မသိခဲ့တဲ့ အရာတစ်ခု (mobi)

in #myanmar6 years ago

ညသည်လည်း တစ်ဖြည်းဖြည်း နက်၍လာသည် ။ ဘာအကြောင်းရေးရမည်ကို ကောင်းကောင်းမသိသေး ။ ကိုယ်ကဘဲ ညံ့သည်ဆိုဆို သူများတွေကြား ရေပန်းစားနေခဲ့တဲ့ အရာတို့အားလဲ မသိခဲ့တာ ကြာပြီထင်ပါတယ် ။ ထိုထဲမှ တစ်ခုအကြောင်း ရေးလျှင် ကောင်းမည် အထင်နှင့် ရေးလိုက်ပါဦးမည် ။


mobi
Image source

facebook တွင် ဖြစ်ဖြစ် steemit တွင်ဖြစ်ဖြစ် btc wallet ထဲသို့ တစ်ရက်တစ်ရက် ဝင်ငွေများ အများအပြား ရရှိကြောင်း post များ တင်နေသည်ကို တွေ့မိပါသည် ။ သို့သော် ထိုအကြောင်းနှင့်လပတ်သက်၍ မည်သို့ ရသည်ကိုမူ မသိခဲ့ပါ ။ မသိရသည်မှာ ထိုအရာတွင် ref စနစ်မကပါသည်ကြောင့်လဲ ဖြစ်နိုင်သည် ။ ဒီနေ့တွင်တော့ မအိအိခိုင်ပြောပြသည်နှင့် ထိုအကြောင်းကို သိရှိခဲ့ပြီး mobi ဟုခေါ်သော application မှ ရရှိသည်ကို သိရှိခဲ့ရပါသည် ။ ထိုသို့ ရရှိရန်မှာလည်း account တစ်ခုလုပ်ကာ rise fall game လေးအား ဆော့ပြီး နိုင်လျှင် တစ်ရက်ကို 0.3 ခန့် ရလေသည် ။ 0.3 နှင့် ဝင်ငွေ များသလား ဟုဆိုလျှင် steemit account ကိုပင် ဆယ်ချီ ဖွင့်နိုင်သူများ ထို mobi လောက်တော့ အပျော့ account 50 အနည်းဆုံး ရှိကြပါသတဲ့ ။ သေချာပါသည် ကျွှန်တော်လဲ လုပ်နိုင်မည် မဟုတ်ပါ ။ သို့သော် ဘယ်ခေတ်မှာ ဘယ်လိုရှိတယ်လေး သိရအောင်တော့ ဝင်စုံစမ်းခဲ့ပါသေးသည် ။

steemit နှင့် တွေ့ထိပြီးသည်မှ စ၍ အခြားသော အရာများနှင့်လဲ ကင်းကွာနေခဲ့သည်မှာ ကြာခဲ့လေပြီဖြစ်ပါသည် ။ ခုတော့ ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ mobi အကြောင်းတော့သိခဲ့ရပါပြီ ။ သူများတွေ ရရှိသည့် ပေါ်မှာလဲ ဝမ်မြောက်မိပါသည် ။ ထိုစဉ် မအိအိခိုင်၏ steemit post တွေ့မိလိုက်သည် မှာ mobi နှင့် လမ်းခွဲခြင်း ဖြစ်ပါသတဲ့ ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အစ်​ကို​ပြောမှ သိ​တော့တယ်​ဗျာ .. ဟီး .. အ တယ်​​ပြော​ပြော .. steemit သုံးပြီး​နောက်​ပိုင်း online ​ငွေရှာနည်း​တွေနဲ့ ကင်းကွာလာတာ​တော့ တကယ်​ပဲဗျာ .. (အရင်​ကလည်း အကျွမ်းမဝင်​ပါ )😀

ဟုတ်တယ် steemit နဲ့တွေ့ပြီး ကျန်တာတွေ မသိသလောက် ဖြစ်သွားတယ်

အားလုံးပြီးဆုံးသွားပြီဇာတ်​လမ်း​လေး

အယ် သီချင်းစာသားလေးလားမသိ ။

အရင်ကတော့ ကိုဒိုမီရယ် online ငွေရှာနည်းတွေ စိတ်ဝင်စားခဲ့ပါသေးတယ် နောက်ပိုင်းမှာတော့ ကိုယ်ကမအူမလည်နဲ့မဖြစ်နိုင်ဘူးလို့ မြင်ကာ Steemit တစ်ခုနဲ့ဘဲ ဖြေးဖြေးချင်း ချီတက်နေပါတော့တယ်ဗျ

ကျွှန်တော်လဲ steem only ပါ ခည ။

ဒါကြောင့် လူပျိုကြီးဖြစ်တာ

အမ် ဘာဆိုင်လို့တုန်း

သူများထက်နောက်ကျလို့

တို့က‌တော့ Steemit ဘဲ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87