အခြားကမ္ဘာ

in #myanmar6 years ago (edited)

အဆုံးအစ မမျော်မှန်းနိုင်သော စကြာဝဠာကြီးအား မျော်ငေးကြည့်နေမိသည် ။ ကောင်းကင်တွင် ကြယ်များ ပြည့်နက်လျှက်ရှိလေသည် ။ ထို့နောက် အတွေးများမှာလည်း လွင့်ပျံလျက် ရှိပေသည် ။ ထိုကြယ်များဆီမှ အခြားသော နေရာတွင် သက်ရှိများ နေထိုင်လျှက်ရှိသော နေရာများ ရှိနေလိမ့်မည်လား ။ သက်ရှိများ ရှိနေသော နေရာ မည်မျှများပြားမည် ဆိုသည်ကို တွေးဆမရနိုင်အောင်ပင် ရှိလေသည် ။ ထိုနေရာများသို့ သွားလာရန်မှာလည်း ယနေ့ ခေတ် အချိန်အခါ အနေအထားအရ အလွှန်ပင် မဖြစ်နိုင်သော အရာတစ်ခု ဖြစ်လေသည် ။


world.jpg
Image source

တစ်ခြားတစ်နေရာတွင် ကျွန်တော်တို့ကဲ့သို့ လူသားများ နေထိုင်ရာ နေရာများ ရှိနေနိုင်လေသည် ။ ထိုနေရာမှလူများသည် ဘယ်လောက်တိုးတက်ကြပြီး ဘယ်လိုများ နေထိုင်ကြမည်နည်း ။ အလွန်တိုးတက် သော နေရာမှ လူများ ဂြိုလ်သားများ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကိုတော့ လာရောက်လည်ပတ်ကြခြင်းကို မတွေ့မြင်ဖူးသေးပါ ။ သို့သော် ဂြိုလ်သားများ UFO များနှင့် ဆက်စပ်လျှက်ရှိသော ပုံပြင်များကတော့ များစွာ ရှိနေကြပါသည် ။


eartth.jpg
Image source

ထိုသို့သော နေရာများအား သွားရောက်နိုင်လျှင်တော့ အလွှန်ထူးဆန်းသော ခရီးစဉ်များ ဖြစ်နေမည်ထင်ပါသည် ။ တစ်ကယ်လို့များ အခြားဂြိုလ်များသို့ သွားရောက်လည်ပတ်နိုင်သော အစွမ်း တန်ခိုးသာ ရှိလျှင် လိုက်ပတ်သွားကာ ဘယ်နေရာမှာ ဘယ်လိုရှိသည် ဆိုသည်ကို လိုက်လည်ကြည့်ရှုနေမိမည်ထင်ပါသည် ။ အလင်းနှစ်ပေါင်းများစွာကွာဝေးသော ထိုနေရာများသို့ သွားရောက်ဖို့ဆိုလျှင် ထိုသို့သော အစွမ်း တန်ခိုး ပိုင်ဆိုင်ထားမှသာလျှင် ဖြစ်ပေလိမ့်မည် ။ သွားရောက်နိုင်သည့် ယာဉ်များလဲ မရှိသေးသလို ရှိလာပါကလည်း နှစ်ပေါင်း ဘယ်လောက်ကြာအောင် သွားရမည်မှာ မသေချာသော အရာတစ်ခု ဖြစ်နေသည် ။

