SMT အကြောင်း မျှော်ကြည့်ခြင်

in #myanmar6 years ago

HF 20 ပြီးဆုံးသွား သည့်နောက်တွင်တော့ Steemit ကြီးနှင့် အားလုံး နေသားတကျ ဖြစ်ပြီဟု ဆိုနိုင်ပါသည် ။ အားလုံးဆိုသည်မှာလည်း လက်ရှိကျန်ရှိနေသော လူအနည်းငယ်သာ ရှိမည်ထင်ပါသည် ။ Hf 20 ဖြင့် အသားကျပြီးနောက်တွင် ထွက်ပေါ်လာမည့် SMT များ အတွက် ရင်ခုန်စွာ စောင့်စားနေရတော့သည် ။ အချို့မှာ tokin ထုတ်ဖို့ပင် အဆင်သင့် အခြေအနေတွင် ရှိကြပြီး Dapps များ ထွက်ပေါ်လာရန် စောင့်ဆိုင်းနေကြသည် ။


smtsm.jpg
Image source

အချို့ကတော့ Dapps များပင် မပြီးဆုံးသေားသော်လည်း airdrop များကို စတင် ပြင်ဆင်နေကြပြီ ဖြစ်ကြသည် ။ ဥပမာ - Dtube မှလည်း 1up tokin များပြုလုပ်ဖို့ စီစဉ်နေပါပြီ ။ 1up tokin နဲ့ ပတ်သက်ပြီးကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိသေးပါဘူး သိကြသူများအနေဖြင့်လည်း မျှဝေပေးဖို့ တောင်းဆိုပါသည် ။ Steemhunt ကိုတော့ အားလုံးမှတ်မိလိမ့်မည် ထင်ပါသည် ။ steem power နှင့် 1:1 ပေး သွားပြီး ခုထိတော့ exchange ပြုလုပ်လို့ မရသေးပါဘူး ။

Steemhunt ကလည်း အစပိုင်း SMT ပုံစံကို ERC-20 နဲ့ ပြုလုပ်မည် ဆိုပေမဲ့ D-app တွေ ထွက်လာခဲ့ရင် SMT ထဲ ပြောင်းလာမလားမသိနိုင်ပါ ။ သို့သော် အများစုကတော့ SMT များထွက်လာခဲ့ပါက airdrop ပေးလာလျှင် 1:1 steem-power ဖြင့် ပေးလာလိမ့်မည်ဟုမှန်းထားကြပါသည် ။ အချို့ကတော့ RP ဖြင့် byteball တုန်းက ပေးခဲ့သလိုလဲ ဖြစ်နိုင်သည်ဟု ဆိုပါသည် ။ ထိုသို့မဟုတ်ဖဲ ရိုးရိုးလာသည်လည်းဖြစ်နိုင်ပါသည် ။ ထိုအရာများတွက် ကြိုတင်ခန့်မှန်းမှု များစွာ ရှိကြပြီး စောင့်ကြည့်ရဦးမည် ။


airdroppp.jpg
Image source

Steem-power ဖြင့် ၁း၁ ဆိုလျှင်ဖြင့် ကျွန်တော့မှာတော့ sp အနည်းငယ်သာ ရှိထားသူ ဖြစ်သဖြင့် တွေးပူရပြန်သေးသည် ။ power လေးများ အလျှင်အမြန်တက်ရန် ဆိုပြန်သော်လည်း ယခင်ကသာ ဒီထက်ကြိုးစားခဲ့ရင်ဟု တွေးမိပြန်သည် ။ သို့သော် ယခုအချိန်မှာ ကျပြန်တော့လည်း post ပင် မှန်မှန် မတင်ဖြစ်နိုင်သော ကိုယ့်ဖာကိုယ်လည်း အားမရ ဖြစ်မိသည် ။

