ရောင်ခြယ်နှင့် အလုပ်ရှင်များ

in #myanmar6 years ago (edited)

ရောင်ခြယ်ဟုဆိုလျှင် ဆေးသုတ်သည့် ကောင်လေး ဖြစ်သည်ကို အားလုံးက သိကြပါသည် ။ ရောင်ခြယ်သည် သူ့ အလုပ်သက်တမ်း များလာသည်နှင့်အတူ အတွေ့အကြုံသည်လည်း များသူဖြစ်ပြီး သူငယ်စဉ်က အလုပ်စလုပ်ခါစက ဆိုလျှင်လဲ ပေါက်ကရလုပ်တတ်သူ ဖြစ်လေသည် ။ လုပ်သက်ရင့်သည်ထိလဲ ပေါက်ကရများ လုတ်တတ်တုန်းဘဲ ဖြစ်ပါသည် ။ သူကြုံဖူး ဆုံဖူးသည့် အိမ်ရှင် အလုပ်သမားများလဲ များစွာ ရှိနေလေသည် ။ အချို့ ရက်ရောကြ၍ အချို့ စစ်စီကြသည် ။ အချို့ကတော့ စစ်စီသည် မဟုတ်ပေမဲ့ အလေအလွင့် မဖြစ်ရလေအောင် ဂရုစိုက်ကြသည် ။ အချို့မှာ သူတို့ကိုယ်တိုင်မတတ်သော်လည်း ဆရာကြီး လုပ်တတ်ကြသည် ။


paont.c
Image source

တစ်ခါက ရောင်ခြယ် အိမ်တစ်အိမ်တွင် ဆေးသုတ်ခိုက် အလွန် နှမျောတတ်သော အိမ်ရှင်မှာ အိမ်ကောင်းကောင်းလဲ ဖြစ်ချင်သည် အိတ်ထဲမှ ငွေတစ်ရာခန့် ထွက်မည်ပင် အလွန်စိုးရိမ်တတ်သူလည်း ဖြစ်သည် ။ ထိုသူ၏ အိမ်တွင် အလုပ်လုပ်ရခြင်းမှာ လည်းအခက်အခဲ တစ်ခုအား ရင်ဆိုင်ရသကဲ့သို့ ဖြစ်လေသည် ။ ကော်ပတ်များအား အပွေးကုန်သည်အထိ သုံးစွဲပေးရသည် ။ကော်ပတ်တွင် ဖြူဖြူအပွင့်လေး တစ်ပွင့် နှစ်ပွင့်ခန့်ပင်မကျန်စေလိုသူ ဖစ်ပြီး ထောင့်နားမှ လက်မဝက်ခန့် ကျန်သည်ကိုပင် မရမက ထိုကျန်ရှိသည့်နေရာဖြင့် ပွတ်ခိုင်းလေသည် ။ AA ကော်ပတ် ဆိုလျှင် ကော်ပတ်အစွမ်းမရှိတော့ကြောင်း သူမသိ မဲမဲလေးများ မြင်လျှင် သုံးရသေးသည် ထင်နေတတ်ကာ အပြောအဆို ခံရသေးသည် ။ Putty မကောင်းတော့ဘဲ ခဲနေသည့် အနည်းငယ်များကို ထုထောင်းကာ ထိုအမှုံ့များအား ပြန်သုံးဖို့ပေးရာ သုံးလလောက်နဲ့ ဆေးအကုန် စုတ်ပြတ်ပြီး ပြန်သုတ်ချင်ရင် သုံးပေးမည် ဖြစ်ကြောင်း ပြောလိုက်ရသည် ။ ထိုသို့သော နေရာမျိုးတွင် လုက်ကိုင်ရခြင်းမှာ အလွန်ခက်ခဲ၏ မသုံးသင့်သည်များနှင့် မရရအောင် ပြုလုပ်နေရသဖြင့် အချိန်ကြာ လူပင်ပမ်းပြီး အလုတ်မှာ သိပ်အဆင်မပြေလှပါ ။ ထို့ပြင် ထိုသူ၏ နှမျောမှုကြောင့် မိမိလုက်ထားသည်မှာ အကြမ်းမခံလျှင် နာမည်ပျက်ကိန်းပင် ဆိုက်ရသေးသည် ။