တန်ခိုးလေးဖြင့် စွပ်ဆို ရောက်သွားအောင် သွားလိုက်ရလျှင်ဖြင့် လူရိုင်းများဖြင့် လုံးဝတိုးတက်မှုမရှိသေးသော နေရာသို့ သွားလည်မည် ။ သူတို့တွေ ဘယ်လိုနေထိုင်ကြသည်ဆိုသည်ကို လက်တွေ့ကျကျ ထိုင်ကြည့်မည် ။ ယခုနေရာထက်များစွာ တိုးတက်နေသော နေရာများမှ အဆန်းတစ်ကြယ်တီထွင်ထားသော ပစ္စည်းများကိုလည်း သွားရောက်ပြီး အသုံးပြုကြည့်မည် ။ ခေတ်လွှန်ပစ္စည်းများကို လိုက်ပတ်ပြီး ကြည့်ရှုမည် ။ သို့သော် ယခုတော့ ထိုသို့ မပြုလုပ်နိုင်သေးပါ ကိုယ်နေထိုင်သည့် နေရာမှာပင် မြန်မာနိုင်ငံတောင် နှံ့အောင် မလည်ပတ်နိုင်သေးသည့် အဖြစ်အား ပြန်လည် တွေးမိရင်းပင် ကောင်းကင်ကြီးအား နောက်တစ်ကြိမ် ပြန်ငေးကြည့်ရင်း အိပ်ယာဝင်လိုက်ပါတော့သည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဒိုက​တော့....ဒို့က​တော့...ပုဇဉ်းဖင်​ကြားညှပ်​ပြီး
အင်္ဂါ ဂြိုလ်​ကို​နေ့ချင်း​ပေါက်​သွားလိုက်​ရမလား အဟပ်​ အဟပ်

သွားမလုပ်နဲ့ ဥယု ပုဇဉ်း တောင်ပံခတ်ရင် နေရခက်တယ်

ကြယ်‌‌ရောင်‌စုံတဲ့ ည‌တွေကြည့်‌မိရင်‌ ကိုယ့်‌ရဲ့ရပ်‌တည်‌မှုဟာ အစက်‌အေ ပြာက်‌‌လေး မျှသာလို့ ‌တွေးမိတယ်‌။

အယ်လဲ့ စကြာဝဠာကြီးရဲ့အလယ်မှာကိုယ်က လူတစ်ယောက် အက်တမ်လေးကိုရှာနေသည့်နှယ် ။

မမတော့ လျှပ်စစ်မီး မရှိပဲ နေနိုင်မယ်မထင်ဘူး 😁😁

လျှပ်စစ်မီးဒေ ရှိတဲ့ဆီသွားမယ်လေ ။

လူပျိုလူလွတ် ဘဝနဲ့ပဲနေ ချတင်းဈေးတွေ တတ်လာမှ ကမ္ဘာပတ်လို့ ရနေတာပဲဟာ အိမ်ထောင်ကျရင်တော့ ခြေချုပ်မိမှာ သေချာတယ်

ဟင့်အင်း နှစ်ယောက်အတူပတ်ပစ်မယ်ဘုရား

မြန်မာပြည်အနှံ့ခရီးသွားလိုက်ပါအုံးလေ

ဟုစ်ဟုစ် လမ်းစြိတ်လေး

အင်္ဂါဂြိုလ်သွားနေပါလားငဒို။ခုဆို အင်္ဂါဂြိုလ်က ငါတို့ဂြိုလ်လိုဖြစ်နေပြီးနော်

ဟုတ်လား ကုန်ကျစားရိတ်လေး စိုက်ပေးပါလေ ။

ဒိုဒိုကအ​တွေး​ကောင်းပါ့။

မလုပ်နဲ့လေ ခေါင်းတေလဲ ပွင့်တော့မျယ်

ဒစ်စကို ဗဲရီး ကြည့်မိပြီထင်တယ် ဒိုမီတစ်ယောက်တော့ နေအဖွဲ့အစည်းတောင် ဘာမှန်းမသိနိုင်သေးတာအေ ရန်ကုန်နဲ့ မန်းလေးတောင် အသွားအပြန်မလုပ်နိုင်သေးတာ အခြားကမ္ဘာဆိုတာကို မမျှော်လင့်ရဲပါဘူးလေ ☺

အဲ့ဒစ်စကိုဗဲရီးကြောင့် ရေးစြာရတွားဒယ် မဟုတ်ရင်များမလွှယ် ။

I am the lord of universe!

ခေတ်လွန်ဇာတ်ကားတွေကြည့်ရတာလည်း
တကယ့်အရသာတစ်မျိုးပဲ
UFOအကြောင်းတွေပေါ့

ဟုတယ် လန်းချက်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66258.39
ETH 3170.93
USDT 1.00
SBD 4.07