Blood Donation (Final Chapter)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

သွေးလှူခြင်းနှင့် ပတ်သက်ပြီး ၀မ်းနည်းစရာ တကြိမ်သာ ရှိခဲ့ပေမယ့်၊ ကျန်သည့် အကြိမ်များတွင်တော့ ပျော်ရွှင်ခဲ့ရ၏။ ပီတိ ဖြစ်ခဲ့ရ၏။ လိုအပ်နေသူများကို မိမိသွေးပေးလှူလိုက်ခြင်းဖြင့် သူတို့ ပြန်လည် ကျန်းမာ သန်စွမ်းလာခြင်းသည် ဖော်ပြလို့ကို မရသည့် ၀မ်းသာမှုမျိုး ဖြစ်၏။ (၄) လ ပြည့်မှ ပြန်လှူလို့ ရမည် ဖြစ်သဖြင့် တခါတလေ သွေးလှူရှင် အသင်းက phone ဆက်လာသည့် အချိန်က (၄) လ မပြည့်သေးသည့် အချိန် ဖြစ်နေပါက အားနာနာနှင့်ပဲ ငြင်းရတော့၏။ ထို့နောက် မိမိ အသိထဲမှ အခြား သွေးလှူပေးနိုင်မယ့် သူငယ်ချင်း ရှာပေး၊ မေးပေးရ၏။

သွေးဆိုသည့် အမျိုးကလည်း ခပ်ကြာကြာ သိမ်းထားလို့ ကောင်းသည့် အရာမျိုး မဟုတ်ဘူးကိုး။ လိုသည့်အချိန်မှ ထုတ်ယူ၊ သွင်းမှ ကောင်းသည် မဟုတ်လား။ သွေးလှူခြင်းနှင့် ပတ်သက်ပြီး ဆင်ခြင်ရင် အမြဲ ပြောနေရသည့် အသိ သူငယ်ချင်း တယောက် ကျနော်တို့ အဖွဲ့ထဲမှာ ရှိ၏။ (၄) လ ပြည့်မှ တခါ လှူရမည် ဖြစ်ပေမယ့် တခါတလေ (၃) လနှင့်လည်း ထပြီး လှူလေ့ရှိ၏။ ဤသတင်းကို ကျနော် သိတာ့ သူ့ကို ခေါ်ပြီး ဆူမိ၏။ သူ့ ကျန်းမာရေး အတွက် ဖြစ်၏။ တပါးသူရဲ့ ကျန်းမာရေးကို ကူညီ စောင့်ရှောက်တာတော့ စောင့်ရှောက်တာပေါ့။ မိမိ ကျန်းမာရေးကိုလည်း ဂရုစိုက်မှ ရမည်လေ။ ကိုယ်က ရေရှည် လှူမယ် စိတ်ကူးထားရင် မိမိရဲ့ နေထိုင်မှုနှင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရပေလိမ့်မည်။

ထို့ပြင် အနှီ သူငယ်ချင်းက မွေးကတည်းက သတ်သတ်လွတ် စားသူ ဖြစ်၏။ ထို့ကြောင့် သူ့အတွက် ကျနော် တကယ်ပဲ စိတ်ပူ၏။ နောက်နောင် ထိုကဲ့သို့ ပြန်လှူလို့ ရသည့် ရက်၊ လ မပြည့်သေးပဲ မလှူရန် ပြောထားရ၏။ ထိုသို့ မလုပ်ရန်၊ မိမိ ကျန်းမာရေးကိုလည်း ဂရုစိုက်ရန် မနည်း ပြောယူထားရ၏။ ပြီးခဲ့သည့် ရက်ပိုင်းက ထိုသူငယ်ချင်း ဆေးရုံ တက်ရသည် ဆို၏။ နေမကောင်းဖြစ်လို့ ဆို၏။ (၁) ရက် လောက်ပဲ တက်ရတာဟုတော့ ကြား၏။ မည်သို့ပင် ဆိုစေ နောက်ရက်များ သူနှင့် တွေ့လျှင် ယခု ကိစ္စကို အကြောင်းပြပြီး ကျန်းမာရေးကို ဂရုစိုက်ရန် ပြောရ၊ မှာရဦးမည်။

FB_IMG_1548677693434.jpg

တက္ကသိုလ် ကျောင်းသား ဘ၀တုန်းကတော့ သွေးမလှူခဲ့ဖူးပေ။ ကျောင်းပြီးမှပဲ စတင် လှူဖြစ်ခြင်း ဖြစ်၏။ မှတ်မိနေသေး၏။ ကျောင်းမှာ စုပေါင်း သွေးလှူဒါန်းမှ လုပ်တုန်းကပေါ့။ ဆရာ၊ ဆရာများ၊ ကျောင်းသူ၊ ကျောင်းသား အမြောက်အများ သွေးလှူကြပေမယ့် ကျနော်အပါအ၀င် ကျနော်တို့ မေဂျာမှ ယောက်ျားလေးများ ကတော့ မလှူ ဖြစ်လိုက်ပေ။ ရှိတဲ့ ယောက်ျားလေးကလည်း (၄) ယောက်ထဲကိုး။ ဆရာမတဦးကတောင် နင်တို့ ယောက်ျားလေးတွေ သတ္တိလည်း မရှိကြဘူးတဲ့။ ဘာမှလည်း မဆိုင်ပေ။ ထို စဉ်က ကိုယ်တိုင် သွေးမလှူ ဖြစ်ပေမယ့် အခြား လိုအပ်သည့် အကူအညီများကိုတော့ ကူညီ လုပ်ကိုင်ပေးခဲ့၏။

သွေးလှူပြီး မူးလဲသည့် သူများလည်း ရှိ၏။ ထိုသူများကို အားဆေး (ပုလင်းကြီး) ပြန်ချိတ်ပေးရ၏။ လူကောင်းက လူနာ ပြန် ဖြစ်သွားခြင်းဟု ဆိုရမလားပဲ။

ထိုအချိန်ကတည်းက ကျနော်က အပ်ကြောက်သူ တဦး ဖြစ်၏။ ခုလည်း ကြောက်၏။ နောင်လည်း ကြောက်နေဦးမည် ဖြစ်၏။ ထို့ပြင် သွေးလည်း ဆက်လှူနေဦးမည် ဖြစ်၏။ အခြား လှူဒါန်းမှုများကိုလည်း ထိုက်သင့်သလောက် နိုင်သလောက် လုပ်နေဦးမည် ဖြစ်၏။ သို့ပေမယ့် ယခုအချိန်မှာ ငွေကြေးအားဖြင့်တော့ လှူဒါန်းမှု အများကြီး မလုပ်နိုင်သေးပေ။ တချိန်ချိန်မှာတော့ လုပ်နိုင်ဖို့ မျှော်လင့်၏။ ယုံလည်း ယုံကြည်၏။ လောလောဆယ်တော့ မွန်မြတ်သည့် သွေးအလှူကို ဆက်လက် လှူဒါန်းနေပါဦးမည်။

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 20000 upvotes. Your next target is to reach 25000 upvotes.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86