မည်သို့ပင်ဖြစ်ပါစေ ယခုအချိန်တွင် ဈေးများ များစွာကျဆင်းနေ သော်လည်း SMT ထွက်လာမည့် အချိန်ကို စောင့်စားရင်းပေါ့ဗျာ ။ ဈေးကျနေခြင်းကလည်း steem-power စုဆောင်းခြင်းကို ပိုပြီး အကျိုးဖြစ်စေတယ် ဆိုရမလား ။ ကျတုန်းအချိန် ကျထားပါစေလေ ။ ဈေးတက်မလာတောင် SMT ထွက်လာသည့်အခါ ထိုကရသည်များ ရရှိနိုင်ပါသေးသည် ။ သို့သော် အသစ်ထွက်လာသော SMT ဈေးများမှာလည်း မည်သို့ ရှိနေမည် မသိနိုင်သေးပါ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ကိုဒိုကpowerနည်းတယ်‌ဆိုရင်‌‌တော့ ၊‌မောင်‌တို့ ဘယ်‌နား‌နေရပါ့။

ဒါပေမဲ့ အမှန်က နည်းနေတာပါဘဲလေ ။

စောင့်ရင်း မျှော်ရင်း စောက့်နေရုံပင်

Posted using Partiko Android

စောင့်ရင်း ပါဘဲ အကိုရေ ။

နေသားတကျသာဆိုတယ် တို့ တင်နေကျအုပ်စုလောက်ပဲဖြစ်တာ၊ ဈေးကောင်းလာမှ နောက်ကရှုံ့မဲ့မဲ့နဲ့ တရွတ်တိုက်လိုက်လာကြမယ်ထင်တယ်။

မရပါဘူး ဆရာ ခဏလောက်နဲ့ အလုပ်ဖြစ်တာမဟုတ်တာ ကျွှန်တော်တို့ နှစ်ပေါက်နေတာတောင် ဘာမှမဟုတ်သေး ။ဟ

ဆယ်သိန်းကျော် နဲလားဟ

မျှော်တော်ယောင်ဘဝကကျွတ်ချင်ပြီ 😁😁

ကျွှတ်ရပါ့မယ်ဗျာ တစ်ချိန်ချိန်တော့ ။

Sp မျက်​နှာငယ်​​လေးတစ်​​ယောက်​ပါ😊

ဘွတူဒေပါ သများတေ သိန်းချီနေတဲ့ sp လေးဒေ ကြည့်ရင်း ငေးရင်း ။

လာချင်ရာလာ မောင်ဘကြာပဲ ကြာချင်ရာကြာ စောင့်နေမှာပဲ ☺

စောင့်မှာဘဲ စောင့်မှာဘဲ့

အ​နော်​က​တော့ ဘာမှနားမလည်
သူများ​ဝေ့ ဆို ​ဝေ့လိုက်​ယုံပါ့
ဝေ့ ချိန်​ကျ ​ပြောအူး​နော့ ဝိုင်းရံ​ပေးမယ်

ချတ်ထားမလားဗျာ ဘယ်မပြောလို့ဖ်ြမတုန်း မသိတာသာ ရှိမယ် သိသမျှတော့ လက်တို့ပြီးသားဘဲ ။

နင်က sp နည်းသလားကွယ် ငါတို့များ ဘိုလုပ်ရပ
ကိုချစ်ရဲ့

တစ်ဖြည်းဖြည်း များလာမှာပါဗျာ ကျွှန်တော်တို့ ခြေရာခွက်လေးချဲ့လာတာ အိုက်သေးသေးလေးတောင်ဖြစ်နေပြီဘဲ ကန်တွေ အိုင်ကြီးတွေ ဆက်ဖြစ်အောင်လုပ်ရမှာပေါ့ဗျာ ။ ပင်လယ်ကြီးကိုတော့ စိတ်ကူးရင်းပေါ့ ။

မျှော်လင့်ရင်းနဲ့ဘဲ

Posted using Partiko Android

ဒပေါ့ဗျာ

ဟုတ်ကဲ့ နေသာမကျသေးသောလည်း ကျအောင်နေလျက်ပါ

Posted using Partiko Android

အယ်ခုထိကျသေးဘုယားဟင်

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14