲ့ အကြောင်းရင်းပေါ့ ဒိုမီရေးထားတဲ့ သတ္တဝါတွေက ၃ အတွင်းမှာပါတယ် ထူးဆန်းတယ်ပေါ့ သိပ္ပံပညာကလည်း ရှာဖွေဖော်ထုတ်ထားပါသေးတယ် ၁၀တန်း Bio မှာသင်ဖူးတယ် အပင်တွေ အနွယ်တွေကနေ သက်ရှိတွေ ဖြစ်လာတဲ့အကြောင်းပေါ့ တစ်နေ့ တော့ ဗုဒ္ဓရဲ့ တရားတော်တွေကို သိပ္ပံနည်းကျ လက်တွေ့ပြနိုင်မယ် ထင်ပါတယ် ကြိုးလည်းကြိုးစားနေပါတယ် ခုတော့ ဒီလောက်ပဲ ရှင်းပြတတ်သေးတယ်ကွယ်

‌လေးစားမိပါတယ်‌ဦးဇင်း။ဦးတင်‌ပါတယ်‌ဘုရား။

မှန်ပါ့ဘုရား မှတ်သားပါတယ်ဘုရား သံသေဒဇကို post ထဲမှာထည့်သေးဖို့စဉ်းစားပေမဲ့ အဲ့ဒီစာလုံး ကြားဖူးပြီး စာလုံးပေါင်း မသိနေလို့ဘုရား ။ လိုက်ရှာတာ ကိုယ့်စာလုံးမသိတော့ google ကလည်းမပြ ခုတော့ အရှင်ဘုရားမန့်ကြောင့်သိပါပြီ ကျန်တာတွေလဲ မှတ်သားအပ်ပါတယ်ဘုရား ။

ထူးဆန်းတာ‌လေး‌တွေဆို မြင်‌ဖူးချင်‌တာ။အထူးသ ဖြင့်‌ အဘိုးအဘွား‌တွေ ‌ပြောတာဆို ငယ်‌ငယ်‌ငြိမ်‌ပြီးနား‌ထောင်‌ ဖြစ်‌ခဲ့တာကို သတိရမိတယ်‌ကိုဒို‌ရေ။

တောရိပ်တောင်ရိပ်နီးတဲ့နေရာမို့ ဖြစ်တယ်ဘဲလား ထင်မိပါတယ် နောက်တော့မဟုတ်ပြန်ဘူး ဥတု အဟာရနဲ့ သန္ဓေနေရန် အကြောင်းတွေဆုံလို့ဖြစ်တ
်ဘဲလား သေချာတော့မပြောတတ်ဖူးအကို ကျွှန်တော်လဲ ကိုယ်တိုင်မြင်မှယုံတာ ။

အရွက်က ဖြစ်တဲ့အကောင်းလေးတွေ မြင်ဖူးတယ်
ပုံထဲက လိပ်ပြာလောက်တော့ လှတာ မတွေ့ဖူးသေးဘူး😁

ပုံထဲက လိပ်ပြာက ဒီတိုင်းရှာထည့်ထားတာ အကို တစ်ကယ့်လိပ်ပြာက အဲ့လောက်အရောင်မစုံဘူးအကို ။

   သည်
ငချစ် ငါသိဘူးသေချာရေးပြပါ

ငမ်း

အဲဒီလိုမျိုးတော့ မတွေ့ဖူးသေးတာအမှန်ပဲ ဒိုမီရေ

ကျွှန်တော် ထူးတာပေါ့နော် အကောင်သုံးမျိုးလောက်အဲ့ဒီလိုဖြစ်တာတွေ့ဖူးတယ် ။

ဒီတစ်ခါတွေ့ရင် ဗီဒီယိုမှတ်တမ်းတစ်ခု သေသေချာချာရိုက်ထားလိုက်ကွာ

ဟျောင့် နိဟာ ဟုတ်လို့လား ဟမ် မတ်မတ်ဖြင့် တခါမှ မမြင်ဖူးပါဘူး ဟာ 😱😱

အောက်က မြွှေပုံက အမှတ်အကန်ပါ ကျွှန်တော်ရိုက်တဲ့အချိန်က ရှာလေးဘဲ တစ်ချက်တစ်ချက် ထုတ်တုန်းရှိသေးတယ် အမြီးက သစ်ပင်ရိုးနဲ့ ဆက်ရက်ပါ ။ ဖုန်းက အကောင်းမဟုတ်တော့ သိပ်မကြည်ဘူး ။ မြင်ဖူးချင် တောထဲတောင်ထဲနေမှ ဖြစ်မယ် ဒါတောင် ဂရုတစိုက်ကြည့်တတ်မှ ။

ဒါတော့အခုမှသိတာပါ။သိသင့်သိထိုက်သော ဗဟုသုတဖြစ်ပါတယ်ခင်ဗျာ။သံသေဒဇ တဲ့ မှတ်သားထားပါ့မယ်။

ဟုတ်ကဲ့

နွယ်ပင်ကနေ နွယ်ရှင်ဖြစ်တာ မြင်ဖူးပါတယ် နွယ်သေးသေးလေးပါ ကြည့်လိုက်ရင် နွယ်ပင်ဘဲ ဒါပေမဲ့ အကောင်လို သွားပါတယ် မြန်မြန်တော့ မဟုတ်ဘူးပေါ့

နွယ်ရှင်က ကချင်ပြည်နယ်ထဲ ပေါပါတယ် သူ့အမျိုးအစားနဲ့သူပါ ဟိုးလိပ်ဆင်းတို့လို ရွှာဘက်ပိုင်းတောထဲတို့ ချောင်းဝတို့လိုထဲ တောဘက်တွေဆို အလုံးအကြီးကြီးတွေ ရှိတယ် တဲ့ အမရေ ။

လက်တွေ့မမြင်ဘူးသေးဘူးနက္ခတ္တရောင်ခြည်မှာနွေပဲသီးပင်ကနေသံသေဒဇမြွေသီးတာနဲ့ရွှေဖရုံပင်ကဖြစ်တာဖတ်ဖူးတယ်နွေပဲပင်နဲ့ရွှေဖရိုံပင်သက်တမ်း၅နှစ်ကျော်ဆိုသံသေဒဇမြွေသီးတယ်လို့ ဖတ်ခဲ့ဖူးတယ်

ဟုတ်လား ငါးနှစ်ကျော်အောင် ပဲပင်တွေ ဖရုံပင်တွေစိုက်ပြီး လက်ဆောင်လိုက်ပေးရမယ် ။

မြွေဖြစ်လာတာတော့ စိတ်ဝင်စားတယ်ဗျာ
ရှားပါး မှတ်တမ်းလေးပါပဲ

ဟုတ်ကဲ့ပါအကို

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 62480.78
ETH 3045.78
USDT 1.00
SBD 3.91