MSC တွေ့ဆုံပွဲလေးသို့ - 1

in #myanmar6 years ago

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က MSC အဖွဲ့သားတို့၏ တစ်နှစ်ပြည့် တွေ့ဆုံပွဲကြီးသို့ သွားရောက်ဖြစ်ခဲ့သည် ။ တစ်ရွှေ့ရွှေ့ဖြင့် ရွှေကူဆိုသော နေရာမှထွက်ခွာရာ လမ်းတို့မှာလည်း ယခင်ကနှင့်မတူ တော်တော်များများ ကောင်းနေလေပြီ ။ နံနက်ခင်းအချိန်ရောက်တော့ ကိုကျော်စံထွန်း နှင့် စတင်တွေ့ဆုံလေသည် ။ ထို့နောက် ကွီးရွှေခေါ် ကိုညီညီဝင်း နှင့် ပြည့်စုံခင်ခင် မိသားစုနှင့် အတူ ပုဂံသို့ သွားကြမည်ဖြစ်သည် ။ ကိုကျော်စံထွန်းအား ကျွန်တော့်မှာ ပိန်ပိန်ပါးပါး ချပ်ချပ်ရပ်ရပ် သေးသေးဖြစ်လိမ့်မည်ဟု ထင်မိထားသော်လည်း တစ်ကယ်တမ်းတွေ့ရသော် ဝဝဖိုင့်ဖိုင့်ကြီး ဖြစ်နေလေသဖြင့် အံ့သြမိသေးသည် ။ ကိုရွှေနှင့်ပြည့်စုံတို့ကိုတော့ ဆုံဖူးပြီး ဖြစ်သဖြင့် မြင်သည်နှင့် မှတ်မိနေလေသည် ။

received_1062034607278568[1].jpeg

ကိုရွှေ ကျွန်တော်တို့ထံရောက်ပြီး မကြာမီမှာပင် ပြည့်စုံတို့ ရောက်လာသဖြင့် နေ့လည်ခင်းတွင် ပုဂံသို့ ဆက်လက် ခရီးထွက်ခဲ့ကြသည် ။ စကားတစ်ပြောပြောဖြင့် ပင်ပုဂံမြေသို့ တစ်ဖြည်းဖြည်း ရောက်လာကြသည် ။ ပြည့်စုံကတော့ ထုံးစံအတိုင်း oniline တွင် ပြောစရာ ကုန်သွားမည် ထင်၍လားမသိ ကျွန်တော်တို့ချဉ်း ပြောလာသည် ။ လူချင်းတွေ့ကြရသည်မှာ online တွင် တွေ့နေရသည်နှင့် များစွာ ခြားနားလှပေသည် ။ တွေ့ဆုံရန် မလွယ်ကူသော သူများကို steemit မှ မိတ်ဆွေများအဖြစ် မြင်တွေ့ရအောင် စွမ်းဆောင်ခဲ့လေပြီ ။ အရင်က သူများနိုင်ငံများမှ gathering များအား အားကျလာရာမှ ယခုအချိန်တွင် မိမိတို့ကိုယ်တိုင် တွေ့ဆုံနိုင်ပြီဖြစ်သည် ။

received_233632977286253[1].jpeg

ပုဂံသို့ ရောက်သည့်အချိန်တွင် ကိုယုဇန နှင့် စတင်တွေ့ဆုံရလေသည် ။ ပထမဆုံး online တွင် တွေ့စဉ်က ကောင်မလေး အထင်နှင့်မှားခဲ့သလို ယခုတစ်ကြိမ်တွင်လည်း အသက်ငယ်ငယ်လေး ထင်ခဲ့မိသည်မှာ မှားနေပြန်သည် ။ ကျွှန်တော်တို့ထက် နှစ်ပြန်သုံးပြန်ကျော်ခန့် ကြီးသော ဘကြီး ဦးယုနအား ပြောမှားဆိုမှားရှိခဲ့လျှင် ခွင့်လွှတ်ပါလုပ်ရသည် ။ ဦးယုဇနမှာ လူငယ်ကလေး အတိုင်းပင် လူငယ်များထက်ပင် သွက်လက်ဖျတ်လတ်သည် ။ ထို့အတူ အသက်ကြီးကြီး ထင်ထားသော်လည်း ငယ်နေသော သူများလဲ ရှိလေသည် ။ ကိုမိုးဇော်ကြီး ဆိုလျှင် အတော်ကြီးလှပြီ ထင်သော်လည်း နုနုငယ်ငယ်လေး ဖြစ်လျှက် နေလေသည် ။ အထင်နှင့် အမြင်သည် ကွဲလွှဲနေတတ်သည် ။ တစ်ခါတစ်ရန် မိမိအထင် နှင့် မတူညီသော အရာတို့သည် ရှိတတ်လေသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

#myanmar #steemit #gathering #life #story #history #happy #meting

Sort:  

ထန်းရေသောက်ပီး ပါးဖောင်းနေတဲ့ ဒုတ်မီးလေး အကြောင်းပါထည့်ရေးအုံးလေ

ပါးက အော်လဂျင်နယ် ဖောင်းတာပါဗျာ

တွေ့ဆုံပွဲ တောလားပေါ့လေ အရှည်ကြီးရေးကွာ။

ရှည်တော့ ရှည်ချင်တာပါဘဲဗျာ

ပျော်ပျော်ပါးပါး တွေ့ဆုံပွဲလေးပေါ့

ဒါပေါ့လေ ဒါပေါ့ဒါပေါ့ ကိုကို

ပြန်လည်တွေ့ဆုံကြမယ် သားရေ

ဟုတ် အကုန်လုံးကို သတိရနေဆဲပါ ။

ဟုတ်တယ် ဟုတ်တယ်
ထင်ထားသလို မဟုတ်တာတွေမှ အများကြီးရယ်
suprise တွေပေါ့

ဟုတ်တယ် suprise တွေ အများကြီး

တောင်ကြီး gathering ကတော့ မရောက်ရောက်အောင် လာမယ်လို့  အားခဲထားတယ် ဒိုမီရေ

တင်ပါ့ဘုရား အာ့လဲ ဝါတွင်းကြီး ဖြစ်နေမယ်ထင်တယ် ဟီး

အစက ကိုမိုး​ဇော်​ကို လူကြီးပိုင်း​ထင်​​နေတာ☺

ဟုတယ်နော့ ကွီးအောင်ကြီး

ရင်ခုန်လှုပ်ရှား msc အဖွဲ့ သားများ

ကိုထွေးရောလာမယ်ထင်နာပါဆို ။

ယုဇန ဆိုတော့ မိန်းခေးငယ်ငယ်လေး မှတ်နာ😁

ဟုတ်ပါရဲ့နော့်

ငါလေးက လှတယ်တော့

ဘယ်လို ရိုက်ရိုက် လှပြီးသားကိုး ဖြစ်နေတာပါအေ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99