နောက်တစ်ကြိမ်တွင် ဆရာကြီး တစ်ပါး၏ အိမ်တစ်အိမ်တွင် လုပ်ရလေသည် ။ ထိုသူမှာ ဆေးသုတ်ဖူးသူ မဟုတ်သော်လည်း နေရာတစ်ကာတွင် ဆရာကြီး လုပ်လွန်းလှသည် ။ အလုပ်လုပ်ရသည်က တစ်မျိုး သူ့အား ပြန်လည်ပြောပြ ဖြေရှင်းနေရသည်က တစိမျိုးပင် ဖြစ်လေသည် ။ သို့သော် သူတို့မှာ ထိုသို့ပြောပြသည်အားမကြိုက်ကြပေ ။ နေရာတစ်ကာသို့လည်း လိုက်လန်ကြည့်ရှု၍ အနားတွင် ပူညံပူညံ လုပ်နေတတ်သည် ။ တံခါးထောင့်တွင် ပ်ရိုက်ထားသော နေရာကျိုကြား အတွင်းရှိ နေရာလေးမှ ပုရွှက်ဆိတ်တစ်ဝင်စာ နေရာကလေးပင် ထိုပုရွက်ဆိတ် ဝင်မည် စိုးပါသဖြင့် မရမက ပြန်လိုက်ပိတ်ပေးရသည် ။


get out
Image source

နောက်ထပ် အိမ်တစ်အိမ်တွင် ဖြစ်သည် ။ ရောင်ခြယ် ဆေးသုတ်နေသည် ။ ဆေးမှာ တစ်ထပ်ပြီး တစ်ထပ် ။ တစ်ထပ်နှင့် တစ်ထပ်ကြားတွင် သင့်လျှော်သော ကော်ပတ်ဖြင့် စားကာ ထပ်ရလေသည် ။ ရောင်ခြယ်သည်လည်း သူ့အလုပ်သူ ပုံမှန်လုပ်နေလေသည် ။ ထိုစဉ် ကုလားထိုင်ပေါ်မှ အသက်ခပ်ကြီးကြီး အိမ်ရှင်မှာ ထိုမြင်ကွင်းအား ဆက်လက် မကြည့်နိုင်တော့သည် ထင်ပါသည် ။ ထိုကုလားထိုင်မှ ထလာကာ လက်ညိုးငေါက်ငေါက်ထိုး၍ " ဟေ့ကောင် မင်း မလုက်တတ်ရင်လဲ ဆက်မလုပ်နဲ့တော့ကွာ ငါ့ ပစ္စည်းတွေ မင်းဖြုန်းပေါင်းများပြီ " ရောင်ခြယ် ကြောင်တောင်တောင် မျက်နှာငယ်လေးနှင့် ဖြစ်သွားကာ " ကျွှန်တော်ဘာလုပ်လို့လဲဟင် " ဟု မေးလိုက်လေသည် ။ " မင်း တစ်ခါသုတ်ပြန်ပြီ မှားသွားတာနဲ့ ကော်ပတ်နဲ့ တိုက်ဖျက်ပြန်ပြီ နောက်တစ်ခါ လုပ်ပြီး မှားပြန်ပြီ ပြန်ဖျက်ပြန်ပြီနဲ့ ငါဆေးဝယ်ရတာ တော်တော်များနေပြီ မင်းမသုတ်တတ်ရင် ဆက်မသုတ်နဲ့တော့ကွာ မင်းငါ့အိမ်က ထွက်သွားတော့ " တဲ့ ရောင်ခြယ် ဘာပြောရမည်မသိ ဘေးမှ လုပ်ဖော်ကိုင်ဖက်များမှ ဆေးသုတ်လျှင် ထိုသို့ သူ့အထပ်နှင့်သူ လုပ်ရကြောင်း ပြန်ရှင်းပြရသည် ။ ထို့ပြင် မယုံပါက တစ်ခြား သိတဲ့ ဆေးသုတ်တဲ့သူ ဘယ်သူ့ကိုမဆို မေးလို့ရပါသည် ဟု ဝင်ဖြေရှင်း ပြောပြရလေတော့သည် ။ ထိုသို့ပင် လူအမျိုးမျိုး စိတ်အထွေထွေ နေရာ တစ်မျိုးဖြင့် မရိုးနိုင်အောင် ကြုံတွေရတတ်လေသည် ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ကျွန်​​တော်​တို့ဆို အာ့လိုအမြဲကြုံရတယ်​ ကိုဒို

ဟုတ် အကို အောင်ကြီး အတွေ့အကြုံတွေလည်း ဝေမျှပါဦးဗျာ ။

ဟုတ်တာပေါ့ နားမလည်တဲ့သူအတွက်တော့ သူ့ပစ္စည်းဖြုန်းတီးတယ်ထင်တော့မှာပဲ

ဟုတ်တယ် နော့

ကိုယ်တေလည်းအဲ့လိုဆိုတော့ အိမ်ဆေးလာသုတ်ရင် မကြည့်ဘ့နေတော့မှ

မကြည့်နဲ့လို့ ပြောဘူးနော်

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71