Do it Now (Chapter 2)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ထိုကလေးသည် မကြာမကြာ နေမကောင်း ဖြစ်၏။ ငယ်စဉ်က ဖြစ်ခဲ့သည့် TV ရောဂါ၏ နောက်ဆက်တွဲ ဖြစ်မည် ထင်၏။ ကြီးကြီးမားမားကြီး မဟုတ်ပေ။ ဒီအတိုင်း သာမန် အအေးမိပြီး ဖျားခြင်းမျိုး ဖြစ်၏။ သို့သော် ထိုကဲ့သို့ အနည်းငယ် လောက် နေမကောင်း ဖြစ်လျှင် သူ ကျူရှင် ပြတ်တော့၏။ တခါသားဆိုလျှင် အိပ်ပျော်နေသည် နိုးမရလို့ ဆိုပြီး ခွင့်တိုင်ဖူး၏။ အိပ်ပျော်သွားလျှင် လုံးဝ နိုးလို့ မရဟု သူ၏ အမေကတော့ ပြော၏။

နေ့လည် (၃) နာရီမှာ မြန်မာစာ သင်ပေးရခြင်းဖြစ်ပြီး၊ ည (၈) နာရီမှာတော့ Guide ၀င်ပေးရခြင်း ဖြစ်၏။ နေ့လည်း တခါတလေ ပြတ်၏။ ညလည်း မကြာမကြာ ပြတ်၏။ ပြတ်တိုင်းလည်း အထက်က အကြောင်းအရာများနှင့် ဖြစ်၏။ စာမေးပွဲ ဖြေဖို့က ဘယ်လောက်မှ မလိုတော့ပေ။ ကျနော်လည်း တတ်နိုင်သလောက်တော့ အကျိုးသင့် အကြောင်းသင့် ပြောပြ၏။ သို့သော် မထူးလှပေ။ ပြောလျှင်တော့ ပြုံးပြုံးနှင့် ခေါင်းညိတ်၏။ သူကား အေးပေလေး ဖြစ်၏။

အမေကလည်း ဘာမျှ သိပ်ပြီး မပြောဘူးဟု ထင်၏။ ငယ်စဉ်ကများ အလို လိုက်ထားမိလို့လားဟု တွေးစရာတော့ ရှိ၏။ သူ့ အမေမှာ ကျနော်နှင့် အခြား ဆရာ၊ ဆရာမများ (one by one သင်ပေးသော) ကို အားနာ ရသလို၊ ကျနော်တို့ကလည်း သူ့ အမေကို ပြန်ပြီး အားနာနေရ၏။ ကလေးက မှန်မှန် လိုက်မလုပ်သော်လည်း ကျူရှင်လခက မှန်မှန် ပေးနေရသောကြောင့် ဖြစ်၏။ one by one ဈေးက သာမန် section ဈေးများနှင့် မတူပေ။ ၇ ဆ ၈ ဆ လောက်ကို ပို၏။ section လိုက်တက်လျှင် တဘာသာကို တသောင်းလောက်သာ ပေးရသော်လည်း one by one ဈေးဆိုလျှင် (၈၀၀၀၀) မှ (၁၀၀၀၀၀) ထိ ပေးရ တတ်၏။

new-year-2019-greeting-card-with-calligraphy_1095-767.jpg
photo from Google

ည Guide ဆိုလျှင် တသိန်းခွဲလောက်ထိ ပေးရ၏။ မိဘက တတ်နိုင်နေလို့သာ တော်သေး၏။ ထိုမျှ ငွေများ အကုန်ခံပေးနေသော်လည်း ကလေး၏ ကြိုးစားအားထုတ်မှုက သာမန် ပင် မရှိပေ။ သာမန် အောက်ကိုပင် ရောက်နေ၏။ အဓိကက စိတ်မပါခြင်း ဖြစ်၏။ မိမိ သင်ခန်းစာ၊ မိမိ လုပ်နေရသည့် အလုပ်ကို စိတ်မ၀င်စားခြင်း ဖြစ်၏။ one by one သင်ခြင်း ဖြစ်သဖြင့် section တက်သည့် ကလေးများထက် စာလျှင် ပိုပြီး အခွင့်အလမ်း များသည် မဟုတ်လား။ သို့သော် သူအတွက်ကား မဟုတ်နေပေ။

ထိုကလေး ဘာကို တွေးနေသည်ကို ကျနော် စဉ်းစားမရပေ။ ခက်နေသည်က သူနှင့် ကျနော်သည နှစ်စကတည်းက သင်ခွင့်ရခဲ့ခြင်း မဟုတ်ပေ။ စာမေးပွဲ မဖြေခင် (၃) လလောက် လိုမှ သင်ရခြင်း ဖြစ်၏။ ထိုက်သင့်သလောက် ရင်းနှီးမှု မရသေးသဖြင့် သိပ်ပြီး မပြောလိုလှပေ။ ခပ်စောစော ဆုံပြီး၊ ခပ်များများသာ အချိန်ရခဲ့လျှင် ပိုပြီး ကောင်းပေလိမ့်မည်။ ယခုမူကား အတော်လေးကို ကသိကအောက်နိုင်၏။ စာမေးပွဲ ဖြေဖို့ကလည်း နီးနေပြီ သူကတော့ ခုထိ အေးတိအေးစက်ပင်။ လုံးဝကို အကြောက်အလန့် မရှိပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69965.85
ETH 3540.49
USDT 1.00
SBD 4.71