ကြည့်ဖြစ်သော ဇာတ်လမ်းလေးများ (happy ghost - 3)

in #myanmar5 years ago

ဒီနေ့တော့ ပျင်းပျင်းရှိသည်နှင့် facebook ထဲမှ video လေးများ လိုက်လျှောက်ကြည့်ရင်းကနေ happy ghost ဆိုတဲ့ ဇာတ်လမ်းလေးတစ်ခုကို တွေ့မိလိုက်ပါသည် ။ တွေ့မိတာကတော့ ထိုဇာတ်လမ်းထဲမှ အနည်းငယ်ကိုသာ ပြန်လည်ပြထားခြင်း ဖြစ်လေသည် ။ လိုက်ရှာသည့် အခါ channel myanmar ကလည်း link က ပျက်နေလေပြီ ။ နောက်ပြီး အခြား နေရာများလဲ ရှာမတွေ့သဖြင့်facebook ထဲတွင် ဆက်လက်ရှာဖွေရာ တွေ့သော်လည်း happyghost 3 သာလျှင် ကြည့်လို့ အဆင်ပြေပါသည် ။ 4 ကတော့ စာတစ်လွှဲ ဇာတ်လမ်းက ရောက်သည့် နေရာ တစ်လွှဲဖြစ်နေလေသည် ။


happyghost 3s.jpg
Image source

ထို့ကြောင့် ကြည့်ဖြစ်သည့် happyghost 4 အကြောင်းလေး ပြောပြပါရစေ ။ ထွက်ရှိထားသည်မှာ ကြာပြီ ဖြစ်သဖြင့် ကြည့်ဖူးကြပြီးသား ဖြစ်ဖို့ များပါသည် ။ လူ့ဘဝမှာ ကလေးတစ်ယောက်အဖြစ် ပြန်လည် ဝင်စားမည့် ကောင်မလေး တစ်ယောက်နှင့် သရဲပျော်ဖြစ်ခဲ့ဖူးသည့် ကျောင်းဆရာရဲ့ အလွှဲလေးများကနေ စတင်ပါတယ် ။ လူဝင်စားဖို့ နှစ်ကြိမ်တိုင် ကျောင်းဆရာ၏ အလွဲများကြားတွင် လွှဲချော်ခဲ့ရသည်မို့ ထိုသရဲမလေးမှ အမျိုးမျိုး ဒုက္ခပေးပါတော့သည် ။


0.jpeg
Image source

ထိုသို့ ဒုက္ခပေးရာတွင် ဘယ်လိုတွေ ဖြစ်မည်လဲ ? ကျောင်းဆရာရဲ့ အလွှဲများနှင့် သစ္ဆေမလေးရဲ့ အစွမ်းများနှင့် ရယ်မော ပျော်ရွှင်ဖွယ် ပေါ့ပေါ့ ပါးပါး ခံစားနိုင်မည့် ဇာတ်လမ်းလေး တစ်ပုဒ်လည်း ဖြစ်ပါသည် ။ အရင် ဘဝက အဆိုတော် ဖြစ်ခဲ့ဖူးသည့် သရဲမလေး၏ တစ်လတာ နောက်ယှက်မှုများ ။ ကျောင်းဆရာ ရဲ့ဒုက္ခမျိုးစုံ အလွဲများတို့ကို ကြည့်ရှုနိုင်ပါသည် ။

ဇာတ်လမ်းမှာ Facebook တွင် ရိုးရိုး ကြည့်နိုင်ပြီး အကြည်တော့ မဟုတ်ပါ ။ အကြည် မဟုတ်သည့် အတွက် data လည်း များသည် မဟုတ်ပါ ။ အရမ်းကြီး ကြည်ကြည်လင်လင် မဟုတ်သော်လည်း ဖုန်းဖြင့် ကြည့်ရှုသူများအတွက်တော့ အဆင်ပြေပြေ အပမ်းဖြေနိုင်ပါသည် ။ ဇာတ်လမ်း download ဆွဲရန် link အား မပြောပြတော့ပါ ။ facebook search တွင် ရှာကြည့်ပါက အလွှယ်တကူ တွေ့မြင်နိုင်ပါသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

စွန့်စားခန်းတွေပါတဲ့ဇာတ်လမ်းလေးတွေ
ဟယ်ရီစင်ဖို့ ရဲ့ အင်ဒီရာနာဂျုံးအဲ့ဇာတ်ကားတွေ
မိုက်တယ်

ဟုတ်တယ် ဦးထွေး အရင်က အကုန် ရှာကြည့်ဖူးတယ် တစ်ကားကြည့်မိပြီးကြိုက်တာနဲ့ National treasure လဲ ကြိုက်တယ် ။ ခုတောင် avengers တွေကြည့်ပြီး နောက်တစ်ပိုင်း မျော်မိနေတာ ။

ကိုဒို‌ရေပြီးမှ ပြန်‌လာခဲ့မယ်‌‌နော်‌။

ဘာပြီးမှလဲဟင်

ဟိုဟာ‌လေ၊ဟီးး 7 to 9 ပါ။

ဟာ..တကယ်ဆို link,ပါ ပေးမှပေါ့ဟ ကြညိ့ချင်တယ်😁

Posted using Partiko Android

ဖေ့စဖုတ်မှာ ဒီတိုင်းရှာရပါဒယ်ဆို ။

အဲ့ဒီဇာတ်ကားက တရုတ်ကားမဟုတ်ဘူးလား ငါသိတဲ့ကားက တရုတ် နီဇာတ်ကားက ဘာကြီးတုံး

ကျွှန်တော့်ကားက ချိုင်းနား ကားပါ ။

စိတ်ဝင်စားတယ်။နောက်မှ အားရင်ရှာကြည့်ဦးမယ်။သရဲဟာသကားဆိုကြိုက်ပ။

Posted using Partiko Android

ဟုတ် မတ်မတ်

သရဲဟာသဆိုရင်‌‌တော့ကြိုက်‌တယ်‌ ၊‌ကြောက်‌စရာဆိုရင်‌‌တော့ မီး‌ကြောက်‌တယ်‌။

ရီစြာလေးဘာ

ဇာတ်ကားလေးကောင်းသားဘဲ ဒိုမီ

ဟုတ် မတ်မတ်

သရဲကားတွေတော့ ကြိုက်မိပါတယ်ဗျ

ရီစြာသရဲကားလေးတွေ အရမ်းကြိုက် ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86