Benefit of lack of Electricity (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

နွေရာသီနှင့် မီးသည် မိတ်ဖက်များ ဖြစ်၏။ နွေရောက်လျှင် မီးပျက်ခြင်းမှာ ညားခါစ လင်မယားတွေလို တပူးတွဲတွဲ ရှိလှ၏။ အသက်ရေ၊ အတူးရေ နှင့် သိပ်ချစ်လို့ နေကြတော့၏။ ပွင့်လင်းမြင်သာသည့် ခေတ်သို့ ရောက်လာပြီ ဖြစ်သဖြင့် မီးဖျက်မည့် အကြောင်းကိုတောင် အပြင်မှာကော၊ online (facebook) မှာပါ ကြော်ငြာပေး၏။ ယခင်တုန်းကတော့ မကြော်ငြာ၊ အသိမပေးဘဲ ဖျက်၏။ မည်သို့ပင်ဆိုစေ ယခင်ကလည်း မီးမလာ၊ ခုလည်း မီးမလာတာကတော့ အသေချာပင်။ အမှန်တရားပင်။ နောက်ကော ဟု မေးလျှင်တော့ ကျနော် မဖြေတတ်၊ မပြောတတ်တော့ပေ။

နွေမှာ မီးမမှန်၊ မီးပျက်ရသည့် အကြောင်းအရင်း ရှိ၏။ ကျနော်တို့ နိုင်ငံ၏ လျှပ်စစ် ထုတ်လုပ်မှုက ရေအား အပေါ်မှာ များစွာ မူတည်၏။ ထို့ကြောင့် နွေရာသီမှာ မြစ်ချောင်း၊ အင်း၊ အိုင်များ ရေခမ်းခြောက်၊ ရေနည်းသဖြင့် လျှပ်စစ် ထုတ်လုပ်မှု ပမာဏ လျော့နည်းသွား၏။ သုံးစွဲသည့် ပမာဏနှင့် ထုတ်လုပ်ပေးနိုင်သည့် ပမာဏ မမျှသည့် အခါမှာတော့ အချိန်ပိုင်း၊ အလှည့်ကြ မီးပေးခြင်း စနစ်ကို အသုံးပြုရတော့၏။ ထို့ကြောင့် မီးမမှန်ခြင်း ဖြစ်၏။ နိုင်ငံတွင်းမှာ မီးမမှန်ပေမယ့် အခြားတိုင်းပြည်များသို့ ကျနော်တို့ နိုင်ငံမှ လျှပ်စစ်ဓါတ်အားတောင် ရောင်းချပေးလိုက်သေး၏။

သဘောကောင်းသော၊ စေတနာကောင်းသော မြန်မာလူမျိုး မဟုတ်လား။ တဖက်တလမ်းက ကြည့်လျှင် ထိုရောင်းချမှုမှ နိုင်ငံခြား ၀င်ငွေရနိုင်သည် မဟုတ်လား။ နိုင်ငံ၏ ၀င်ငွေ တိုးလာမည့် ကိစ္စကို ဘယ်နိုင်ငံသူ၊ နိုင်ငံသားက မကြိုက်ဘဲ၊ သဘောမတူဘဲ နေမည်နည်း။ ထို့ပြင် မီးမှန်သဖြင့် ပြည်သူများ ဖယောင်းတိုင်၊ ဓါတ်မီး၊ အားသွင်း ဓါတ်မီးများကို ၀ယ်ယူ အသုံးပြုရ၏။ ဖယောင်းတိုင် ၀ယ်သုံးခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာပြီး ပြည်သူများ ပြည်တွင်းဖြစ်ကို အားပေးရကောင်းမှန်း၊ အားပေးလိုစိတ်များ နိုးကြားလာနိုင်သည် မဟုတ်လား။

တရုတ်ပြည်မှ တင်သွင်းသည့် ဓါတ်မီး၊ ဓါတ်အားသွင်းစက်များကို ၀ယ်ယူ အသုံးပြုရသဖြင့် ပြည်ပမှ သွင်းကုန်များ ပိုမိုတင်သွင်းရမည် မဟုတ်လား။ ဒါသည်လည်း ကောင်းသည့် အချက်ပင် ဖြစ်၏။ ထို့ပြင် မီးပျက်သဖြင့် ဖယောင်းတိုင်၊ ဓါတ်မီးများ ရောင်းချသူများ အဖို့ ယခင်ထက် ပိုမို ရောင်းကောင်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်များ ထပ်မံ ပေါ်ပေါက်လာနိုင်သည် မဟုတ်လား။

လျှပ်စစ်မီးကို မှီခိုပြီး အလုပ် လုပ်နေရသူများ အဖို့လည်း လျှပ်စစ်မီး ပြတ်တောက် နေချိန်များ၌ အနားယူခြင်း အမှုကို ပြုလာနိုင်၏။ အလုပ်ကိုပဲ ဖိလုပ်၊ မဲလုပ် နေသည့် ပြည်သူများကို နားစေချင်သည့် စေတနာကို မလေးစားပဲ မနေနိုင်အောင် ဖြစ်လှ၏။ မီးလာလျှင် အလုပ် လုပ်လိုက်၊ မီးပျက်လျှင် နားလိုက်လျှင် မည်မျှ အဆင်ပြေလှ သနည်း။ အဆိုပါ မီးသည် ကျနော် လူမှန်း သိတတ်စကတည်းက မမှန်ခြင်း ဖြစ်၏။ ကျနော် မမွေးခင်တုန်းက မှန်လား၊ မမှန်လားကိုတော့ ကျနော် မသိပေ။ (အမေ့ကို မေးကြည့် ရပေလိမ့်ဦးမည်။) နှစ် (၂၀)၊ နှစ် (၃၀) ထိ အနှီမီးသည် အလာ မမှန်ပေမယ့်၊ အပျက်မှန်၏။ မီးပျက်ခြင်းသည် ထူးခြား ဖြစ်စဉ် မဟုတ်ဘဲ မီးမှန်နေခြင်းကသာ ထူးခြားဖြစ်စဉ် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

မိုးတွင်းကျတော့ line fault ဖြစ်လို့ မီးပြတ်ရတာပါကွယ်။

Posted using Partiko Android

ဟုတ်ပ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11