Cygnus FC (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Futsal ကန်ဖြစ်လာခဲ့တာ တော်တော်လေး ကြာလာခဲ့ပြီ ဖြစ်၏။ (၇) လလောက်ပင် ရှိတော့မည်။ ဒီအတိုင်း အပျော် ကန်နေခဲ့ရာမှ အသင်းနာမည်လေး ပေးပြီး အပျော်တမ်း အသင်းအနေနှင့် အပျော်တမ်း အသင်းလောက်တော့ ဖွဲ့သင့်သည်ဟု အတွေးဝင်မိ၏။ ဘာ နာမည် ပေးမလဲဆိုပြီး တိုင်ပင် ကြ၏။ တိုင်ပင် ဆိုပေမယ့် ကျနော့်ကိုပဲ စဉ်းစားခိုင်းကြတာပါပဲ။ ကျနော်က ဘောလုံးကန်ဖို့ လူစုပေးရာကနေ အလိုလို နေရင်း အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်လိုက်ကြ၏။ ထူးဆန်းပေစွ။

သူတို့နှင့် ကျနော်လည်း နာမည် (၂) ခု စဉ်းစားလိုက်၏။ Cygnus နှင့် Phoenix ။ Cygnus FC သို့မဟုတ် Phoenix United ဆိုပြီး အမည် (၂) ခုထဲက ကြိုက်ရာရွေးကြဖို့ ပြောတော့ အများစုက Cygnus FC ကို ရွေးကြ၏။ Cygnus သည် ငန်း အနွယ်ဝင် ငှက် တမျိုး ဖြစ်၏။ ဒဏ္ဍရီလာ အစဉ်အလာ ရှိသည့် ငှက်မျိုး ဖြစ်၏။ ထို့ပြင် သူ့နာမည်နှင့် ကြယ်စင်စုလည်း ရှိသေး၏။ Google မှာ ရှာကြည့်လိုက်ပါက အများကြီး တွေ့နိုင်၏။ ဆိုလိုတာက နှယ်နှယ်ရရ နာမည် အဟုတ်ကြောင်း ပြောပြလိုခြင်း ဖြစ်၏။

အသင်းနာမည် ပေးပြီးနောက် Jersy ချုပ်ဖို့ လုပ်ကြ၏။ အဖွဲ့ထဲမှ သူငယ်ချင်း တယောက်က sponsor ပေး၏။ အစောပိုင်း အသင်း နာမည် မပေးခင်တုန်းကလည်း jersy ချုပ်ဖြစ်သေး၏။ ထို Jersy မှာတော့ အသင်းနာမည် ကစားသမား နာမည် မပါပေ။ ယခု Jersy မှာတော့ အသင်းနာမည်၊ ကစားသမား နာမည်ပါ ပါ၏။ သို့နှင့် နာမည်တွေပေး၊ နံပတ်တွေ ရွေးကြပေါ့။ ထို Jersy လည်းနှင့် ဘောလုံးပွဲ တော်တော်များများတောင် ကန်ခဲ့ပြီး ဖြစ်၏။ ထိုသို့ ကန်လာရင်း futsal ကွင်းက ကျင်းပပေးသည့် ကံစမ်းမဲပွဲမှာ ကျနော်တို့ အသင်း ဆိုင်ကယ် ပေါက်၏။

IMG_20190606_134356.jpg

သို့နှင့် အမှတ်တရ ဖြစ်စေရန် နောက်ထပ် ဂျာစီ ထပ်ချုပ်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ ဒီတခါတော့ တရုတ်ဖြစ်နှင့် မချုပ်ဘဲ၊ ထိုင်း မိတ်နှင့် ချုပ်ဖို့ လုပ်ထား၏။ သို့နှင့် online မှာ လိုက်ရှာမိ၏။ တောင်ကြီးမှာက ထိုင်းမိတ် သိပ်မရှိလှပေ။ ဈေးကလည်း တော်တော်လေး ကွာတာကိုး။ ရှာရင်း ဖွေရင်းနှင့် M21 sport collection မှာ သွားတွေ့၏။ အက်ႌမ်ား discount ခ်ေပးထား၏။ ထိုင်းမိတ်၊ အသားကောင်းများ ဖြစ်၏။ သို့နှင့် ကျနော်တို့လည်း ထို အမျိုးအစားများထဲမှ အားလုံး ကြိုက်နှစ်သက်သည့် ဒီဇိုင်း တခုကို ရွေးပြီး အပ်လိုက်၏။ သူက အင်္ကျီကို ဆေးရိုက်ခြင်း မဟုတ်ဘဲ sticker ရိုက်ခြင်း ဖြစ်၏။

ဆေးရိုက်တာထက် ပိုဈေး ကြီး၏။ ပိုလည်း ကောင်း၏။ သို့နှင့် ကျနော်တို့လည်း မထူးဘူး တခါတည်း အကောင်းလုပ်မယ်ကွာ ဆိုပြီး ချကြတော့၏။ ဂျာစီဖိုးဆိုပြီး တယောက် ဘယ်လောက် ပြန်စုကြ၏။ လိုသည့် ငွေကို သူငယ်ချင်း တယောက်က စိုက်ထုတ် (sponsor) ပေး၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဂျာစီလေးတော့ ပို့လိုက်ပါလား 😂

ဂျာစီတွေမှာ နာမည်တွေတောင်ရိုက်ထားတယ်။တကယ့် ဘောလုံး သမားတွေလိုပဲ မိုက်တယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11